Property Expo
×

သက္လတ္ပိုင္းအရြယ္တြင္ အတန္အသင့္ အားစိုက္ရေသာ ကိုယ္လက္လႈပ္ရွားမႈမ်ား ျပဳလုပ္ျခင္းေၾကာင့္ သက္ႀကီးပိုင္းအရြယ္ တြင္ မွတ္ဉာဏ္ပိုေကာင္းႏိုင္ေၾကာင္း ေလ့လာမႈအသစ္တစ္ခုအရ သိရသည္။

သို႔ေသာ္ ကိုယ္လက္လႈပ္ရွားမႈအတုိင္းအတာကို တိုးျမႇင့္ျခင္း ျဖင့္ မွတ္ဉာဏ္ကာကြယ္ေရး အက်ိဳးေက်းဇူးမ်ားကို ပိုမ်ားလာေစ ျခင္း မရွိဟု ဖင္လန္ႏိုင္ငံ ဟယ္လ္ဆင္ကီတကၠသိုလ္မွ သုေတသီမ်ား က ေျပာသည္။

ဖင္လန္ႏိုင္ငံႏွင့္ ကမၻာတစ္၀န္းတြင္ သက္ႀကီးရြယ္အုိမ်ားၾကား မွတ္ဉာဏ္ဆံုး႐ံႈးမႈႀကံဳေတြ႕ရျခင္းမ်ား ပိုမ်ားလာသည္။

ေသြးတုိးေရာဂါ၊ ကိုလက္စထေရာ ျမင့္မားျခင္း၊ အ၀လြန္ျခင္း၊ ဆီးခ်ိဳေရာဂါႏွင့္ ကိုယ္လက္လႈပ္ရွားမႈမရွိျခင္းတို႔ေၾကာင့္ အသက္ ႀကီးလာလွ်င္ မွတ္ဉာဏ္ဆံုး႐ံႈးမႈျဖစ္ႏိုင္သည့္ အႏၲရာယ္ျမင့္မား သည္။

အရက္အလြန္အကြၽံေသာက္ျခင္း၊ ေဆးလိပ္ေသာက္ျခင္းတို႔ ေၾကာင့္လည္း သက္ႀကီးပိုင္းအရြယ္တြင္ မွတ္ဉာဏ္ဆံုး႐ံႈးမႈ ႀကံဳေတြ႕ ႏိုင္သည္။

အသက္အရြယ္ အိုမင္းလာျခင္းႏွင့္ ဆက္စပ္ေသာ မွတ္ဉာဏ္ ဆံုး႐ံႈးမႈမ်ားကို ကိုယ္လက္လႈပ္ရွားမႈ ျပဳလုပ္ျခင္းျဖင့္ ကာကြယ္တား ဆီးႏိုင္ေၾကာင္း မၾကာေသးမီက ေလ့လာမႈမ်ားကလည္း ေဖာ္ျပ ထားသည္။

ကိုယ္လက္လႈပ္ရွားမႈ မရွိေသာ ေနထိုင္ပံုမ်ားေၾကာင့္ မွတ္ ဉာဏ္ဆံုး႐ံႈးႏိုင္သည့္ အႏၲရာယ္ သိသိသာသာ ျမင့္မားေၾကာင္း Alzheimer ေရာဂါဂ်ာနယ္တြင္ ေဖာ္ျပထားသည္။

အသက္မ်ားစြာ မႀကီးေသးေသာ အရြယ္တြင္ မွတ္ဉာဏ္ဆံုး ႐ံႈးမႈ ႀကံဳေတြ႕ရျခင္း ေလ်ာ့နည္းသြားပံုေပၚေသာ္လည္း မွတ္ဉာဏ္ ဆံုး႐ံႈးမႈ ႀကံဳေတြ႕ရသူ အေရအတြက္ ပိုမ်ားလာမည္ဟု ေမွ်ာ္လင့္ ေၾကာင္း သုေတသီမ်ားက ေျပာသည္။

သို႔ေသာ္ မွတ္ဉာဏ္ဆံုး႐ံႈးမႈကို ကာကြယ္ႏိုင္ရန္ လုပ္ေဆာင္ရ မည့္ ေလ့က်င့္ခန္း အမ်ိဳးအစားႏွင့္ အတိုင္းအတာတို႔ကိုမူ ယခုေလ့ လာမႈတြင္ ေဖာ္ျပထားျခင္း မရွိေပ။

မွတ္ဉာဏ္ေလ်ာ့နည္းလာျခင္းမွေန၍ အသက္အရြယ္ ႀကီးလာ စဥ္ ဇရာႀကိဳေရာဂါ ျဖစ္ေပၚလာႏိုင္သည္။

မွတ္ဉာဏ္ဆံုး႐ံႈးမႈကို ကုသရန္ နည္းလမ္းမရွိေသာေၾကာင့္ ကိုယ္လက္လႈပ္ရွားမႈ ပံုမွန္ျပဳလုပ္ၿပီး ယင္းအေျခအေန ျဖစ္ေပၚႏိုင္ ေသာ အႏၲရာယ္မ်ားကို ေလွ်ာ့ခ်ျခင္းျဖင့္ ႀကိဳတင္ကာကြယ္ျခင္းမွာ အေကာင္းဆံုးနည္းလမ္း ျဖစ္သည္ဟု သုေတသီမ်ားက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit :  7Day Daily


#Unicode Version

သက်လတ်ပိုင်းအရွယ်တွင် အတန်အသင့် အားစိုက်ရသော ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ခြင်းကြောင့် သက်ကြီးပိုင်းအရွယ် တွင် မှတ်ဉာဏ်ပိုကောင်းနိုင်ကြောင်း လေ့လာမှုအသစ်တစ်ခုအရ သိရသည်။

သို့သော် ကိုယ်လက်လှုပ်ရှားမှုအတိုင်းအတာကို တိုးမြှင့်ခြင်း ဖြင့် မှတ်ဉာဏ်ကာကွယ်ရေး အကျိုးကျေးဇူးများကို ပိုများလာစေ ခြင်း မရှိဟု ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီတက္ကသိုလ်မှ သုတေသီများ က ပြောသည်။


ဖင်လန်နိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် သက်ကြီးရွယ်အိုများကြား မှတ်ဉာဏ်ဆုံးရှုံးမှုကြုံတွေ့ရခြင်းများ ပိုများလာသည်။

သွေးတိုးရောဂါ၊ ကိုလက်စထရော မြင့်မားခြင်း၊ အဝလွန်ခြင်း၊ ဆီးချိုရောဂါနှင့် ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းတို့ကြောင့် အသက် ကြီးလာလျှင် မှတ်ဉာဏ်ဆုံးရှုံးမှုဖြစ်နိုင်သည့် အန္တရာယ်မြင့်မား သည်။

အရက်အလွန်အကျွံသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းတို့ ကြောင့်လည်း သက်ကြီးပိုင်းအရွယ်တွင် မှတ်ဉာဏ်ဆုံးရှုံးမှု ကြုံတွေ့ နိုင်သည်။

အသက်အရွယ် အိုမင်းလာခြင်းနှင့် ဆက်စပ်သော မှတ်ဉာဏ် ဆုံးရှုံးမှုများကို ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းဖြင့် ကာကွယ်တား ဆီးနိုင်ကြောင်း မကြာသေးမီက လေ့လာမှုများကလည်း ဖော်ပြ ထားသည်။

ကိုယ်လက်လှုပ်ရှားမှု မရှိသော နေထိုင်ပုံများကြောင့် မှတ် ဉာဏ်ဆုံးရှုံးနိုင်သည့် အန္တရာယ် သိသိသာသာ မြင့်မားကြောင်း Alzheimer ရောဂါဂျာနယ်တွင် ဖော်ပြထားသည်။

အသက်များစွာ မကြီးသေးသော အရွယ်တွင် မှတ်ဉာဏ်ဆုံး ရှုံးမှု ကြုံတွေ့ရခြင်း လျော့နည်းသွားပုံပေါ်သော်လည်း မှတ်ဉာဏ် ဆုံးရှုံးမှု ကြုံတွေ့ရသူ အရေအတွက် ပိုများလာမည်ဟု မျှော်လင့် ကြောင်း သုတေသီများက ပြောသည်။

သို့သော် မှတ်ဉာဏ်ဆုံးရှုံးမှုကို ကာကွယ်နိုင်ရန် လုပ်ဆောင်ရ မည့် လေ့ကျင့်ခန်း အမျိုးအစားနှင့် အတိုင်းအတာတို့ကိုမူ ယခုလေ့ လာမှုတွင် ဖော်ပြထားခြင်း မရှိပေ။

မှတ်ဉာဏ်လျော့နည်းလာခြင်းမှနေ၍ အသက်အရွယ် ကြီးလာ စဉ် ဇရာကြိုရောဂါ ဖြစ်ပေါ်လာနိုင်သည်။

မှတ်ဉာဏ်ဆုံးရှုံးမှုကို ကုသရန် နည်းလမ်းမရှိသောကြောင့် ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပြီး ယင်းအခြေအနေ ဖြစ်ပေါ်နိုင် သော အန္တရာယ်များကို လျှော့ချခြင်းဖြင့် ကြိုတင်ကာကွယ်ခြင်းမှာ အကောင်းဆုံးနည်းလမ်း ဖြစ်သည်ဟု သုတေသီများက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit :  7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top