Property Expo
×

အမ်ိဳးသမီးမ်ားတြင္ တစ္ပတ္ လွ်င္ ငါးဟင္းလ်ာ ႏွစ္ႀကိမ္ႏွင့္ အထက္ စားသံုးပါက အၾကားအာ႐ံု ပ်က္စီးယိုယြင္းမႈကို ကာကြယ္ထား ႏိုင္ေၾကာင္း သုေတသနတစ္ခုကဆို ထားသည္။

  Brigham and Wom-en’s Hospital မွ သုေတသီမ်ား၏ အဆိုအရ အၾကားအာ႐ံုပ်က္စီးယို ယြင္းမႈသည္ အလြန္အျဖစ္မ်ားၿပီး အသက္ႀကီးလာသည္ႏွင့္အမွ် အၾကား အာ႐ံုခ်ိဳ႕ယြင္းမႈကို ေရွာင္လႊဲ၍မရႏိုင္ ေပ။
အမ်ိဳးသမီး (၆၅၂၁၅) ဦးကို ၁၉၉၁ ခုႏွစ္မွ ၂၀၀၉ ခုႏွစ္အတြင္း ေလ့လာမႈမ်ားျပဳလုပ္ခဲ့ရာ (၁၁၆၀၆) ဦးတြင္ အၾကားအာ႐ံုခ်ိဳ႕ယြင္းမႈရွိေနေၾကာင္း ေတြ႕ရွိခဲ့သည္။

ငါးစားသံုးမႈ နည္းပါးသည့္ အမ်ိဳးသမီးမ်ားႏွင့္ ႏိႈင္းယွဥ္ပါက တစ္ပတ္လွ်င္ ငါးဟင္း လ်ာ ႏွစ္ႀကိမ္ႏွင့္အထက္စားသံုးသည့္ အမ်ိဳးသမီးမ်ားသည္ အၾကားအာ႐ံု ခ်ိဳ႕ယြင္းႏိုင္သည့္ အႏၲရာယ္ (၂၀) ရာခိုင္ႏႈန္း ေလ်ာ့နည္းသည္ကိုေတြ႕ရ သည္။

လူတစ္ဦးခ်င္းစီလိုက္၍ ေလ့ လာၾကည့္သည့္အခါ ငါးအမ်ိဳးအစား တစ္မ်ိဳးကို ပိုမိုစားသံုးသူမ်ားတြင္ အထက္ပါေတြ႕ရွိခ်က္မွာ ေျပာင္းျပန္ ျဖစ္ေနသည္ကို ေတြ႕ရသည္။ long-chain omega-3 PUFA အမည္ရွိ ဖက္တီးအက္ဆစ္မ်ား ပါ၀င္မႈမ်ား ျပားသည့္ငါးတစ္မ်ိဳးကို အလြန္အမင္း စားသံုးသူမ်ားတြင္မူ အၾကားအာ႐ံု ခ်ိဳ႕ယြင္းမႈ ပိုမိုျဖစ္ေပၚႏိုင္ေၾကာင္း သုေတသနတြင္ ေတြ႕ရွိခဲ့သည္။
သုေတသနကို American Journal of Clinical Nutrition (AJCN) ေဆးပညာဂ်ာနယ္တြင္ ေဖာ္ျပထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Health Updates Journal


#Unicode Version

အမျိုးသမီးများတွင် တစ်ပတ် လျှင် ငါးဟင်းလျာ နှစ်ကြိမ်နှင့် အထက် စားသုံးပါက အကြားအာရုံ ပျက်စီးယိုယွင်းမှုကို ကာကွယ်ထား နိုင်ကြောင်း သုတေသနတစ်ခုကဆို ထားသည်။

Brigham and Wom-en’s Hospital မှ သုတေသီများ၏ အဆိုအရ အကြားအာရုံပျက်စီးယို ယွင်းမှုသည် အလွန်အဖြစ်များပြီး အသက်ကြီးလာသည်နှင့်အမျှ အကြား အာရုံချို့ယွင်းမှုကို ရှောင်လွှဲ၍မရနိုင် ပေ။
အမျိုးသမီး (၆၅၂၁၅) ဦးကို ၁၉၉၁ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း လေ့လာမှုများပြုလုပ်ခဲ့ရာ (၁၁၆၀၆) ဦးတွင် အကြားအာရုံချို့ယွင်းမှုရှိနေကြောင်း တွေ့ရှိခဲ့သည်။

ငါးစားသုံးမှု နည်းပါးသည့် အမျိုးသမီးများနှင့် နှိုင်းယှဉ်ပါက တစ်ပတ်လျှင် ငါးဟင်း လျာ နှစ်ကြိမ်နှင့်အထက်စားသုံးသည့် အမျိုးသမီးများသည် အကြားအာရုံ ချို့ယွင်းနိုင်သည့် အန္တရာယ် (၂၀) ရာခိုင်နှုန်း လျော့နည်းသည်ကိုတွေ့ရ သည်။

လူတစ်ဦးချင်းစီလိုက်၍ လေ့ လာကြည့်သည့်အခါ ငါးအမျိုးအစား တစ်မျိုးကို ပိုမိုစားသုံးသူများတွင် အထက်ပါတွေ့ရှိချက်မှာ ပြောင်းပြန် ဖြစ်နေသည်ကို တွေ့ရသည်။ long-chain omega-3 PUFA အမည်ရှိ ဖက်တီးအက်ဆစ်များ ပါဝင်မှုများ ပြားသည့်ငါးတစ်မျိုးကို အလွန်အမင်း စားသုံးသူများတွင်မူ အကြားအာရုံ ချို့ယွင်းမှု ပိုမိုဖြစ်ပေါ်နိုင်ကြောင်း သုတေသနတွင် တွေ့ရှိခဲ့သည်။
သုတေသနကို American Journal of Clinical Nutrition (AJCN) ဆေးပညာဂျာနယ်တွင် ဖော်ပြထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : Health Updates Journal
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top