Kantharyar Centre
×




Eric က ကန့်လန့်တိုက်ပြီး လူတွေစားတဲ့မနက်စာကို သဘောကျချင်ယောင်ဆောင်နေရာက ငါ့ပေါင်မုန့်မီးကင် လို့ သခင်ဖြစ်သူက အော်လိုက်တော့ ပေါင်မုန့်က ပြန်ပြုတ်ကျလာပါရော။


Credit:Thit Htoo Lwin

#Unicode Version
ဝါရှင်တန်မြို့မှာ သခင်ဖြစ်သူရဲ့ နံနက်စာ ပေါင်မုန့်မီးကင်ကို ခိုးယူပြီး ပြန်မပေးပဲ စိန်ပြေးတိုင်းဆော့နေတဲ့ ကတ္တဝါ ငှက်လေးတစ်ကောင်ရှိပါတယ်။

သခင်ဖြစ်သူရဲ့ နံနက်စာပန်းကန်ထဲကနေ ထောပတ်သုတ်ထားတဲ့ ပေါင်မုန့်မီးကင်ကို ဆတ်ကနဲ လုယူပြီး နောက်လှည့်ပြေးတဲ့ ‘Eric the Legend’ လို့ အမည်ရတဲ့ ငှက်လေးရဲ့ ဗွီဒီယိုက YouTube ပေါ်ရောက်လာပါတယ်။

ခေါင်းမာတဲ့ငှက်လေးက နည်းနည်းလှမ်းကိုက်ပြီး သခင်ဖြစ်သူတားနေတဲ့ကြားက ပေါင်မုန့်မီးကင် တစ်ခုလုံးကို ဆတ်ကနဲ ဆွဲယူပြီး ထမင်းစားပွဲပေါ်မှာ လျှောက်ပျံနေတာပါ။

Eric က ကန့်လန့်တိုက်ပြီး လူတွေစားတဲ့မနက်စာကို သဘောကျချင်ယောင်ဆောင်နေရာက ငါ့ပေါင်မုန့်မီးကင် လို့ သခင်ဖြစ်သူက အော်လိုုက်တော့ ပေါင်မုန့်က ပြန်ပြုတ်ကျလာပါရော။



ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top