Kantharyar Centre
×

အိမ္ေထာင္ရွိ အမ်ိဳးသားတစ္ဦးနဲ႔ ခ်စ္ႀကိဳက္မိခဲ့တဲ့ အမ်ိဳးသမီးဟာ မ်က္ႏွာကို မမွတ္မိေလာက္ေအာင္ အ႐ိုက္ခံလိုက္ရတဲ့ ျဖစ္ရပ္ တ႐ုတ္ျပည္မွာ ျဖစ္ပြားခဲ့ပါတယ္။ ဖူးေယာင္ေနတဲ့ မ်က္ႏွာနဲ႔ သူမဟာ လမ္းေဘးၿခံဳပုတ္ထဲမွာ ထုိင္ရာကမထဘဲ ပုန္းေနခဲ့တာကို လူေတြက ဝုိင္းအံုၾကည့္႐ႈေနခဲ့ၿပီး အမ်ိဳးသားတစ္ဦးကေတာ့ ကူညီေပးဖို႔ ႀကိဳးစားခဲ့ပါတယ္။

တ႐ုတ္ႏုိင္ငံ ရွန္ေဒါင္းျပည္နယ္က လမ္းမေဘးမွာ သူမကိုျမင္ေတြ႔ခဲ့ရတာျဖစ္ၿပီး တ႐ုတ္လူမႈကြန္ရက္ Weibo မွာ သူမအ႐ိုက္မခံရခင္က ေခ်ာေမာလွပတဲ့ ဓာတ္ပံုကို ျပန္လည္ေဝမွ်သူေတြရွိခဲ့ပါတယ္။ သတင္းေတြရဲ႕ အဆိုအရ သူမခ်စ္သူရဲ႕ ဇနီးသည္က ေၾကးစားအမ်ိဳးသားေလးဦးကို ငွားရမ္းကာ ႐ိုက္ႏွက္ခိုင္းခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

အဲဒီေနာက္ အနားကလူတစ္ခ်ိဳ႕အကူအညီနဲ႔ သူမကိုေဆး႐ံုပို႔လိုက္ၿပီး ဒီကိစၥကို ရဲတပ္ဖြဲ႔က စံုစမ္းစစ္ေနၿပီျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

အိမ်ထောင်ရှိ အမျိုးသားတစ်ဦးနဲ့ ချစ်ကြိုက်မိခဲ့တဲ့ အမျိုးသမီးဟာ မျက်နှာကို မမှတ်မိလောက်အောင် အရိုက်ခံလိုက်ရတဲ့ ဖြစ်ရပ် တရုတ်ပြည်မှာ ဖြစ်ပွားခဲ့ပါတယ်။ ဖူးယောင်နေတဲ့ မျက်နှာနဲ့ သူမဟာ လမ်းဘေးခြုံပုတ်ထဲမှာ ထိုင်ရာကမထဘဲ ပုန်းနေခဲ့တာကို လူတွေက ဝိုင်းအုံကြည့်ရှုနေခဲ့ပြီး အမျိုးသားတစ်ဦးကတော့ ကူညီပေးဖို့ ကြိုးစားခဲ့ပါတယ်။

တရုတ်နိုင်ငံ ရှန်ဒေါင်းပြည်နယ်က လမ်းမဘေးမှာ သူမကိုမြင်တွေ့ခဲ့ရတာဖြစ်ပြီး တရုတ်လူမှုကွန်ရက် Weibo မှာ သူမအရိုက်မခံရခင်က ချောမောလှပတဲ့ ဓာတ်ပုံကို ပြန်လည်ဝေမျှသူတွေရှိခဲ့ပါတယ်။ သတင်းတွေရဲ့ အဆိုအရ သူမချစ်သူရဲ့ ဇနီးသည်က ကြေးစားအမျိုးသားလေးဦးကို ငှားရမ်းကာ ရိုက်နှက်ခိုင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနောက် အနားကလူတစ်ချို့အကူအညီနဲ့ သူမကိုဆေးရုံပို့လိုက်ပြီး ဒီကိစ္စကို ရဲတပ်ဖွဲ့က စုံစမ်းစစ်နေပြီဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top