Property Expo
×






Credit : thithtoolwin

#Unicode Version

ကလေးအသက် ၆ပတ်မှာ ပုံမှန်အိပ်ချိန်အချိန်ဇယား စတင်လုပ်ဆောင်နိုင်ပါပြီ။ ပထမဆုံး ညတိုင်းအချိန်မှန် ရေနွေးဖြင့်ရေချိုးပေးခြင်း၊ စာအုပ်ဖတ်ပြခြင်း နှင့် အိပ်ရာမဝင်ခင် အစာဝအောင်ကျွေးခြင်းတို့ ကို စတင်လုပ်ဆောင်နိုင်ပါတယ်။

မနက်တိုင်းမှာလည်း အချိန်မှန် ထတတ်အောင် လေ့ကျင့်ပေးနိုင်ပြီး နေ့လည်တစ်ရေးအိပ်ချိန်ကိုလည်း အချိန်မှန်ဖြစ်အောင် လေ့ကျင့်ပေးလို့ရပါတယ်။

မွေးပြီးပြီးခြင်းပထမ သုံးလမှာ သင့်ကလေးငယ်က ပုံမှန်အားဖြင့် ညဘက်တွင်ပိုအိပ်ပြီး နေ့ဘက်တွင်အအိပ်ပိုနည်းပါလိမ့်မယ်။ သင့်ကလေးငယ်ရဲ့ တိုးတက်မှုတွေကို ကြည့်ပြီး သင်က ပုံမှန်အချိန်ဇယားကို ညှိပေးဖို့လိုပါလိမ့်မယ်။

ကလေးတိုင်းကတော့မတူကြပါဘူး။ တချိုကလေးတွေက အိပ်ချိန်လေကျင့်ဖို့ စောစောအသင့်ဖြစ်နေကြပြီး တချို့ကတော့ နောက်ကျကြပါတယ်။

တချို့ကလေးတွေကတော့ အသက်ငယ်စဉ်မှာ ၇နာရီ နှင့်အထက်အိပ်ကြပြီး သူတို့အသက်ပိုကြီးတာနဲ့အမျှ မအိပ်ကြတော့ပါဘူး။
သင့်ကလေးငယ် အိပ်ချိန်လေ့ကျင့်ပေးရန် အသင့်ဖြစ်မဖြစ်သိချင်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top