Kantharyar Centre
×

ဧရာဝတီတုိင္းေဒသႀကီး ဘုိကေလးၿမိဳ႕နယ္ ဆတ္ကြၽန္း ေက်းရြာ အုပ္စု ျမင္းကအုပ္ေက်းရြာ ငါးပိေခ်ာင္း ေရေက်ာ္ေခ်ာင္းအတြင္း စက္တင္ဘာ ၁၂ ရက္က လူတစ္ဦးႏွင့္ ဘဲႏွစ္ေကာင္ကုိက္သတ္မႈျဖစ္ပြားၿပီး ေနာက္ စက္တင္ဘာ ၁၇ ရက္က လက္ဝဲကြဲေခ်ာင္း၌ ေနထုိင္သည့္ လယ္လုပ္ဘဲေမြးသူ ဦးခ်စ္ေရႊ (၅ဝ ႏွစ္) ေနအိမ္ရွိ ဘဲၿခံမွဘဲမ်ားကုိ မိေက်ာင္းတစ္ေကာင္က ကိုက္သတ္စားခဲ့ေၾကာင္း သိရသည္။

''လူေတြ ႏိုးလာၿပီး ေျခာက္လွန္႔ေမာင္းထုတ္လုိ႔ တလင္းကုန္းဘက္ ကြၽဲထားရာေနရာကို ေရာက္သြား တယ္။ ကြၽဲကုိေတာ့ မကုိက္သြားပါဘူး။ နံနက္လင္းလို႔ သြားၾကည့္ေတာ့ တလင္းကုန္းဘက္ကပတ္ၿပီး ေရထဲ ကို ျပန္ဆင္းသြားတဲ့ စြတ္ေၾကာင္းရာႀကီးကုိ ေတြ႕ရတယ္'' ဟု မ်က္ျမင္ေတြ႕ရွိသူတစ္ဦးက ေျပာသည္။

ယင္းျဖစ္စဥ္ျဖစ္ပြားၿပီးေနာက္ စက္တင္ဘာ ၁၈ ရက္ ညေန ၅ နာရီခြဲက ဆတ္ကြၽန္းေက်းရြာအုပ္စု ျမင္းကအုပ္ေက်းရြာမွ ဦးသိန္းဝင္း၏ ဇနီး ေဒၚရီစန္း ေခ်ာင္းထဲ၌ ေရခပ္ေနစဥ္ မိေက်ာင္း တစ္ေကာင္ ေကာေနေသာေရေျမာင္းထဲမွ တက္လာသည္ ကို ေတြ႕ရွိ၍ ေၾကာက္လန္႔တၾကားထြက္ေျပးၿပီး နာေရးအိမ္ သုိ႔ေရာက္ေနသည့္ ဦးသိန္းဝင္းကုိ ေအာ္ေခၚေၾကာင္း၊ ၄င္းျပန္ေရာက္လာစဥ္ မိေက်ာင္းမွာ လူသံၾကား၍ ေရထဲသုိ႔ ျပန္ဆင္းသြားေၾကာင္း သိရသည္။ အလားတူ စက္တင္ဘာ ၁၉ ရက္ နံနက္ ၂ နာရီက အဆုိပါ မိေက်ာင္းမွာ ျမင္းက အုပ္ေက်းရြာ ဦးရဲဝင္းေနအိမ္မွ ဘဲမ်ားကုိ လာေရာက္ဆြဲစားရာ ဘဲႏွစ္ေကာင္ပါသြားၿပီး တစ္ေကာင္မွာ ဒဏ္ရာမ်ားျဖင့္ က်န္ရစ္ခဲ့ေၾကာင္း သိရသည္။

''ေက်ာင္းသားမိဘတစ္ဦးအေနနဲ႔ ကေလးေတြ ေလွနဲ႔ ေက်ာင္းသြားတက္ဖို႔ အခက္ေတြ႕ေစတဲ့အျပင္ ကြၽန္ေတာ္တုိ႔လုိ လူႀကီးေတြမွာလည္း မသြားရဲမလာ ရဲေလာက္ေအာင္ ျဖစ္ေနတယ္။ ညဘက္ဆုိရင္ ေလွနဲ႔ ေခ်ာင္း႐ိုးထဲ မအိပ္ရဲေတာ့လုိ႔ အိမ္ေပၚတက္ၿပီး အိပ္ရတယ္'' ဟု ေခ်ာင္း႐ိုး တစ္ေလွ်ာက္ ေလွျဖင့္ ကုန္စိမ္းလုိက္ေရာင္းေသာ ေစ်းသည္ တစ္ဦးက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:MOI Webportal Myanmar

#Unicode Version
ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ဆတ်ကျွန်း ကျေးရွာ အုပ်စု မြင်းကအုပ်ကျေးရွာ ငါးပိချောင်း ရေကျော်ချောင်းအတွင်း စက်တင်ဘာ ၁၂ ရက်က လူတစ်ဦးနှင့် ဘဲနှစ်ကောင်ကိုက်သတ်မှုဖြစ်ပွားပြီး နောက် စက်တင်ဘာ ၁၇ ရက်က လက်ဝဲကွဲချောင်း၌ နေထိုင်သည့် လယ်လုပ်ဘဲမွေးသူ ဦးချစ်ရွှေ (၅ဝ နှစ်) နေအိမ်ရှိ ဘဲခြံမှဘဲများကို မိကျောင်းတစ်ကောင်က ကိုက်သတ်စားခဲ့ကြောင်း သိရသည်။

''လူတွေ နိုးလာပြီး ခြောက်လှန့်မောင်းထုတ်လို့ တလင်းကုန်းဘက် ကျွဲထားရာနေရာကို ရောက်သွား တယ်။ ကျွဲကိုတော့ မကိုက်သွားပါဘူး။ နံနက်လင်းလို့ သွားကြည့်တော့ တလင်းကုန်းဘက်ကပတ်ပြီး ရေထဲ ကို ပြန်ဆင်းသွားတဲ့ စွတ်ကြောင်းရာကြီးကို တွေ့ရတယ်'' ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် စက်တင်ဘာ ၁၈ ရက် ညနေ ၅ နာရီခွဲက ဆတ်ကျွန်းကျေးရွာအုပ်စု မြင်းကအုပ်ကျေးရွာမှ ဦးသိန်းဝင်း၏ ဇနီး ဒေါ်ရီစန်း ချောင်းထဲ၌ ရေခပ်နေစဉ် မိကျောင်း တစ်ကောင် ကောနေသောရေမြောင်းထဲမှ တက်လာသည် ကို တွေ့ရှိ၍ ကြောက်လန့်တကြားထွက်ပြေးပြီး နာရေးအိမ် သို့ရောက်နေသည့် ဦးသိန်းဝင်းကို အော်ခေါ်ကြောင်း၊ ၎င်းပြန်ရောက်လာစဉ် မိကျောင်းမှာ လူသံကြား၍ ရေထဲသို့ ပြန်ဆင်းသွားကြောင်း သိရသည်။ အလားတူ စက်တင်ဘာ ၁၉ ရက် နံနက် ၂ နာရီက အဆိုပါ မိကျောင်းမှာ မြင်းက အုပ်ကျေးရွာ ဦးရဲဝင်းနေအိမ်မှ ဘဲများကို လာရောက်ဆွဲစားရာ ဘဲနှစ်ကောင်ပါသွားပြီး တစ်ကောင်မှာ ဒဏ်ရာများဖြင့် ကျန်ရစ်ခဲ့ကြောင်း သိရသည်။

''ကျောင်းသားမိဘတစ်ဦးအနေနဲ့ ကလေးတွေ လှေနဲ့ ကျောင်းသွားတက်ဖို့ အခက်တွေ့စေတဲ့အပြင် ကျွန်တော်တို့လို လူကြီးတွေမှာလည်း မသွားရဲမလာ ရဲလောက်အောင် ဖြစ်နေတယ်။ ညဘက်ဆိုရင် လှေနဲ့ ချောင်းရိုးထဲ မအိပ်ရဲတော့လို့ အိမ်ပေါ်တက်ပြီး အိပ်ရတယ်'' ဟု ချောင်းရိုး တစ်လျှောက် လှေဖြင့် ကုန်စိမ်းလိုက်ရောင်းသော ဈေးသည် တစ်ဦးက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:MOI Webportal Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top