Kantharyar Centre
×

 မယ္စၾက၀ဠာျမန္မာ ၂၀၁၇ အလွမယ္ေရြးခ်ယ္ပဲြကို ေအာက္တုိဘာ ၆ ရက္တြင္ ျပဳ လုပ္မည္ျဖစ္ၿပီး စိုင္းစိုင္းခမ္းလႈိင္ ႏွင့္ ေအးခ်မ္းမိုးတို႔က အစီအစဥ္ တင္ဆက္သူမ်ားအျဖစ္ ပါ၀င္ ေဆာင္ရြက္မည္ ျဖစ္သည္။

‘‘ခ်မ္းမိုးကေတာ့ ႏွစ္တုိင္း လည္း အစီအစဥ္တင္ဆက္သူ လုပ္ေပးတာ။ စိုင္းစိုင္းကလည္း ၂၀၁၃တုန္းက အစီအစဥ္တင္ဆက္သူ လုပ္ ဖူးတယ္။ ၿပီးခဲ့တဲ့ႏွစ္ကက်ေတာ့ ေဖ်ာ္ေျဖေရးအစီအစဥ္မွာပါ လို႔ မလုပ္ျဖစ္တာ။ ဒီႏွစ္ေတာ့ အစီအစဥ္တင္ဆက္သူအျဖစ္ ျပန္ပါ၀င္တာ’’ဟု ယင္းၿပိဳင္ပဲြ၏ NationalDirector ေဒၚစိုးယုေ၀ကေျပာ ၾကားသည္။ ႏိုဗိုတယ္ဟိုတယ္၌ ျပဳလုပ္မည့္မယ္စၾက၀ဠာ ျမန္မာအလွမယ္ေရြးခ်ယ္ပဲြတြင္ တုိင္းရင္းသား အဆိုေတာ္မ်ား၏ ေဖ်ာ္ေျဖတင္ဆက္မႈ အစီအစဥ္မ်ားပါ၀င္မည္ျဖစ္ကာ mntv ႏွင့္ Channel9႐ုပ္သံလုိင္းမ်ား တုိက္႐ုိက္ထုတ္လႊင့္မည္ျဖစ္သည္။

ယင္းပဲြသုိ႔ လာေရာက္ၾကည့္ ႐ႈလုိသူမ်ားအား လက္မွတ္မ်ား ေရာင္းခ်ေပးမည္ျဖစ္ၿပီး လက္မွတ္မ်ားကို က်ပ္သုံးေသာင္း၊ ငါးေသာင္းႏွင့္ တစ္သိန္းသတ္မွတ္ ထားကာမယ္စၾက၀ဠာျမန္မာအဖဲြ႕အစည္း႐ုံးတြင္ ၀ယ္ယူႏုိင္ေၾကာင္း ေဒၚစုိးယုေ၀က ေျပာသည္။

စက္တင္ဘာ ၂၉ ရက္တြင္ Gandamar Wholesale ၌ ျပဳလုပ္ မည့္ National Costume ၿပိဳင္ပဲြ အတြက္ လက္မွတ္မ်ားလည္း ေရာင္းေပးမည္ျဖစ္ၿပီး  လက္မွတ္ခ ကုိက်ပ္ရွစ္ေထာင္သတ္မွတ္ထား ေၾကာင္း သတင္းရရွိသည္။

မယ္စၾက၀ဠာျမန္မာၿပိဳင္ပဲြ အေနျဖင့္ National Costume ၿပိဳင္ပဲြကို ၿပီးခဲ့သည့္ႏွစ္က စတင္ျပဳ လုပ္ခဲ့ၿပီး အလွမယ္တစ္ဦးစီက National Gift မ်ားကိုလည္း ေလ လံတင္ေရာင္းခ်ေပးကာ အဆုိပါ ေရာင္းခ်ရေငြမ်ားႏွင့္ လက္မွတ္ခ မ်ားကို ျမန္မာႏုိင္ငံအမ်ဳိးသမီး အားကစားအဖဲြ႕ခ်ဳပ္ႏွင့္ လူမႈေရးအဖဲြ႕အစည္းမ်ားသုိ႔ လွဴဒါန္းခဲ့သကဲ့သို႔ ယခုႏွစ္တြင္လည္း အထက္ပါအတုိင္း ေဆာင္ရြက္မည္ျဖစ္သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily


#Unicode Version

 မယ်စကြဝဠာမြန်မာ ၂၀၁၇ အလှမယ်ရွေးချယ်ပွဲကို အောက်တိုဘာ ၆ ရက်တွင် ပြု လုပ်မည်ဖြစ်ပြီး စိုင်းစိုင်းခမ်းလှိုင် နှင့် အေးချမ်းမိုးတို့က အစီအစဉ် တင်ဆက်သူများအဖြစ် ပါဝင် ဆောင်ရွက်မည် ဖြစ်သည်။

‘‘ချမ်းမိုးကတော့ နှစ်တိုင်း လည်း အစီအစဉ်တင်ဆက်သူ လုပ်ပေးတာ။ စိုင်းစိုင်းကလည်း ၂၀၁၃တုန်းက အစီအစဉ်တင်ဆက်သူ လုပ် ဖူးတယ်။ ပြီးခဲ့တဲ့နှစ်ကကျတော့ ဖျော်ဖြေရေးအစီအစဉ်မှာပါ လို့ မလုပ်ဖြစ်တာ။ ဒီနှစ်တော့ အစီအစဉ်တင်ဆက်သူအဖြစ် ပြန်ပါဝင်တာ’’ဟု ယင်းပြိုင်ပွဲ၏ NationalDirector ဒေါ်စိုးယုဝေကပြော ကြားသည်။ နိုဗိုတယ်ဟိုတယ်၌ ပြုလုပ်မည့်မယ်စကြဝဠာ မြန်မာအလှမယ်ရွေးချယ်ပွဲတွင် တိုင်းရင်းသား အဆိုတော်များ၏ ဖျော်ဖြေတင်ဆက်မှု အစီအစဉ်များပါဝင်မည်ဖြစ်ကာ mntv နှင့် Channel9ရုပ်သံလိုင်းများ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။

ယင်းပွဲသို့ လာရောက်ကြည့် ရှုလိုသူများအား လက်မှတ်များ ရောင်းချပေးမည်ဖြစ်ပြီး လက်မှတ်များကို ကျပ်သုံးသောင်း၊ ငါးသောင်းနှင့် တစ်သိန်းသတ်မှတ် ထားကာမယ်စကြဝဠာမြန်မာအဖွဲ့အစည်းရုံးတွင် ဝယ်ယူနိုင်ကြောင်း ဒေါ်စိုးယုဝေက ပြောသည်။

စက်တင်ဘာ ၂၉ ရက်တွင် Gandamar Wholesale ၌ ပြုလုပ် မည့် National Costume ပြိုင်ပွဲ အတွက် လက်မှတ်များလည်း ရောင်းပေးမည်ဖြစ်ပြီး  လက်မှတ်ခ ကိုကျပ်ရှစ်ထောင်သတ်မှတ်ထား ကြောင်း သတင်းရရှိသည်။

မယ်စကြဝဠာမြန်မာပြိုင်ပွဲ အနေဖြင့် National Costume ပြိုင်ပွဲကို ပြီးခဲ့သည့်နှစ်က စတင်ပြု လုပ်ခဲ့ပြီး အလှမယ်တစ်ဦးစီက National Gift များကိုလည်း လေ လံတင်ရောင်းချပေးကာ အဆိုပါ ရောင်းချရငွေများနှင့် လက်မှတ်ခ များကို မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်နှင့် လူမှုရေးအဖွဲ့အစည်းများသို့ လှူဒါန်းခဲ့သကဲ့သို့ ယခုနှစ်တွင်လည်း အထက်ပါအတိုင်း ဆောင်ရွက်မည်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top