Property Expo
×

              အထပ္ျမင့္အေဆာက္အအုံမ်ား မ်ားျပားလာသည့္ ရန္ကုန္ျမင္ကြင္း

ရန္ကုန္ၿမိဳ႕တြင္ ေျမျပင္ လုပ္ငန္းမ်ားသာ စတင္ရေသး ေသာ အထပ္ျမင့္ ၅၅ လံုးစီမံကိန္း ၌ ျပန္လည္ျပင္ဆင္တည္ေဆာက္ ရမည့္ အခ်က္အလက္မ်ားကို လုပ္ငန္းရွင္မ်ားအား ေခၚယူအသိေပး ခဲ့ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ ပင္သာယာေရးေကာ္မတီမွ သ တင္းရရွိသည္။

အဆိုပါ အထပ္ျမင့္ ၅၅ လံုးကို ရန္ကုန္ၿမိဳ႕ေတာ္အဂၤါရပ္ႏွင့္အညီ အေဆာက္အအံုမ်ားတည္ေဆာက္မႈစိစစ္ေရး ေကာ္မတီက ဒုတိယသုတ္အျဖစ္ အခ်ိန္ယူစစ္ေဆးခဲ့ၿပီး ျပင္ဆင္ရန္ လိုအပ္ခ်က္မ်ားကို တိုင္းေဒသႀကီးအစိုးရအဖြဲ႕သို႔ တင္ျပခဲ့ျခင္းျဖစ္သည္။

ေျမျပင္လုပ္ငန္းမ်ားသာ စ တင္ေနေသးသည့္ ဒုတိယေျမာက္ စစ္ေဆးခဲ့ေသာ အဆိုပါ အထပ္ ျမင့္စီမံကိန္း ၅၅ လံုး၏ဒီဇုိင္းမ်ား ထဲမွ အခ်ိဳ႕အခ်က္အလက္မ်ား ကို ျပန္လည္ျပင္ဆင္ရန္ လုပ္ငန္း ရွင္မ်ားအား ေခၚယူေတြ႕ဆံုခဲ့ျခင္း ျဖစ္သည္ဟု ရန္ကုန္ၿမိဳ႕ေတာ္စည္ ပင္သာယာေရးေကာ္မတီ အင္ ဂ်င္နီယာႏွင့္အေဆာက္အအံုဌာ နမွ တာဝန္ရွိသူတစ္ဦးက ေျပာ ၾကားသည္။

‘‘သူတို႔ကို စက္တင္ဘာ ၈ ရက္နဲ႔ ၉ ရက္မွာ ႏွစ္ရက္ဆက္ တုိက္ေခၚေတြ႕ခဲ့တယ္။ ေျမျပင္ လုပ္ငန္းေတြပဲ ရွိေသးတ့ဲအတြက္ ျပန္ျပင္စရာရွိတာေတြ ျပင္လို႔ရ ေအာင္ ေခၚေျပာတာပါ’’ဟု ၎ က 7Day Daily သတင္းစာအား ေျပာသည္။

အထူးသျဖင့္ ေရစီးေရလာ ေကာင္းမြန္ေစရန္ ေရေျမာင္းဒီ ဇိုင္းမ်ားအား ေျပာင္းလဲေစျခင္း၊ ထရန္စေဖာ္မာေနရာခ်ထားျခင္း ကိစၥမ်ားႏွင့္ ကားပါကင္ေနရာအ က်ယ္အဝန္းတို႔ကို စီမံကိန္းဒီဇုိင္း တြင္ ျပန္လည္ျပင္ဆင္ရန္ ခံဝန္ ကတိေတာင္းခံၿပီး ေခၚယူေတြ႕ဆံု ခဲ့ျခင္းျဖစ္ေၾကာင္း ၎က ဆို သည္။

 ‘‘အခုလို ကြၽန္ေတာ္တို႔ကို ေျမျပင္လုပ္ငန္းမ်ားစတင္ေနတဲ့ အခ်ိန္မွာ ေခၚေျပာတဲ့အတြက္ အ ခ်ိန္မီျပင္ဆင္သြားမွာပါ။ ေရွ႕ ၁၂ လံုးကလို စီမံကိန္းၿပီးခါနီးမွ ျပန္ ျပင္ရမယ္ဆိုတာမ်ိဳးဆိုရင္ေတာ့ အဆင္မေျပဘူး။ သူတို႔ဘက္က အမ်ားဆံုး ျပင္ခိုင္းတာကေတာ့ ကားပါကင္နဲ႔ အိမ္ေရွ႕အိမ္ေနာက္ ေရေျမာင္းေတြရဲ႕ဒီဇုိင္းပါ’’ဟု ရန္ ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီက ေခၚယူေတြ႕ဆံုရာ တြင္ ပါဝင္ေသာ ေဆာက္လုပ္ေရး လုပ္ငန္းရွင္တစ္ဦးက ဆိုသည္။

ယခုစီမံကိန္းဒီဇိုင္းမ်ားျပင္ ဆင္ရန္ ျပန္လည္ၫြန္ၾကားျခင္း ခံရသည့္ အထပ္ျမင့္စီမံကိန္း ၅၅ လံုးသည္ ၿပီးခဲ့သည့္ အစိုးရလက္ ထက္က မူအားျဖင့္ တည္ေဆာက္ ရန္ ခြင့္ျပဳခ်က္ရရွိထားေသာအ ေဆာက္အအံုမ်ားျဖစ္သည္။

ရန္ကုန္ၿမိဳ႕ေတာ္ အဂၤါရပ္ ႏွင့္အညီ အေဆာက္အအုံမ်ား တည္ေဆာက္မႈ စိစစ္ေရးေကာ္မတီက ပထမအသုတ္စစ္ေဆးမႈ ျဖစ္သည့္ အထပ္ျမင့္ ၁၂ လံုးတြင္ အထပ္ေလွ်ာ့စီမံကိန္းဒီဇုိင္းျပင္ဆင္ရန္ ဇူလိုင္က ၫႊန္ၾကားခ်က္ ထုတ္ျပန္ခဲ့သည္။

အဆိုပါၫႊန္ၾကားခ်က္မ်ား ထုတ္ျပန္ၿပီး တစ္လအၾကာတြင္ မူလဒီဇုိင္းအတုိင္း ျပန္လည္တည္ ေဆာက္ခြင့္ကို တုိင္းေဒသႀကီးအ စိုးရအဖြဲ႕က ျပန္လည္ေျဖေလွ်ာ့ ေပးခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ရန်ကုန်မြို့တွင် မြေပြင် လုပ်ငန်းများသာ စတင်ရသေး သော အထပ်မြင့် ၅၅ လုံးစီမံကိန်း ၌ ပြန်လည်ပြင်ဆင်တည်ဆောက် ရမည့် အချက်အလက်များကို လုပ်ငန်းရှင်များအား ခေါ်ယူအသိပေး ခဲ့ကြောင်း ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီမှ သ တင်းရရှိသည်။

အဆိုပါ အထပ်မြင့် ၅၅ လုံးကို ရန်ကုန်မြို့တော်အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများတည်ဆောက်မှုစိစစ်ရေး ကော်မတီက ဒုတိယသုတ်အဖြစ် အချိန်ယူစစ်ဆေးခဲ့ပြီး ပြင်ဆင်ရန် လိုအပ်ချက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြခဲ့ခြင်းဖြစ်သည်။

မြေပြင်လုပ်ငန်းများသာ စ တင်နေသေးသည့် ဒုတိယမြောက် စစ်ဆေးခဲ့သော အဆိုပါ အထပ် မြင့်စီမံကိန်း ၅၅ လုံး၏ဒီဇိုင်းများ ထဲမှ အချို့အချက်အလက်များ ကို ပြန်လည်ပြင်ဆင်ရန် လုပ်ငန်း ရှင်များအား ခေါ်ယူတွေ့ဆုံခဲ့ခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီ အင် ဂျင်နီယာနှင့်အဆောက်အအုံဌာ နမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

‘‘သူတို့ကို စက်တင်ဘာ ၈ ရက်နဲ့ ၉ ရက်မှာ နှစ်ရက်ဆက် တိုက်ခေါ်တွေ့ခဲ့တယ်။ မြေပြင် လုပ်ငန်းတွေပဲ ရှိသေးတဲ့အတွက် ပြန်ပြင်စရာရှိတာတွေ ပြင်လို့ရ အောင် ခေါ်ပြောတာပါ’’ဟု ၎င်း က 7Day Daily သတင်းစာအား ပြောသည်။

အထူးသဖြင့် ရေစီးရေလာ ကောင်းမွန်စေရန် ရေမြောင်းဒီ ဇိုင်းများအား ပြောင်းလဲစေခြင်း၊ ထရန်စဖော်မာနေရာချထားခြင်း ကိစ္စများနှင့် ကားပါကင်နေရာအ ကျယ်အဝန်းတို့ကို စီမံကိန်းဒီဇိုင်း တွင် ပြန်လည်ပြင်ဆင်ရန် ခံဝန် ကတိတောင်းခံပြီး ခေါ်ယူတွေ့ဆုံ ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆို သည်။

 ‘‘အခုလို ကျွန်တော်တို့ကို မြေပြင်လုပ်ငန်းများစတင်နေတဲ့ အချိန်မှာ ခေါ်ပြောတဲ့အတွက် အ ချိန်မီပြင်ဆင်သွားမှာပါ။ ရှေ့ ၁၂ လုံးကလို စီမံကိန်းပြီးခါနီးမှ ပြန် ပြင်ရမယ်ဆိုတာမျိုးဆိုရင်တော့ အဆင်မပြေဘူး။ သူတို့ဘက်က အများဆုံး ပြင်ခိုင်းတာကတော့ ကားပါကင်နဲ့ အိမ်ရှေ့အိမ်နောက် ရေမြောင်းတွေရဲ့ဒီဇိုင်းပါ’’ဟု ရန် ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ခေါ်ယူတွေ့ဆုံရာ တွင် ပါဝင်သော ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ယခုစီမံကိန်းဒီဇိုင်းများပြင် ဆင်ရန် ပြန်လည်ညွန်ကြားခြင်း ခံရသည့် အထပ်မြင့်စီမံကိန်း ၅၅ လုံးသည် ပြီးခဲ့သည့် အစိုးရလက် ထက်က မူအားဖြင့် တည်ဆောက် ရန် ခွင့်ပြုချက်ရရှိထားသောအ ဆောက်အအုံများဖြစ်သည်။

ရန်ကုန်မြို့တော် အင်္ဂါရပ် နှင့်အညီ အဆောက်အအုံများ တည်ဆောက်မှု စိစစ်ရေးကော်မတီက ပထမအသုတ်စစ်ဆေးမှု ဖြစ်သည့် အထပ်မြင့် ၁၂ လုံးတွင် အထပ်လျှော့စီမံကိန်းဒီဇိုင်းပြင်ဆင်ရန် ဇူလိုင်က ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါညွှန်ကြားချက်များ ထုတ်ပြန်ပြီး တစ်လအကြာတွင် မူလဒီဇိုင်းအတိုင်း ပြန်လည်တည် ဆောက်ခွင့်ကို တိုင်းဒေသကြီးအ စိုးရအဖွဲ့က ပြန်လည်ဖြေလျှော့ ပေးခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top