Shwe Zabu River View Condominium Promotion
×

စစ္ကိုင္းတိုင္းေဒသႀကီး၊ ယင္းမာပင္ခရိုင္၊ ကနီၿမိဳ႕နယ္၊ တဇယ္ေခ်ာင္ေက်းရြာ အုပ္စု၊ ေညာင္ပင္၀န္း ေက်းရြာတြင္ ခ်င္းတြင္းျမစ္ကမ္းေဘးမွ ေပ(၁၅၀)ေက်ာ္ခန္႔ အကြာတြင္ ေျမမ်ားနိမ္႔ဆင္း၍ ပတ္ၾကားအက္မ်ား ၾသဂုတ္ ၂၇ ရက္မွစ၍ ျဖစ္ေပၚလ်က္ရွိေၾကာင္း ယင္းေက်းရြာျပည္သူတစ္ဦး ေျပာျပခ်က္အရသိရသည္။

ယင္းသို႔ အက္ကဲြရျခင္းမွာ ကၽြန္ေတာ္တို႔ေက်းရြာဟာ ခ်င္းတြင္းျမစ္ကမ္းေဘး တြင္ရွိၿပီး ရြာ၏ ေၾကာဘက္မွာ ျမစ္ေရတက္လ်င္ေရ၀င္ေရာက္သည့္ တဇယ္ေခ်ာင္းအင္းရွိရာ ျမစ္ေရမ်ားက်ဆင္းသြား သည့္အခါ ဒီအင္းမွ ေရမ်ားက ျမစ္ဘက္သို႔အခ်ိဳ႕ေနရာမ်ားတြင္ စိမ္႔ထြက္မႈမ်ားရွိ၍ အခုလိုျမစ္ကမ္းေဘးမွာ ႏွစ္ႏွစ္ရွိၿပီ ေျမမ်ားနိမ္႔ဆင္း အက္ကြဲမႈမ်ား ျဖစ္ပြားခဲ႔ၿပီး ယခင္ႏွစ္ကေတာ့ ရြာ၏အစြန္ထက္ဘက္တြင္ ျဖစ္ခဲ႔ပါတယ္ ဟု ၄င္းက ဆက္လက္ေျပာျပသည္။


အဆိုပါေျမမ်ားနိမ္႔ဆင္း ပတ္ၾကားအက္ကြဲမႈမ်ားျဖစ္ပြား၍ ျမစ္ကမ္းေဘးမွ ဦးစန္းလင္းေနအိမ္ႏွင့္ ဦးတင္ခို၏ ႏြားတဲႏွင့္ ကမ္းနဖူးလမ္း ထက္၀က္ခန္႔ အက္ကဲြေနမႈမ်ားကို ၿမိဳ႕နယ္သဘာ၀ေဘးၾကိဳတင္ ကာကြယ္ေရး ေကာ္မတီ ဥကၠဌႏွင့္ အဖြဲ႔၀င္မ်ားက ကြင္းဆင္းၾကည့္ရႈ၍ ဆက္လက္၍ ေျမနိမ္႔ဆင္းမႈမ်ား ျဖစ္ပြားလွ်င္ ေရြ႕ေျပာင္းေဆာင္ရြက္ႏိုင္ေရး ႀကိဳတင္ျပင္ဆင္မႈမ်ားေဆာင္ရြက္ ထားေၾကာင္း သိရသည္။

၄င္းေညာင္ပင္၀န္ေက်းရြာတြင္ အိမ္ေျခ(၁၁၈)အိမ္၊ အိမ္ေထာင္စု(၁၅၆)စုရွိၿပီး လူဦးေရ(၇၆၅)ဦး ေနထိုင္ကာ ေတာင္သူႏွင့္ ေရေၾကာင္းကိုအသံုးျပဳ လုပ္ကိုင္ၾကေၾကာင္း သိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:MOI Webportal Myanmar

#Unicode Version
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ တဇယ်ချောင်ကျေးရွာ အုပ်စု၊ ညောင်ပင်ဝန်း ကျေးရွာတွင် ချင်းတွင်းမြစ်ကမ်းဘေးမှ ပေ(၁၅၀)ကျော်ခန့် အကွာတွင် မြေများနိမ့်ဆင်း၍ ပတ်ကြားအက်များ သြဂုတ် ၂၇ ရက်မှစ၍ ဖြစ်ပေါ်လျက်ရှိကြောင်း ယင်းကျေးရွာပြည်သူတစ်ဦး ပြောပြချက်အရသိရသည်။

ယင်းသို့ အက်ကွဲရခြင်းမှာ ကျွန်တော်တို့ကျေးရွာဟာ ချင်းတွင်းမြစ်ကမ်းဘေး တွင်ရှိပြီး ရွာ၏ ကြောဘက်မှာ မြစ်ရေတက်လျင်ရေဝင်ရောက်သည့် တဇယ်ချောင်းအင်းရှိရာ မြစ်ရေများကျဆင်းသွား သည့်အခါ ဒီအင်းမှ ရေများက မြစ်ဘက်သို့အချို့နေရာများတွင် စိမ့်ထွက်မှုများရှိ၍ အခုလိုမြစ်ကမ်းဘေးမှာ နှစ်နှစ်ရှိပြီ မြေများနိမ့်ဆင်း အက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ယခင်နှစ်ကတော့ ရွာ၏အစွန်ထက်ဘက်တွင် ဖြစ်ခဲ့ပါတယ် ဟု ၎င်းက ဆက်လက်ပြောပြသည်။


အဆိုပါမြေများနိမ့်ဆင်း ပတ်ကြားအက်ကွဲမှုများဖြစ်ပွား၍ မြစ်ကမ်းဘေးမှ ဦးစန်းလင်းနေအိမ်နှင့် ဦးတင်ခို၏ နွားတဲနှင့် ကမ်းနဖူးလမ်း ထက်ဝက်ခန့် အက်ကွဲနေမှုများကို မြို့နယ်သဘာဝဘေးကြိုတင် ကာကွယ်ရေး ကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု၍ ဆက်လက်၍ မြေနိမ့်ဆင်းမှုများ ဖြစ်ပွားလျှင် ရွေ့ပြောင်းဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက် ထားကြောင်း သိရသည်။

၎င်းညောင်ပင်ဝန်ကျေးရွာတွင် အိမ်ခြေ(၁၁၈)အိမ်၊ အိမ်ထောင်စု(၁၅၆)စုရှိပြီး လူဦးရေ(၇၆၅)ဦး နေထိုင်ကာ တောင်သူနှင့် ရေကြောင်းကိုအသုံးပြု လုပ်ကိုင်ကြကြောင်း သိရသည်။



ဖိုးသူတော် (www.phothutaw.com)
Credit:MOI Webportal Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top