Kantharyar Centre
×

 ႏုိင္ငံသားတစ္ဦး၏ လူ႔ဂုဏ္သိကၡာကို ထိခိုက္ေစလွ်င္ ေထာင္ဒဏ္ငါးႏွစ္အထိ ခ်မွတ္ႏုိင္မည့္ ႏုိင္ငံသားမ်ား၏ ပုဂၢိဳလ္ဆုိင္ရာ လြတ္လပ္မႈႏွင့္ လုံၿခံဳမႈကိုကာ ကြယ္ေပးေရးဥပေဒၾကမ္းကို စက္ တင္ဘာ ၈ ရက္တြင္ ျပည္သူ႔လႊတ္ ေတာ္သို႔ ဥပေဒၾကမ္းေကာ္မတီက တင္သြင္းခဲ့သည္။

အဆုိပါ ဥပေဒၾကမ္းတြင္ တည္ဆဲဥပေဒတစ္ရပ္ရပ္၌ အတိ အလင္းခြင့္ျပဳထားျခင္း မရွိလွ်င္ ႏုိင္ငံေတာ္သမၼတ၏ ႀကိဳတင္ခြင့္ ျပဳမိန္႔ (သို႔မဟုတ္) ျပည္ေထာင္စု အစိုးရ၏ ႀကိဳတင္ခြင့္ျပဳမိန္႔ မရဘဲ ႏုိင္ငံသားတစ္ဦးဦးအား လူ႔ဂုဏ္ သိကၡာထိခိုက္ေစႏုိင္ေသာ ေနာက္ ေယာင္ခံ ေစာင့္ၾကည့္ျခင္း၊ စုံ ေထာက္ျခင္း၊ စုံစမ္းျခင္း ၀င္ ေရာက္ရွာေဖြသိမ္းဆည္းျခင္း (သို႔ မဟုတ္) ဖမ္းဆီးျခင္း မျပဳရဟု ဥပ ေဒၾကမ္းတြင္ ေရးဆဲြထားသည္။

အဆုိပါ တားျမစ္ခ်က္ကို ေဖာက္ဖ်က္က်ဴးလြန္ေၾကာင္း ျပစ္ မႈထင္ရွားစီရင္ခံရပါက အနည္း ဆုံးေထာင္ဒဏ္တစ္ႏွစ္မွ အမ်ား ဆုံး ငါးႏွစ္အထိ ေထာင္ဒဏ္ခ်မွတ္ ခံရမည့္အျပင္ အနည္းဆုံးက်ပ္ ငါးသိန္းမွ အမ်ားဆုံးက်ပ္ ၂၅ သိန္းအထိ ေငြဒဏ္ခ်မွတ္ႏုိင္ေၾကာင္း ဥပေဒၾကမ္းတြင္ ေရးဆဲြထားသည္။

ဥပေဒၾကမ္းတြင္ ႏုိင္ငံသား တစ္ဦး၏ ေနအိမ္လုံၿခံဳမႈအပါအ ၀င္ ဆက္သြယ္ေရးဆုိင္ရာ လုံၿခံဳမႈပါ အကာအကြယ္ေပးထားသည္။

တစ္ဦးႏွင့္ တစ္ဦးအၾကားဆက္သြယ္ေရး ပစၥည္းကိရိယာ တစ္မ်ဳိးမ်ဳိးျဖင့္ ဆက္သြယ္ေျပာၾကားျခင္းကို ၾကားျဖတ္ဖမ္းယူနား ေထာင္ျခင္း(သို႔မဟုတ္) တစ္နည္းနည္းျဖင့္ အေႏွာင့္အယွက္ေပး ျခင္း မျပဳရဟု ဥပေဒၾကမ္းတြင္  တားျမစ္ထားသည္။

ထို႔ျပင္ ဆက္သြယ္ေရးေအာ္ ပေရတာမ်ားထံမွ ပုဂၢိဳလ္ဆုိင္ရာ တယ္လီဖုန္းႏွင့္ အီလက္ထရြန္ နစ္ဆက္သြယ္ေရး သတင္းအ ခ်က္အလက္မ်ားအား ေတာင္းယူ ျခင္း၊ ထုတ္ေပးျခင္းမျပဳရဟုလည္း တားျမစ္ထားသည္။

အဆုိပါ တားျမစ္ခ်က္ကို ေဖာက္ဖ်က္က်ဴးလြန္ေၾကာင္း ျပစ္ မႈထင္ရွားစီရင္ခံရလွ်င္ အနည္း ဆုံး ေျခာက္လမွ အမ်ားဆုံး သုံးႏွစ္ အထိ ေထာင္ဒဏ္ခ်မွတ္ရမည့္အျပင္ အနည္းဆုံး က်ပ္သုံးသိန္းမွ အမ်ားဆုံးက်ပ္ ၁၅ သိန္းထိ ေငြဒဏ္ခ်မွတ္ႏုိင္ေၾကာင္း ေရးဆဲြထားသည္။

ထို႔ျပင္ မည္သူမွ်ဥပေဒႏွင့္အ ညီ ခြင့္ျပဳမိန္႔တစ္စုံတစ္ရာ မရွိဘဲ ႏုိင္ငံသားတစ္ဦး၏ ေနအိမ္၊ ေနအိမ္အျဖစ္ အသုံးျပဳေသာ တုိက္ ခန္း၊ အေဆာက္အအုံ (သို႔မဟုတ္)ပရိ၀ုဏ္အတြင္း ၀င္ေရာက္ရွာေဖြ သိမ္းဆည္းျခင္း (သို႔မဟုတ္) သူ တစ္ဦးဦးအား ဖမ္းဆီးျခင္း မျပဳရ ဟု ဥပေဒၾကမ္း၏ ပုဒ္မ ၈ ပုဒ္မခဲြ (က)၌ ေရးဆဲြထားသည္။

 ထို႔ျပင္ ႏုိင္ငံသားတစ္ဦး၏ ပုဂၢိဳလ္ဆုိင္ရာ၊ မိသားစုေရးရာ ကိစၥမ်ားတြင္ အဓမၼ၀င္ေရာက္စြက္ ဖက္ျခင္း (သို႔မဟုတ္) လူတစ္ဦး၏ ဂုဏ္သိကၡာႏွင့္ ထင္ေပၚေက်ာ္ ၾကားမႈကို ပုတ္ခတ္ျခင္း (သို႔မ ဟုတ္) ထိခိုက္ေစရန္ တစ္နည္း နည္းျဖင့္ ေဆာင္ရြက္ျခင္း မျပဳရ ဟုလည္း ေရးဆဲြထားသည္။

အဆုိပါ တားျမစ္ခ်က္ကို ေဖာက္ဖ်က္က်ဴးလြန္ေၾကာင္း ျပစ္ မႈထင္ရွားစီရင္ခံရလွ်င္ အနည္း ဆုံး ေျခာက္လမွ အမ်ားဆုံး သုံးႏွစ္ အထိ ေထာင္ဒဏ္ခ်မွတ္ရမည့္အ ျပင္ အနည္းဆုံးက်ပ္ သုံးသိန္းမွ အမ်ားဆုံးက်ပ္ ၁၅ သိန္းအထိ ေငြဒဏ္ခ်မွတ္ႏုိင္ေၾကာင္း ေရးဆဲြထားသည္။ဥပေဒၾကမ္းကို ေဆြးေႏြး၍ ျပင္ဆင္ခ်က္အဆို တင္သြင္းလုိ သည့္ လႊတ္ေတာ္ကိုယ္စားလွယ္ မ်ား အမည္စာရင္း တင္သြင္းႏုိင္ ေၾကာင္း ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ က ေၾကညာခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 နိုင်ငံသားတစ်ဦး၏ လူ့ဂုဏ်သိက္ခာကို ထိခိုက်စေလျှင် ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်မည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကိုကာ ကွယ်ပေးရေးဥပဒေကြမ်းကို စက် တင်ဘာ ၈ ရက်တွင် ပြည်သူ့လွှတ် တော်သို့ ဥပဒေကြမ်းကော်မတီက တင်သွင်းခဲ့သည်။

အဆိုပါ ဥပဒေကြမ်းတွင် တည်ဆဲဥပဒေတစ်ရပ်ရပ်၌ အတိ အလင်းခွင့်ပြုထားခြင်း မရှိလျှင် နိုင်ငံတော်သမ္မတ၏ ကြိုတင်ခွင့် ပြုမိန့် (သို့မဟုတ်) ပြည်ထောင်စု အစိုးရ၏ ကြိုတင်ခွင့်ပြုမိန့် မရဘဲ နိုင်ငံသားတစ်ဦးဦးအား လူ့ဂုဏ် သိက္ခာထိခိုက်စေနိုင်သော နောက် ယောင်ခံ စောင့်ကြည့်ခြင်း၊ စုံ ထောက်ခြင်း၊ စုံစမ်းခြင်း ဝင် ရောက်ရှာဖွေသိမ်းဆည်းခြင်း (သို့ မဟုတ်) ဖမ်းဆီးခြင်း မပြုရဟု ဥပ ဒေကြမ်းတွင် ရေးဆွဲထားသည်။

အဆိုပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ် မှုထင်ရှားစီရင်ခံရပါက အနည်း ဆုံးထောင်ဒဏ်တစ်နှစ်မှ အများ ဆုံး ငါးနှစ်အထိ ထောင်ဒဏ်ချမှတ် ခံရမည့်အပြင် အနည်းဆုံးကျပ် ငါးသိန်းမှ အများဆုံးကျပ် ၂၅ သိန်းအထိ ငွေဒဏ်ချမှတ်နိုင်ကြောင်း ဥပဒေကြမ်းတွင် ရေးဆွဲထားသည်။

ဥပဒေကြမ်းတွင် နိုင်ငံသား တစ်ဦး၏ နေအိမ်လုံခြုံမှုအပါအ ဝင် ဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုပါ အကာအကွယ်ပေးထားသည်။

တစ်ဦးနှင့် တစ်ဦးအကြားဆက်သွယ်ရေး ပစ္စည်းကိရိယာ တစ်မျိုးမျိုးဖြင့် ဆက်သွယ်ပြောကြားခြင်းကို ကြားဖြတ်ဖမ်းယူနား ထောင်ခြင်း(သို့မဟုတ်) တစ်နည်းနည်းဖြင့် အနှောင့်အယှက်ပေး ခြင်း မပြုရဟု ဥပဒေကြမ်းတွင်  တားမြစ်ထားသည်။

ထို့ပြင် ဆက်သွယ်ရေးအော် ပရေတာများထံမှ ပုဂ္ဂိုလ်ဆိုင်ရာ တယ်လီဖုန်းနှင့် အီလက်ထရွန် နစ်ဆက်သွယ်ရေး သတင်းအ ချက်အလက်များအား တောင်းယူ ခြင်း၊ ထုတ်ပေးခြင်းမပြုရဟုလည်း တားမြစ်ထားသည်။

အဆိုပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ် မှုထင်ရှားစီရင်ခံရလျှင် အနည်း ဆုံး ခြောက်လမှ အများဆုံး သုံးနှစ် အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံးကျပ် ၁၅ သိန်းထိ ငွေဒဏ်ချမှတ်နိုင်ကြောင်း ရေးဆွဲထားသည်။

ထို့ပြင် မည်သူမျှဥပဒေနှင့်အ ညီ ခွင့်ပြုမိန့်တစ်စုံတစ်ရာ မရှိဘဲ နိုင်ငံသားတစ်ဦး၏ နေအိမ်၊ နေအိမ်အဖြစ် အသုံးပြုသော တိုက် ခန်း၊ အဆောက်အအုံ (သို့မဟုတ်)ပရိဝုဏ်အတွင်း ဝင်ရောက်ရှာဖွေ သိမ်းဆည်းခြင်း (သို့မဟုတ်) သူ တစ်ဦးဦးအား ဖမ်းဆီးခြင်း မပြုရ ဟု ဥပဒေကြမ်း၏ ပုဒ်မ ၈ ပုဒ်မခွဲ (က)၌ ရေးဆွဲထားသည်။

 ထို့ပြင် နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ၊ မိသားစုရေးရာ ကိစ္စများတွင် အဓမ္မဝင်ရောက်စွက် ဖက်ခြင်း (သို့မဟုတ်) လူတစ်ဦး၏ ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော် ကြားမှုကို ပုတ်ခတ်ခြင်း (သို့မ ဟုတ်) ထိခိုက်စေရန် တစ်နည်း နည်းဖြင့် ဆောင်ရွက်ခြင်း မပြုရ ဟုလည်း ရေးဆွဲထားသည်။

အဆိုပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ် မှုထင်ရှားစီရင်ခံရလျှင် အနည်း ဆုံး ခြောက်လမှ အများဆုံး သုံးနှစ် အထိ ထောင်ဒဏ်ချမှတ်ရမည့်အ ပြင် အနည်းဆုံးကျပ် သုံးသိန်းမှ အများဆုံးကျပ် ၁၅ သိန်းအထိ ငွေဒဏ်ချမှတ်နိုင်ကြောင်း ရေးဆွဲထားသည်။ဥပဒေကြမ်းကို ဆွေးနွေး၍ ပြင်ဆင်ချက်အဆို တင်သွင်းလို သည့် လွှတ်တော်ကိုယ်စားလှယ် များ အမည်စာရင်း တင်သွင်းနိုင် ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က ကြေညာခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top