Property Expo
×

နယူးေယာက္ၿမိဳ႕တြင္ ေရာက္ရွိေနသည့္ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢဳိလ္ေဒၚေအာင္ ဆန္းစုၾကည္၏ လုံၿခဳံေရးကိုအေမ ရိကန္သမၼတ၏ လုံၿခဳံေရးအဖြဲ႕ (Secret Service)က တာ၀န္ယူ ေပးထားေၾကာင္း သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဒုတိယၫႊန္ၾကားေရးမွဴးခ်ဳပ္ဦးေဇာ္ေဌးက ေျပာသည္။

နယူးေယာက္ၿမိဳ႕သုိ႔ ေရာက္ရွိေနသည့္ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္၏လုံၿခဳံေရးမွာ အႏၲရာယ္မရွိေၾကာင္း ဒုတိယၫႊန္ၾကားေရးမွဴးခ်ဳပ္ဦးေဇာ္ေဌးကေျပာသည္။

  ‘‘အႏၲရာယ္ကင္းရွင္းပါ တယ္။ US Secret Service က လုံၿခံဳေရးအထူးတာ၀န္ယူထားၿပီး ေစာင့္ေရွာက္ေနပါတယ္’’ဟု ၎ ကေျပာသည္။


Secret Serviceအဖြဲ႕သည္  အေမရိကန္သမၼတႏွင့္ ဒုသမၼတတုိ႔၏ လုံၿခဳံေရးကို တာ၀န္ယူေဆာင္ရြက္ေပးရသည့္အဖဲြ႕ျဖစ္သည္။

နယူးေယာက္ၿမိဳ႕သုိ႔ ေဒၚ ေအာင္ဆန္းစုၾကည္ေရာက္ရွိေန ခ်ိန္တြင္ ေပါက္ကြဲမႈျဖစ္ပြားေသာ ေၾကာင့္ ျမန္မာျပည္သူမ်ား ေဒၚ ေအာင္ဆန္းစုၾကည္၏ လုံၿခဳံေရး ႏွင့္ပတ္သက္၍ စုိးရိမ္ေနေၾကာင္း လူမႈကြန္ရက္စာမ်က္ႏွာမ်ားေပၚ၌ ေရးသားထားၾကသည္။

‘‘အေမရိကန္လည္း အခု ေနာက္ပုိင္း လုံၿခံဳေရးစိတ္မခ်ရတဲ့ အေနအထားျဖစ္လာတယ္။ ဗုံး ေပါက္ကြဲမႈေတြ၊ အၾကမ္းဖက္ခံရ မႈေတြမ်ားလာတယ္။ ကၽြန္ေတာ္ တုိ႔ ေခါင္းေဆာင္လည္း အဲဒီ ေရာက္ေနေတာ့ စိတ္ပူမိတာ ေတာ့ အမွန္ပဲ’’ဟု ရန္ကုန္ၿမိဳ႕ လသာၿမိဳ႕နယ္ေန ကုိသန္႔ဇင္ကေျပာသည္။

အေမရိကန္ျပည္ေထာင္စု နယူးေယာက္ၿမိဳ႕ မက္ဟန္တန္ တြင္ စက္တင္ဘာ ၁၇ရက္ ညက ေပါက္ကြဲမႈတစ္ခုျဖစ္ပြားၿပီး လူ ၂၉ဦး ထိခုိက္ဒဏ္ရာရရွိခဲ့ ေၾကာင္းအေမရိကန္အာဏာပုိင္ မ်ားက ထုတ္ျပန္ထားသည္။

‘‘ေပါက္ကြဲမႈျဖစ္တဲ့ေနရာနဲ႔ အန္တီစုရွိေနတဲ့ေနရာက ေ၀းပါ တယ္။ စုိးရိမ္စရာမရွိပါဘူး။ ဒါ ေပမဲ့ စိတ္ပူမိတာေပါ့’’ဟု နယူး ေယာက္ၿမိဳ႕ေန ကိုေက်ာ္စြာကေျပာသည္။

 ေဒၚေအာင္ဆန္းဆုၾကည္ႏွင့္ နယူးေယာက္ၿမိဳ႕တြင္ ေနထိုင္သူ သားႀကီးျမင့္ဆန္းေအာင္တုိ႔ ယေန႔(စက္တင္ဘာ ၁၉ ရက္)တြင္ ေတြ႕ဆုံရန္ စီစဥ္ထားသည္ဟု ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ နီးစပ္သူတစ္ဦးက ေျပာၾကားသည္။

 ေဒၚေအာင္ဆန္းစုၾကည္ သည္ စက္တင္ဘာ ၁၉ရက္တြင္ နယူးေယာက္ၿမိဳ႕ ကုလသမဂၢဌာန ခ်ဳပ္တြင္ က်င္းပမည့္ ဒုကၡသည္ ႏွင့္ေရႊ႕ေျပာင္းအေျခခ်ေနထုိင္သူ မ်ားဆုိင္ရာကုလသမဂၢေဆြးေႏြး ပြဲသုိ႔ တက္ေရာက္မည္ျဖစ္ၿပီးစက္ တင္ဘာ ၂၁ရက္တြင္ ကုလသမဂၢ အေထြေထြညီလာခံ၌ မိန္႔ခြန္း ေျပာၾကားမည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

နယူးယောက်မြို့တွင် ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်၏ လုံခြုံရေးကိုအမေ ရိကန်သမ္မတ၏ လုံခြုံရေးအဖွဲ့ (Secret Service)က တာဝန်ယူ ပေးထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက ပြောသည်။

နယူးယောက်မြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေးမှာ အန္တရာယ်မရှိကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးကပြောသည်။

  ‘‘အန္တရာယ်ကင်းရှင်းပါ တယ်။ US Secret Service က လုံခြုံရေးအထူးတာဝန်ယူထားပြီး စောင့်ရှောက်နေပါတယ်’’ဟု ၎င်း ကပြောသည်။


Secret Serviceအဖွဲ့သည်  အမေရိကန်သမ္မတနှင့် ဒုသမ္မတတို့၏ လုံခြုံရေးကို တာဝန်ယူဆောင်ရွက်ပေးရသည့်အဖွဲ့ဖြစ်သည်။

နယူးယောက်မြို့သို့ ဒေါ် အောင်ဆန်းစုကြည်ရောက်ရှိနေ ချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားသော ကြောင့် မြန်မာပြည်သူများ ဒေါ် အောင်ဆန်းစုကြည်၏ လုံခြုံရေး နှင့်ပတ်သက်၍ စိုးရိမ်နေကြောင်း လူမှုကွန်ရက်စာမျက်နှာများပေါ်၌ ရေးသားထားကြသည်။

‘‘အမေရိကန်လည်း အခု နောက်ပိုင်း လုံခြုံရေးစိတ်မချရတဲ့ အနေအထားဖြစ်လာတယ်။ ဗုံး ပေါက်ကွဲမှုတွေ၊ အကြမ်းဖက်ခံရ မှုတွေများလာတယ်။ ကျွန်တော် တို့ ခေါင်းဆောင်လည်း အဲဒီ ရောက်နေတော့ စိတ်ပူမိတာ တော့ အမှန်ပဲ’’ဟု ရန်ကုန်မြို့ လသာမြို့နယ်နေ ကိုသန့်ဇင်ကပြောသည်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ မက်ဟန်တန် တွင် စက်တင်ဘာ ၁၇ရက် ညက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး လူ ၂၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်းအမေရိကန်အာဏာပိုင် များက ထုတ်ပြန်ထားသည်။

‘‘ပေါက်ကွဲမှုဖြစ်တဲ့နေရာနဲ့ အန်တီစုရှိနေတဲ့နေရာက ဝေးပါ တယ်။ စိုးရိမ်စရာမရှိပါဘူး။ ဒါ ပေမဲ့ စိတ်ပူမိတာပေါ့’’ဟု နယူး ယောက်မြို့နေ ကိုကျော်စွာကပြောသည်။

 ဒေါ်အောင်ဆန်းဆုကြည်နှင့် နယူးယောက်မြို့တွင် နေထိုင်သူ သားကြီးမြင့်ဆန်းအောင်တို့ ယနေ့(စက်တင်ဘာ ၁၉ ရက်)တွင် တွေ့ဆုံရန် စီစဉ်ထားသည်ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

 ဒေါ်အောင်ဆန်းစုကြည် သည် စက်တင်ဘာ ၁၉ရက်တွင် နယူးယောက်မြို့ ကုလသမဂ္ဂဌာန ချုပ်တွင် ကျင်းပမည့် ဒုက္ခသည် နှင့်ရွှေ့ပြောင်းအခြေချနေထိုင်သူ များဆိုင်ရာကုလသမဂ္ဂဆွေးနွေး ပွဲသို့ တက်ရောက်မည်ဖြစ်ပြီးစက် တင်ဘာ ၂၁ရက်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top