Kantharyar Centre
×

            ေနျပည္ေတာ္တြင္ ႏွစ္ရက္ၾကာျပဳလုပ္ခဲ့သည့္ Myanmar Connect 2016   အခမ္းအနားသို႔တက္ေရာက္လာသူမ်ား (ဓာတ္ပံု − ထက္အာကာေက်ာ္)             

ဆက္သြယ္ေရး ေအာ္ပေရတာမ်ားအတြက္ ကြန္ ရက္တိုးခ်ဲ႕ရာတြင္ အခက္အခဲ မ်ား ရင္ဆိုင္ရဆဲျဖစ္ၿပီး ေနာက္ပိုင္း၌ စိန္ေခၚမႈပိုမိုမ်ားျပားလာႏုိင္ေၾကာင္း ျပည္တြင္းေအာ္ပေရတာသံုးခုမွ တာ၀န္ရွိသူမ်ားက ေျပာၾကားသည္။

ေနျပည္ေတာ္၌ ႏွစ္ရက္ၾကာ က်င္းပေနသည့္ ဆက္သြယ္ေရး နည္းပညာဆိုင္ရာ အခမ္းအနား Myanmar Connect 2016 တြင္ ေအာ္ပေရတာသံုးခု၏ တာ၀န္ရွိ သူမ်ားက ေျပာၾကားခဲ့သည္။

‘‘ေနာက္ပိုင္းမွာ စိန္ေခၚမႈ ေတြပိုမ်ားလာႏိုင္တယ္။ ကြၽန္ ေတာ္တို႔ အေနနဲ႔ ၿမိဳ႕ျပေတြမွာ ဆက္သြယ္ေရး၀န္ေဆာင္မႈေပး ႏိုင္႐ုံမဟုတ္ပါဘူး။ ေက်းလက္ ေဒသေတြမွာ ကြန္ရက္တည္ေထာင္ႏိုင္ဖို႔ကို လုပ္ေဆာင္ရဦးမွာ ျဖစ္ပါ တယ္’’ ဟု တယ္လီေနာျမန္မာ၏ အမႈေဆာင္အရာရွိခ်ဳပ္ မစၥတာ Lars Erik က ေျပာသည္။

အူရီးဒူးျမန္မာသည္လည္း အျခားေအာ္ပေရတာမ်ားနည္းတူ ကြန္ရက္တိုးခ်ဲ႕ေရးႏွင့္ ပတ္သက္ ၍ အခက္အခဲမ်ား ရင္ဆိုင္ရဆဲျဖစ္ၿပီး ဆက္သြယ္ေရးတာ၀ါတိုင္ တည္ေဆာက္ရန္ ေျမရရွိေရးစိန္ေခၚမႈရွိေနေၾကာင္း ယင္းကုမၸဏီ၏ ဥပေဒႏွင့္ နည္းဥပေဒဆိုင္ရာအရာရွိခ်ဳပ္ မစၥတာ Chris Peirce က ဆိုသည္။

‘‘ေကာင္းမြန္တဲ့ ၀န္ေဆာင္မႈ ေတြကို သင့္တင့္တဲ့ ေစ်းႏႈန္းနဲ႔ ေပးႏိုင္ဖို႔ လိုအပ္ပါတယ္။ ေနာက္ၿပီး မွ်တတဲ့ ၀န္ေဆာင္မႈျဖစ္ဖို႔လည္း အေရးႀကီးပါတယ္။ မဟုတ္ရင္ ျပည္သူေတြအတြက္ အက်ဳိးရွိဖို႔ ခက္ခဲပါလိမ့္မယ္။ PTD (ဆက္ သြယ္ေရးၫႊန္ၾကားမႈ ဦးစီးဌာန)က ေသခ်ာေစာင့္ၾကည့္ဖို႔ လိုပါ တယ္’’ ဟု MPT/KSGM Joint Operations ၏ အမႈေဆာင္အရာ ရွိခ်ဳပ္ မစၥတာ Takashi Naga-shima က ေျပာသည္။

ဆက္သြယ္ေရးေအာ္ပေရ တာမ်ားအၾကား တာ၀ါတိုင္ကဲ့သို႔ အေျခခံအေဆာက္အအံု (Infra-structure) မွ်ေ၀သံုးစြဲႏုိင္ေရးမွာ အကန္႔အသတ္မ်ားရွိေနၿပီး ႏုိင္ငံ ေတာ္အစိုးရက ပံ့ပိုးေပးႏိုင္သည့္ အေျခအေနမ်ားကို ဖန္တီးေပးရန္ လိုအပ္ေနေၾကာင္းႏွင့္ ဖန္တီးမ ေပးႏိုင္ပါက ဆက္သြယ္ေရးက႑ တိုးတက္ရန္ အခ်ိန္ၾကာျမင့္ႏုိင္ ေၾကာင္း တယ္လီေနာျမန္မာ အမႈေဆာင္အရာရွိခ်ဳပ္က သံုးသပ္ေျပာၾကားသည္။

ဆက္သြယ္ေရး ၫႊန္ၾကားမႈဦးစီးဌာနအေနျဖင့္ အေျခခံအ ေဆာက္အအံု မွ်ေ၀သံုးစြဲေရး အတြက္ တိုင္းေဒသႀကီးႏွင့္ ျပည္ နယ္မ်ားရွိ  တာ၀ါတိုင္  တည္ ေဆာက္ျခင္းဆိုင္ရာ ေကာ္မတီ မ်ားႏွင့္ ေတြ႕ဆံုေဆြးေႏြး၍ အဆင္ေျပေစရန္ ညႇိႏိႈင္းေျဖရွင္းေပးေန ေၾကာင္း ယင္းဌာန၏ ၫႊန္ၾကား ေရးမွဴးခ်ဳပ္ ဦးစိုးသိန္းက ေျပာ ၾကားသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily


#Unicode Version
နေပြည်တော်တွင် နှစ်ရက်ကြာပြုလုပ်ခဲ့သည့် Myanmar Connect 2016 အခမ်းအနားသို့တက်ရောက်လာသူများ (ဓာတ်ပုံ − ထက်အာကာကျော်)

ဆက်သွယ်ရေး အော်ပရေတာများအတွက် ကွန် ရက်တိုးချဲ့ရာတွင် အခက်အခဲ များ ရင်ဆိုင်ရဆဲဖြစ်ပြီး နောက်ပိုင်း၌ စိန်ခေါ်မှုပိုမိုများပြားလာနိုင်ကြောင်း ပြည်တွင်းအော်ပရေတာသုံးခုမှ တာဝန်ရှိသူများက ပြောကြားသည်။

နေပြည်တော်၌ နှစ်ရက်ကြာ ကျင်းပနေသည့် ဆက်သွယ်ရေး နည်းပညာဆိုင်ရာ အခမ်းအနား Myanmar Connect 2016 တွင် အော်ပရေတာသုံးခု၏ တာဝန်ရှိ သူများက ပြောကြားခဲ့သည်။

‘‘နောက်ပိုင်းမှာ စိန်ခေါ်မှု တွေပိုများလာနိုင်တယ်။ ကျွန် တော်တို့ အနေနဲ့ မြို့ပြတွေမှာ ဆက်သွယ်ရေးဝန်ဆောင်မှုပေး နိုင်ရုံမဟုတ်ပါဘူး။ ကျေးလက် ဒေသတွေမှာ ကွန်ရက်တည်ထောင်နိုင်ဖို့ကို လုပ်ဆောင်ရဦးမှာ ဖြစ်ပါ တယ်’’ ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် မစ္စတာ Lars Erik က ပြောသည်။

အူရီးဒူးမြန်မာသည်လည်း အခြားအော်ပရေတာများနည်းတူ ကွန်ရက်တိုးချဲ့ရေးနှင့် ပတ်သက် ၍ အခက်အခဲများ ရင်ဆိုင်ရဆဲဖြစ်ပြီး ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်ရန် မြေရရှိရေးစိန်ခေါ်မှုရှိနေကြောင်း ယင်းကုမ္ပဏီ၏ ဥပဒေနှင့် နည်းဥပဒေဆိုင်ရာအရာရှိချုပ် မစ္စတာ Chris Peirce က ဆိုသည်။

‘‘ကောင်းမွန်တဲ့ ဝန်ဆောင်မှု တွေကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ပေးနိုင်ဖို့ လိုအပ်ပါတယ်။ နောက်ပြီး မျှတတဲ့ ဝန်ဆောင်မှုဖြစ်ဖို့လည်း အရေးကြီးပါတယ်။ မဟုတ်ရင် ပြည်သူတွေအတွက် အကျိုးရှိဖို့ ခက်ခဲပါလိမ့်မယ်။ PTD (ဆက် သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန)က သေချာစောင့်ကြည့်ဖို့ လိုပါ တယ်’’ ဟု MPT/KSGM Joint Operations ၏ အမှုဆောင်အရာ ရှိချုပ် မစ္စတာ Takashi Naga-shima က ပြောသည်။

ဆက်သွယ်ရေးအော်ပရေ တာများအကြား တာဝါတိုင်ကဲ့သို့ အခြေခံအဆောက်အအုံ (Infra-structure) မျှဝေသုံးစွဲနိုင်ရေးမှာ အကန့်အသတ်များရှိနေပြီး နိုင်ငံ တော်အစိုးရက ပံ့ပိုးပေးနိုင်သည့် အခြေအနေများကို ဖန်တီးပေးရန် လိုအပ်နေကြောင်းနှင့် ဖန်တီးမ ပေးနိုင်ပါက ဆက်သွယ်ရေးကဏ္ဍ တိုးတက်ရန် အချိန်ကြာမြင့်နိုင် ကြောင်း တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ်က သုံးသပ်ပြောကြားသည်။

ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အခြေခံအ ဆောက်အအုံ မျှဝေသုံးစွဲရေး အတွက် တိုင်းဒေသကြီးနှင့် ပြည် နယ်များရှိ  တာဝါတိုင်  တည် ဆောက်ခြင်းဆိုင်ရာ ကော်မတီ များနှင့် တွေ့ဆုံဆွေးနွေး၍ အဆင်ပြေစေရန် ညှိနှိုင်းဖြေရှင်းပေးနေ ကြောင်း ယင်းဌာန၏ ညွှန်ကြား ရေးမှူးချုပ် ဦးစိုးသိန်းက ပြော ကြားသည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top