Property Expo
×

၁ - ရည္းစားရွိတယ္ထင္လို႔

စတုိင္အရမ္းမိုက္ျပီး ၾကည့္လို႕ေကာင္းေနေတာ့  ရည္းစားရွိျပီးသားလို႔ ထင္ပါတယ္။ ဒါေၾကာင့္ ခ်ဥ္းကပ္တာမ်ိဳး မလုပ္ေတာ့ပါဘူး။

၂ - ေရွ႕ဆက္မတုိးရဲလို႔

အရမ္းေခ်ာတ့ဲ မိန္းကေလးတစ္ေယာက္က သူ႔ကို တကယ္ခ်စ္တာလား၊ ၾကိဳက္ရုံသက္သက္လား၊ ေခ်ာလို႔ စိတ္ကစားတာလားဆိုတာကို တျခားလူေတြထက္ ခြဲျခားရခက္ပါတယ္။ လူေတာ္ေတာ္မ်ားမ်ားကို ေခ်ာလို႔ လာၾကိဳက္တယ္လို႔ပဲ ထင္ေနပါတယ္။ တျခားအရည္အခ်င္းေတြကို သူကျမင္ေစခ်င္ေပမဲ့ တစ္ဖက္လူေတြက မျမင္တာမ်ားပါတယ္။  ဒါေၾကာင့္ ခပ္ခြာခြာ ဆက္ဆံထားရာကေန တစ္ဖက္လူက ဆက္ျပီး မတုိးရဲေတာ့ပါဘူး။

၃ - ဘယ္လိုလုပ္ရမွန္း မသိလို႔

ၾကိဳက္ေပမဲ့ ဘယ္လိုခ်ဥ္းကပ္ရမယ္မွန္း မသိလို႔ျဖစ္ပါတယ္။ အရမ္းေခ်ာေနသူတစ္ေယာက္ဟာ တစ္ဖက္လူအတြက္ ရွိန္ေစပါတယ္။ ငါ့ထက္ရူးသြပ္ေနတဲ့လူေတြ သူ႔ဆီမွာရွိေနမွာပဲ လို႕ေတြးပါတယ္။ ရဲရဲဝံ့ဝံ့ မခ်ဥ္းကပ္ေတာ့ ပါဘူး။ ဒါနဲ႔ပဲ ဘာမွ ဆက္မျဖစ္ေတာ့ပါဘူး။

၄ - ပတ္ဝန္းက်င္

ေခ်ာလြန္းေပမဲ့ ရည္းစားမရတာဟာ တစ္ခုခုမွားေနတာေၾကာင့္လို ပတ္ဝန္းက်င္က ထင္ၾကပါတယ္။ ဒါနဲ႔ပဲ ေခ်ာတဲ့မိန္းမတစ္ေယာက္ဟာ မာနၾကီးတယ္တို႔၊ ေတာ္ရုံလူဂရုမစိုက္ဘူးဆိုတဲ့စကားေတြနဲ႔ သူ႔ပတ္ဝန္းက်င္က တြဲဖက္သိလာပါေတာ့တယ္။

၅ - ေၾကာက္လို႔

အရမ္းေခ်ာေတာ့ မၾကိဳက္ရဲပါဘူး။ ဟိုလူက စိတ္ဝင္စား၊ ဒီလူက စိတ္ဝင္စားနဲ႔ သဝန္တိုရတဲ့ဒဏ္နဲ႔ အျခားကိစၥေတြကို ေတြးပူျပီး ေၾကာက္ေနတာေၾကာင့္ပါ။

၆ - အတၱၾကီးလို႔

တစ္ခ်ိဳ႕ကေတာ့ အတၱၾကီးလို႔ပါ။ အရမ္းေခ်ာေနတာေၾကာင့္ အႏိုင္ခံရမွာ၊ အျမဲတမ္းဆရာၾကီး လုပ္ခံေနမွာေတြကို ေၾကာက္လို႔ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

၁ - ရည်းစားရှိတယ်ထင်လို့

စတိုင်အရမ်းမိုက်ပြီး ကြည့်လို့ကောင်းနေတော့  ရည်းစားရှိပြီးသားလို့ ထင်ပါတယ်။ ဒါကြောင့် ချဉ်းကပ်တာမျိုး မလုပ်တော့ပါဘူး။

၂ - ရှေ့ဆက်မတိုးရဲလို့

အရမ်းချောတဲ့ မိန်းကလေးတစ်ယောက်က သူ့ကို တကယ်ချစ်တာလား၊ ကြိုက်ရုံသက်သက်လား၊ ချောလို့ စိတ်ကစားတာလားဆိုတာကို တခြားလူတွေထက် ခွဲခြားရခက်ပါတယ်။ လူတော်တော်များများကို ချောလို့ လာကြိုက်တယ်လို့ပဲ ထင်နေပါတယ်။ တခြားအရည်အချင်းတွေကို သူကမြင်စေချင်ပေမဲ့ တစ်ဖက်လူတွေက မမြင်တာများပါတယ်။  ဒါကြောင့် ခပ်ခွာခွာ ဆက်ဆံထားရာကနေ တစ်ဖက်လူက ဆက်ပြီး မတိုးရဲတော့ပါဘူး။

၃ - ဘယ်လိုလုပ်ရမှန်း မသိလို့

ကြိုက်ပေမဲ့ ဘယ်လိုချဉ်းကပ်ရမယ်မှန်း မသိလို့ဖြစ်ပါတယ်။ အရမ်းချောနေသူတစ်ယောက်ဟာ တစ်ဖက်လူအတွက် ရှိန်စေပါတယ်။ ငါ့ထက်ရူးသွပ်နေတဲ့လူတွေ သူ့ဆီမှာရှိနေမှာပဲ လို့တွေးပါတယ်။ ရဲရဲဝံ့ဝံ့ မချဉ်းကပ်တော့ ပါဘူး။ ဒါနဲ့ပဲ ဘာမှ ဆက်မဖြစ်တော့ပါဘူး။

၄ - ပတ်ဝန်းကျင်

ချောလွန်းပေမဲ့ ရည်းစားမရတာဟာ တစ်ခုခုမှားနေတာကြောင့်လို ပတ်ဝန်းကျင်က ထင်ကြပါတယ်။ ဒါနဲ့ပဲ ချောတဲ့မိန်းမတစ်ယောက်ဟာ မာနကြီးတယ်တို့၊ တော်ရုံလူဂရုမစိုက်ဘူးဆိုတဲ့စကားတွေနဲ့ သူ့ပတ်ဝန်းကျင်က တွဲဖက်သိလာပါတော့တယ်။

၅ - ကြောက်လို့

အရမ်းချောတော့ မကြိုက်ရဲပါဘူး။ ဟိုလူက စိတ်ဝင်စား၊ ဒီလူက စိတ်ဝင်စားနဲ့ သဝန်တိုရတဲ့ဒဏ်နဲ့ အခြားကိစ္စတွေကို တွေးပူပြီး ကြောက်နေတာကြောင့်ပါ။

၆ - အတ္တကြီးလို့

တစ်ချို့ကတော့ အတ္တကြီးလို့ပါ။ အရမ်းချောနေတာကြောင့် အနိုင်ခံရမှာ၊ အမြဲတမ်းဆရာကြီး လုပ်ခံနေမှာတွေကို ကြောက်လို့ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top