Property Expo
×

အဝလြန္တဲ့သူေတြရဲ႕ဦးေႏွာက္ေတြဟာဆိုရင္ သိမ္းဆည္းထားတဲ့ မွတ္ဥာဏ္အစိတ္အပိုင္းေတြကို အလြယ္တကူ ပ်က္စီးႏုိင္ၿပီး အတိတ္က ျဖစ္ပ်က္ခဲ့တဲ့ အေၾကာင္းအရာေတြကိုလည္း မွတ္မိဖို႔ ခက္ခဲ့တယ္လုိ႔ သိရပါတယ္။ ဦးေႏွာက္ရဲ႕ သာယာမႈကို ခံစားတတ္တဲ့ အစိတ္အပိုင္းမွာ ေဟာ္မုန္းေတြမ်ားျပားလာရင္ေတာ့ အစားစားခ်င္စိတ္ကို အားေပးၿပီး အဝလြန္မႈကို ျဖစ္ေစတယ္လို႔ က်န္းမာေရးသုေတသီေတြက ေဖာ္ျပခဲ့ပါတယ္။

အဝလြန္ျခင္းဟာဆိုရင္ေတာ့ ဦးေႏွာက္ရဲ႕ အတိတ္မွတ္ဥာဏ္ေတြကို ထိခိုက္ေစႏိုင္ေပမယ့္လည္း အေထြေထြဗဟုသုတမွတ္ဥာဏ္ေတြကိုေတာ့ ထိခိုက္ေစႏုိင္မွာ မဟုတ္ပါဘူး။ ၾကြက္ေတြကိုေတာ့ ဒီစမ္းသပ္ခ်က္ကိုလုပ္ေဆာင္ခဲ့ၿပီး ဘာ့ေၾကာင့္ မွတ္ဥာဏ္စြမ္းရည္က်ဆင္းရတယ္ဆိုတာကို ထင္ထင္ရွားရွား သိခဲ့ေပမယ့္လည္း လူသားေတြမွာေတာ့ ဒီရဲ႕ လုပ္ေဆာင္ခ်က္က ရႈပ္ေထြးေနဆဲျဖစ္တယ္လို႔ သိရပါတယ္။

ေလ့လာသူေတြဟာ အဝလြန္လူ ၅၀ ကို ကြန္ပ်ဴတာနဲ႔ ဂိမ္းကစားတဲ့ သုေတသနကို ျပဳလုပ္ေစခဲ့ၾကပါတယ္။ ဒီဂိမ္းမွာေတာ့ ပစၥည္းေတြကို ဘယ္ေနရာမွာရွိတယ္ဆုိတာ ျပသထားမွာျဖစ္ၿပီး ဒီဂိမ္းစတင္ခ်ိန္မွာ ဘယ္ေနရာမွာ ဘာပစၥည္းဆိုတာကို ျပန္ၿပီးေဖာ္ထုတ္ခိုင္းတဲ့ ဂိမ္းျဖစ္ပါတယ္။ ဒီရဲ႕ ရလဒ္ေတြကို စစ္တမ္းျပဳစုခဲ့ရာမွာေတာ့ အဝလြန္ေနသူေတြက ပိန္တဲ့သူေတြထက္ ၁၅ ရာႏႈန္းေလာက္ အမွတ္ေတြ ေလ်ာ့နည္းေနတာကို ေတြ႕ခဲ့ၾကပါတယ္။

ဘာ့ေၾကာင့္ ဒီလုိမ်ိဳးျဖစ္ေပၚရတယ္ဆိုတာကိုေတာ့ ဆက္ၿပီးေတာ့ ေလ့လာေနဆဲျဖစ္ၿပီး ဦးေႏွာက္ထိခုိက္မႈဟာ အဝလြန္တာနဲ႔ ဆက္စပ္ေနတယ္ဆိုတာ ေသခ်ာပါတယ္လုိ႔ သုေတသီေတြက ေျပာပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit : thithtoolwin


#Unicode Version

အဝလွန်တဲ့သူတွေရဲ့ဦးနှောက်တွေဟာဆိုရင် သိမ်းဆည်းထားတဲ့ မှတ်ဉာဏ်အစိတ်အပိုင်းတွေကို အလွယ်တကူ ပျက်စီးနိုင်ပြီး အတိတ်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကိုလည်း မှတ်မိဖို့ ခက်ခဲ့တယ်လို့ သိရပါတယ်။ ဦးနှောက်ရဲ့ သာယာမှုကို ခံစားတတ်တဲ့ အစိတ်အပိုင်းမှာ ဟော်မုန်းတွေများပြားလာရင်တော့ အစားစားချင်စိတ်ကို အားပေးပြီး အဝလွန်မှုကို ဖြစ်စေတယ်လို့ ကျန်းမာရေးသုတေသီတွေက ဖော်ပြခဲ့ပါတယ်။

အဝလွန်ခြင်းဟာဆိုရင်တော့ ဦးနှောက်ရဲ့ အတိတ်မှတ်ဉာဏ်တွေကို ထိခိုက်စေနိုင်ပေမယ့်လည်း အထွေထွေဗဟုသုတမှတ်ဉာဏ်တွေကိုတော့ ထိခိုက်စေနိုင်မှာ မဟုတ်ပါဘူး။ ကြွက်တွေကိုတော့ ဒီစမ်းသပ်ချက်ကိုလုပ်ဆောင်ခဲ့ပြီး ဘာ့ကြောင့် မှတ်ဉာဏ်စွမ်းရည်ကျဆင်းရတယ်ဆိုတာကို ထင်ထင်ရှားရှား သိခဲ့ပေမယ့်လည်း လူသားတွေမှာတော့ ဒီရဲ့ လုပ်ဆောင်ချက်က ရှုပ်ထွေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

လေ့လာသူတွေဟာ အဝလွန်လူ ၅၀ ကို ကွန်ပျူတာနဲ့ ဂိမ်းကစားတဲ့ သုတေသနကို ပြုလုပ်စေခဲ့ကြပါတယ်။ ဒီဂိမ်းမှာတော့ ပစ္စည်းတွေကို ဘယ်နေရာမှာရှိတယ်ဆိုတာ ပြသထားမှာဖြစ်ပြီး ဒီဂိမ်းစတင်ချိန်မှာ ဘယ်နေရာမှာ ဘာပစ္စည်းဆိုတာကို ပြန်ပြီးဖော်ထုတ်ခိုင်းတဲ့ ဂိမ်းဖြစ်ပါတယ်။ ဒီရဲ့ ရလဒ်တွေကို စစ်တမ်းပြုစုခဲ့ရာမှာတော့ အဝလွန်နေသူတွေက ပိန်တဲ့သူတွေထက် ၁၅ ရာနှုန်းလောက် အမှတ်တွေ လျော့နည်းနေတာကို တွေ့ခဲ့ကြပါတယ်။

ဘာ့ကြောင့် ဒီလိုမျိုးဖြစ်ပေါ်ရတယ်ဆိုတာကိုတော့ ဆက်ပြီးတော့ လေ့လာနေဆဲဖြစ်ပြီး ဦးနှောက်ထိခိုက်မှုဟာ အဝလွန်တာနဲ့ ဆက်စပ်နေတယ်ဆိုတာ သေချာပါတယ်လို့ သုတေသီတွေက ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top