Property Expo
×

လက္သည္းကို မကိုက္ရမေနႏုိင္ေလာက္ေအာင္ အက်င့္စြဲကပ္ေနၿပီဆုိပါက အျမန္ဆံုးေဖ်ာက္ဖ်က္ပစ္ဖို႔ႀကိဳးစားသင့္တယ္။ လက္သည္းကိုက္တတ္တဲ့အက်င့္ဟာ မေကာင္းတဲ့အက်င့္၊ အက်င့္ဆိုးတစ္ခုလို႔ေတာင္ ဆုိလို႔ရပါတယ္။ ဒါေပမယ့္ ကိုယ္ရည္ကိုယ္ေသြးကိုထိခုိက္ေစတဲ့ အက်င့္ဆိုးေတာ့ မဟုတ္ပါဘူး။ မိမိက်န္းမာေရးကို မိမိဘာသာထိခိုက္ေအာင္ ေန႔စဥ္လိုလိုလုပ္ျဖစ္ေနတဲ့အတြက္ က်န္းမာေရးမေကာင္းေစတဲ့ အက်င့္ဆိုးျဖစ္ပါတယ္။

လက္သည္းေလးကိုက္႐ံုေလာက္နဲ႔ က်န္းမာေရးကို ႀကီးႀကီးက်ယ္က်ယ္ မထိခိုက္ေစႏုိင္ဘူးလို႔ မမွတ္ယူသင့္ပါ။ လက္သည္းကိုက္ျခင္းဟာ ျပင္ပမွ ဘက္တီးရီးယားပိုးေတြ၊ ဗုိင္းရပ္စ္ပိုးေတြ ခႏၶာကိုယ္ထဲ၀င္ေရာက္ေစႏိုင္ေအာင္ လမ္းဖြင့္ေပးလိုက္တာျဖစ္သလို လက္သည္းရွည္ေစတဲ့ တစ္သွ်ဴးေတြကိုပ်က္စီးေစတာေၾကာင့္ လက္သည္းေလးေတြက တံုးတိေလးေတြျဖစ္ေနတတ္ၿပီး လက္သည္းပံုသ႑ာန္မေပၚေတာ့ဘဲ လက္သည္းခြံနဲ႔လက္သည္းခြံေအာက္ကအသားဟာ တသားတည္းလိုလိုျဖစ္ကာ လက္သည္းနားတစ္၀ိုက္ အေရျပားေတြနာက်င္ေနတတ္ပါတယ္။ ဒါေၾကာင့္က်န္းမာေရးကိုသာမက လက္သည္းအလွကိုပါ ပံုပ်က္ေစတဲ့ လက္သည္းကိုက္တတ္တဲ့ အက်င့္ကိုေလ်ာ့ပါးလာေစဖုိ႔ ေဖ်ာက္ဖ်က္ပစ္ႏုိင္ဖို႔ စြဲေနတဲ့အက်င့္ကို ခ်ိဳးႏွိမ္ႏုိင္ေအာင္ႀကိဳးစားသင့္ပါတယ္။ ကိုယ့္ရဲ႕လက္သည္းကိုက္တတ္တဲ့အက်င့္ကို စြန္႔လႊတ္ဖို႔ဆံုးျဖတ္ထားၿပီးၿပီဆုိရင္ေတာ့ သင့္ဆံုးျဖတ္ခ်က္ကိုခိုင္မာေစဖို႔အတြက္ ေအာက္ပါအခ်က္ေလးေတြက အေထာက္အကူျပဳေပးပါလိမ့္မယ္။

1. လက္သည္းရွည္ေနေလ လက္သည္းကိုက္ခ်င္စိတ္ေပၚလာေလျဖစ္တာေၾကာင့္ လက္သည္းကိုဘယ္ေတာ့မွရွည္လာတဲ့အထိ မထားသင့္ပါ။ လက္သည္းညႇပ္ျဖင့္ လက္သည္းကိုေသေသသပ္သပ္ညႇပ္ပါ။

2. ခါးသက္သက္အရသာရွိတဲ့ လက္သည္းဆိုးေဆးကိုဆိုးပါ။ ၎လက္သည္းဆိုးေဆးဟာ လက္သည္းကိုက္သူေတြ လက္သည္းကိုက္ခ်င္စိတ္ပ်က္ျပယ္သြားေအာင္ လုပ္ေဆာင္ေပးႏုိင္တဲ့ အလြယ္တကူ၀ယ္ယူရရွိႏုိင္ၿပီး ဆရာ၀န္ၫႊန္ၾကားခ်က္မလိုတဲ့ လက္သည္းဆိုးေဆးျဖစ္တာေၾကာင့္ ယံုၾကည္စိတ္ခ်စြာအသံုးျပဳႏုိင္ပါတယ္။

3. လက္သည္းအလွျပင္ပါ။ လက္သည္းအလွပံုေဖာ္ထားတဲ့အတြက္ လက္သည္းကိုက္ဖို႔စိတ္ကူးေရာက္သြားမယ္ဆုိရင္ေတာင္ စိတ္ကူးကိုျပန္႐ုပ္သိမ္းလိုက္ႏိုင္ပါတယ္။ လက္သည္းပံုမေဖာ္ျဖစ္ရင္ေတာင္ လက္သည္းအတုတပ္ကာဒါမွမဟုတ္ လက္အိတ္စြတ္တာတို႔လုပ္ေဆာင္ပါ။

4. လက္သည္းကိုက္ခ်င္စိတ္အားျပင္းထန္လာခ်ိန္မွာ လက္ျဖင့္ကိုင္တြယ္လုပ္ေဆာင္ရမယ့္အလုပ္ေတြကို မနားတမ္းလုပ္ေနပါ။ ယင္းကဲ့သို႔ အလုပ္ႏွင့္လက္ႏွင့္မျပတ္တမ္းလုပ္ေနျခင္းေၾကာင့္ သင့္လက္ကသင့္ပါးစပ္နားေရာက္ေစဖို႔ အခြင့္အလမ္းမရေစေတာ့ပါဘူး။

5. ဘယ္လိုအေၾကာင္းအရာေတြက သင့္ကိုလက္သည္းကိုက္ခ်င္စိတ္ျဖစ္ေစသလဲဆိုတာနဲ႔ပတ္သက္ၿပီး ကိုယ့္ကိုယ္ကိုစူးစမ္းေလ့လာပါ။ ဥပမာစိုးရိမ္ပူပန္တာေၾကာင့္၊ စိတ္ဖိစီးတာေၾကာင့္၊ ပ်င္းရိတာေၾကာင့္၊ လက္သည္းအစြယ္ေတြထြက္ေနတာေၾကာင့္ စတဲ့အေၾကာင္းရင္းေတြေၾကာင့္ လက္သည္းကိုက္လိုစိတ္ေတြျဖစ္လာသလားဆိုတာကို သတိျပဳၿပီး မိမိအားထုိအေၾကာင္းအရာေတြက လက္သည္းကိုက္လိုစိတ္ျဖစ္ေစတယ္ဆိုပါက ၎ကဲ့သို႔အေျခအေနမ်ိဳးနဲ႔ၾကံဳေတြ႕ရတဲ့အခ်ိန္မွာ လက္သည္းမကိုက္မိေစဖို႔စိတ္ကိုႀကိဳးစားထိန္းခ်ဳပ္ပါ။

6. လက္သည္းကိုက္တတ္တဲ့အက်င့္ကို ျဖည္းျဖည္းခ်င္းေဖ်ာက္ယူပါ။ လက္မရွိ လက္သည္းကို ကိုက္တတ္တဲ့အက်င့္ကိုဦးဆံုးေဖ်ာက္ၿပီး ေနာက္လက္ညႇိဳး၊ လက္ခလယ္ စသျဖင့္လက္တစ္ေခ်ာင္းခ်င္းစီအလိုက္ လက္သည္းကိုက္တတ္တဲ့အက်င့္ကို စြန္႔လႊတ္ႏုိင္ေအာင္တျဖည္းျဖည္းခ်င္းႀကိဳးစားပါ။ တကယ္လို႔ သင္ႀကိဳးစားေပမယ့္လည္း အက်င့္ကိုေဖ်ာက္ဖ်က္ပစ္လုိ႔မရႏုိင္ျဖစ္ေနပါက စိတ္ပိုင္းဆိုင္ရာမွာတစ္စံုတစ္ခု ခ်ိဳ႕ယြင္းေနျခင္းနဲ႔သက္ဆုိင္တာေၾကာင့္ ဆရာ၀န္နဲ႔ျပသင့္ၿပီး လက္သည္းကိုက္ထားတဲ့ဒဏ္ေၾကာင့္ လက္သည္းပိုး၀င္တာဒါမွမဟုတ္ အေရျပားပိုး၀င္တာမ်ိဳးျဖစ္ပါက အေရျပားအထူးကုဆရာ၀န္နဲ႔ျပသသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : today bago

#Unicode Version

လက်သည်းကို မကိုက်ရမနေနိုင်လောက်အောင် အကျင့်စွဲကပ်နေပြီဆိုပါက အမြန်ဆုံးဖျောက်ဖျက်ပစ်ဖို့ကြိုးစားသင့်တယ်။ လက်သည်းကိုက်တတ်တဲ့အကျင့်ဟာ မကောင်းတဲ့အကျင့်၊ အကျင့်ဆိုးတစ်ခုလို့တောင် ဆိုလို့ရပါတယ်။ ဒါပေမယ့် ကိုယ်ရည်ကိုယ်သွေးကိုထိခိုက်စေတဲ့ အကျင့်ဆိုးတော့ မဟုတ်ပါဘူး။ မိမိကျန်းမာရေးကို မိမိဘာသာထိခိုက်အောင် နေ့စဉ်လိုလိုလုပ်ဖြစ်နေတဲ့အတွက် ကျန်းမာရေးမကောင်းစေတဲ့ အကျင့်ဆိုးဖြစ်ပါတယ်။

လက်သည်းလေးကိုက်ရုံလောက်နဲ့ ကျန်းမာရေးကို ကြီးကြီးကျယ်ကျယ် မထိခိုက်စေနိုင်ဘူးလို့ မမှတ်ယူသင့်ပါ။ လက်သည်းကိုက်ခြင်းဟာ ပြင်ပမှ ဘက်တီးရီးယားပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေ ခန္ဓာကိုယ်ထဲဝင်ရောက်စေနိုင်အောင် လမ်းဖွင့်ပေးလိုက်တာဖြစ်သလို လက်သည်းရှည်စေတဲ့ တစ်သျှူးတွေကိုပျက်စီးစေတာကြောင့် လက်သည်းလေးတွေက တုံးတိလေးတွေဖြစ်နေတတ်ပြီး လက်သည်းပုံသဏ္ဍာန်မပေါ်တော့ဘဲ လက်သည်းခွံနဲ့လက်သည်းခွံအောက်ကအသားဟာ တသားတည်းလိုလိုဖြစ်ကာ လက်သည်းနားတစ်ဝိုက် အရေပြားတွေနာကျင်နေတတ်ပါတယ်။ ဒါကြောင့်ကျန်းမာရေးကိုသာမက လက်သည်းအလှကိုပါ ပုံပျက်စေတဲ့ လက်သည်းကိုက်တတ်တဲ့ အကျင့်ကိုလျော့ပါးလာစေဖို့ ဖျောက်ဖျက်ပစ်နိုင်ဖို့ စွဲနေတဲ့အကျင့်ကို ချိုးနှိမ်နိုင်အောင်ကြိုးစားသင့်ပါတယ်။ ကိုယ့်ရဲ့လက်သည်းကိုက်တတ်တဲ့အကျင့်ကို စွန့်လွှတ်ဖို့ဆုံးဖြတ်ထားပြီးပြီဆိုရင်တော့ သင့်ဆုံးဖြတ်ချက်ကိုခိုင်မာစေဖို့အတွက် အောက်ပါအချက်လေးတွေက အထောက်အကူပြုပေးပါလိမ့်မယ်။

1. လက်သည်းရှည်နေလေ လက်သည်းကိုက်ချင်စိတ်ပေါ်လာလေဖြစ်တာကြောင့် လက်သည်းကိုဘယ်တော့မှရှည်လာတဲ့အထိ မထားသင့်ပါ။ လက်သည်းညှပ်ဖြင့် လက်သည်းကိုသေသေသပ်သပ်ညှပ်ပါ။

2. ခါးသက်သက်အရသာရှိတဲ့ လက်သည်းဆိုးဆေးကိုဆိုးပါ။ ၎င်းလက်သည်းဆိုးဆေးဟာ လက်သည်းကိုက်သူတွေ လက်သည်းကိုက်ချင်စိတ်ပျက်ပြယ်သွားအောင် လုပ်ဆောင်ပေးနိုင်တဲ့ အလွယ်တကူဝယ်ယူရရှိနိုင်ပြီး ဆရာဝန်ညွှန်ကြားချက်မလိုတဲ့ လက်သည်းဆိုးဆေးဖြစ်တာကြောင့် ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်။

3. လက်သည်းအလှပြင်ပါ။ လက်သည်းအလှပုံဖော်ထားတဲ့အတွက် လက်သည်းကိုက်ဖို့စိတ်ကူးရောက်သွားမယ်ဆိုရင်တောင် စိတ်ကူးကိုပြန်ရုပ်သိမ်းလိုက်နိုင်ပါတယ်။ လက်သည်းပုံမဖော်ဖြစ်ရင်တောင် လက်သည်းအတုတပ်ကာဒါမှမဟုတ် လက်အိတ်စွတ်တာတို့လုပ်ဆောင်ပါ။

4. လက်သည်းကိုက်ချင်စိတ်အားပြင်းထန်လာချိန်မှာ လက်ဖြင့်ကိုင်တွယ်လုပ်ဆောင်ရမယ့်အလုပ်တွေကို မနားတမ်းလုပ်နေပါ။ ယင်းကဲ့သို့ အလုပ်နှင့်လက်နှင့်မပြတ်တမ်းလုပ်နေခြင်းကြောင့် သင့်လက်ကသင့်ပါးစပ်နားရောက်စေဖို့ အခွင့်အလမ်းမရစေတော့ပါဘူး။

5. ဘယ်လိုအကြောင်းအရာတွေက သင့်ကိုလက်သည်းကိုက်ချင်စိတ်ဖြစ်စေသလဲဆိုတာနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုစူးစမ်းလေ့လာပါ။ ဥပမာစိုးရိမ်ပူပန်တာကြောင့်၊ စိတ်ဖိစီးတာကြောင့်၊ ပျင်းရိတာကြောင့်၊ လက်သည်းအစွယ်တွေထွက်နေတာကြောင့် စတဲ့အကြောင်းရင်းတွေကြောင့် လက်သည်းကိုက်လိုစိတ်တွေဖြစ်လာသလားဆိုတာကို သတိပြုပြီး မိမိအားထိုအကြောင်းအရာတွေက လက်သည်းကိုက်လိုစိတ်ဖြစ်စေတယ်ဆိုပါက ၎င်းကဲ့သို့အခြေအနေမျိုးနဲ့ကြုံတွေ့ရတဲ့အချိန်မှာ လက်သည်းမကိုက်မိစေဖို့စိတ်ကိုကြိုးစားထိန်းချုပ်ပါ။

6. လက်သည်းကိုက်တတ်တဲ့အကျင့်ကို ဖြည်းဖြည်းချင်းဖျောက်ယူပါ။ လက်မရှိ လက်သည်းကို ကိုက်တတ်တဲ့အကျင့်ကိုဦးဆုံးဖျောက်ပြီး နောက်လက်ညှိုး၊ လက်ခလယ် စသဖြင့်လက်တစ်ချောင်းချင်းစီအလိုက် လက်သည်းကိုက်တတ်တဲ့အကျင့်ကို စွန့်လွှတ်နိုင်အောင်တဖြည်းဖြည်းချင်းကြိုးစားပါ။ တကယ်လို့ သင်ကြိုးစားပေမယ့်လည်း အကျင့်ကိုဖျောက်ဖျက်ပစ်လို့မရနိုင်ဖြစ်နေပါက စိတ်ပိုင်းဆိုင်ရာမှာတစ်စုံတစ်ခု ချို့ယွင်းနေခြင်းနဲ့သက်ဆိုင်တာကြောင့် ဆရာဝန်နဲ့ပြသင့်ပြီး လက်သည်းကိုက်ထားတဲ့ဒဏ်ကြောင့် လက်သည်းပိုးဝင်တာဒါမှမဟုတ် အရေပြားပိုးဝင်တာမျိုးဖြစ်ပါက အရေပြားအထူးကုဆရာဝန်နဲ့ပြသသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : today bago
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top