Kantharyar Centre
×

ဇန္နဝါရီလေမြးသူ ... သူမ်ားေၿပာစကား နားမေထာင္ ေခါင္းမာလိုက္တာလြန္ေရာ

ဘယ္သူကဘယ္လိုထင္ထင္ ဘာကိုမွ မစဥ္းစားပါ။ ကိုယ္ထင္တာကို လုပ္ၿပီး သူမ်ားေၿပာစကားဆိုရင္လည္း နားမေထာင္ခ်င္သူမ်ား ၿဖစ္ပါတယ္။ သူတို႔ေတြက လုပ္ငန္းမွာ ေခါင္းေဆာင္ေကာင္းတစ္ေယာက္ၿဖစ္ႏုိင္ပါတယ္။

ေဖေဖာ္ဝါရီလေမြးသူ ... အေတြးအေခၚပညာရွင္

ေၾကာ္ၿငာတို႔ ရုပ္ရွင္တို႔ ဖန္တီးတဲ့ေနရာမွာ ထူးခၽြန္သူမ်ားၿဖစ္ပါလိမ့္မယ္။ သူတို႔က အၿမဲစဥ္းစားေနသူေတြၿဖစ္တာေၾကာင့္ ေပါ့ေပါ့ပါးပါး စဥ္းစားေနသူေတြနဲ႕ေတာ့ အဆင္ေၿပမယ္မထင္ပါ။

မတ္လေမြးသူ ... ၿငိမ္းခ်မ္းေရးသမား

မတ္လေမြးသူေတြကလည္း ေဖေဖာ္ဝါရီလ ေမြးသူေတြနဲ႕ နည္းနည္းဆင္ပါတယ္။ အေတြးအေခၚသမားေတြဆိုေတာ့ တစ္ေယာက္တည္း ေအးေအးေဆးေဆးေတြးေနတတ္တယ္။ ၿငိမ္းခ်မ္းေရးကို အေလးထားၿပီး စိတ္ထားလည္း ႏူးညံ့သူမ်ား ၿဖစ္ပါတယ္။

ဧၿပီလေမြးသူ ... ထင္ေပၚေက်ာ္ၾကားခ်င္သူ

သူကေတာ့ တစ္ေယာက္တည္းေနရတာကို မုန္းတတ္တယ္။ သူငယ္ခ်င္း အေပါင္းအသင္းေတြရဲ႕ အေလးေပးမႈကို ခံယူခ်င္တယ္။ အသံၿပဲၿပီး နည္းနည္း နားၿငီးတယ္လို႔ ထင္ေနတဲ့သူေတြမ်ားလိမ့္မယ္ေနာ္။

ေမလေမြးသူ ... အသစ္ကိုၾကိဳက္ၿပီး အေဟာင္းကိုေမ့တတ္သူ

ေမလေမြးသူကေတာ့ ဘာကိုပဲလုပ္လုပ္ မၿပတ္မသားၿဖစ္တတ္ၿပီး ခဏခဏေၿပာင္းခ်င္ေနတဲ့သူပါ။ တစ္ေယာက္တည္းေနရတာကို မုန္းၿပီး သူငယ္ခ်င္းေတြနဲ႔အတူရွိေနရမွ စိတ္ေအးသူပါ။ အသစ္အဆန္းေတြကိုလုပ္ရမယ္ဆိုရင္ေပ်ာ္ပင္မယ့္လည္း ခ်က္ခ်င္းဆိုသလို ပ်င္းသြားတတ္သူပါ။

ဇြန္လေမြးသူ ... ခံစားခ်က္ေတြနဲ႕အသက္ရွင္ေနသူ

ကိုယ့္ရဲ႕အနာဂတ္ကို အစီအစဥ္ခ်ၿပီး စဥ္းစားတာကို သေဘာက်ေနတတ္သူပါ။ ကမာၻၾကီးအတြက္လည္း အမိႈက္လည္း ေကာက္ေနတတ္ပါတယ္။ အေသးအမႊားေလးေတြကို စိတ္ထဲကေန မေၿဖာက္ႏုိင္ေတာ့ ခ်က္ခ်င္း ဆိုသလို စိတ္အားငယ္တတ္သူပါ။

ဇူလိုင္လေမြးသူ ... လူမႈေရး ထူးခၽြန္ၿပီး ယံုၾကည္ခ်က္အၿပည့္ရွိသူ

စားေသာက္ပဲြေတြမွာ ေဘးကသူကို မသိပင္မယ့္လည္း ခ်က္ခ်င္းဆိုသလို စကားေၿပာႏုိင္သူပါ။ လူမႈေရးမွာ ေတာ္သလို ဘယ္သူ႕ကိုမဆို ၿပံဳးၿပႏုိင္သူပါ။ တဖက္မွာ သူက ဘယ္လိုလူၿဖစ္မလဲဆိုတာကို မွန္းရခက္ပါတယ္။

ၾသဂုတ္လေမြးသူ ... တာဝန္ယူတတ္ၿပီး သူရဲေကာင္းဆန္သူ

တာဝန္တစ္ခုကို အသက္ေပးၿပီး ကာကြယ္မယ္လို႔ စဥ္းစားေနသူ ၿဖစ္ပါလိမ့္မယ္။ ဒါေၾကာင့္လည္း ကိုယ့္စိတ္က ကိုယ့္ကို ႏွိပ္စက္သလို ၿဖစ္ေနပါလိမ့္မယ္။ ၿပသာနာေတြတက္တတ္ပါတယ္။

စက္တင္ဘာလေမြးသူ ... လူတစ္ေယာက္ကို အားကိုးလြယ္သူ

အၿခားသူအေပၚမွာ တင္းၾကပ္သလို ကိုယ္က ႏွစ္သက္သူအေပၚမွာလည္း အားကိုးလြယ္ၿပီး အထင္ၾကီးေတာ့ ဒုကၡလွလွေတြ႕ရတတ္ပါတယ္။

ေအာက္တုိဘာလေမြးသူ ... အိမ္ေၿပာင္း၊ အလုပ္ေၿပာင္းရတာကို မုန္းသူ

ေၿပာင္းလဲမႈကို မုန္းၿပီး ၿဖစ္ႏုိင္ရင္ ဒီေနရာမွာ အၿမဲ ေနခ်င္တယ္လို႔ ဆံုးၿဖတ္ထားတယ္။ အရမ္းကို ရုိးသားသူေတြၿဖစ္တာေၾကာင့္ အတိုက္အခိုက္ေတြကို မုန္းသူပါ။

ႏုိဝင္ဘာလေမြးသူ ... ဘာစဥ္းစားေနလဲဆိုတာကို နားလည္ရန္ခက္သူ

ခံစားမႈေတြကို စိတ္ထဲမွာ သိမ္းထားၿပီး ပတ္ဝန္းက်င္က သူဘာေတြ စဥ္းစားေနတယ္ဆိုတာကို နားလည္ႏုိင္မွာ မဟုတ္ပါ။ သူ႕မွာ ရည္မွန္းခ်က္ေတြၾကီးမားၿပီးေတာ့ ကိုယ့္ရဲ႕ ရည္မွန္းခ်က္ၿပီးေၿမာက္တဲ့အထိ လံုးဝကို လက္ေၿမွာက္မွာ မဟုတ္ပါ။

ဒီဇင္ဘာလေမြးသူ ... အၿငိမ္မေနႏုိင္သူ

လူေတြေရွ႕မွာ ေပ်ာ္ေပ်ာ္ေနတတ္သူ ၿဖစ္ပင္မယ့္လည္း မာနၾကီးသူလည္း ၿဖစ္တယ္။ တေနရာမွာ ေတာ္ေလွ်ာက္ေနႏိုင္ဖို႔ကို ေတာ္ေတာ္ကို စဥ္းစားရခက္မွာပါ။ ေနာက္ၿပီး နည္းနည္းစိတ္ဆိုးလြယ္သူဆိုရင္လည္း မမွားပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Chelmo Team

#Unicode Version

ဇန်နဝါရီလမွေးသူ ... သူများပြောစကား နားမထောင် ခေါင်းမာလိုက်တာလွန်ရော

ဘယ်သူကဘယ်လိုထင်ထင် ဘာကိုမှ မစဉ်းစားပါ။ ကိုယ်ထင်တာကို လုပ်ပြီး သူများပြောစကားဆိုရင်လည်း နားမထောင်ချင်သူများ ဖြစ်ပါတယ်။ သူတို့တွေက လုပ်ငန်းမှာ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်နိုင်ပါတယ်။

ဖေဖော်ဝါရီလမွေးသူ ... အတွေးအခေါ်ပညာရှင်

ကြော်ငြာတို့ ရုပ်ရှင်တို့ ဖန်တီးတဲ့နေရာမှာ ထူးချွန်သူများဖြစ်ပါလိမ့်မယ်။ သူတို့က အမြဲစဉ်းစားနေသူတွေဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါး စဉ်းစားနေသူတွေနဲ့တော့ အဆင်ပြေမယ်မထင်ပါ။

မတ်လမွေးသူ ... ငြိမ်းချမ်းရေးသမား

မတ်လမွေးသူတွေကလည်း ဖေဖော်ဝါရီလ မွေးသူတွေနဲ့ နည်းနည်းဆင်ပါတယ်။ အတွေးအခေါ်သမားတွေဆိုတော့ တစ်ယောက်တည်း အေးအေးဆေးဆေးတွေးနေတတ်တယ်။ ငြိမ်းချမ်းရေးကို အလေးထားပြီး စိတ်ထားလည်း နူးညံ့သူများ ဖြစ်ပါတယ်။

ဧပြီလမွေးသူ ... ထင်ပေါ်ကျော်ကြားချင်သူ

သူကတော့ တစ်ယောက်တည်းနေရတာကို မုန်းတတ်တယ်။ သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ အလေးပေးမှုကို ခံယူချင်တယ်။ အသံပြဲပြီး နည်းနည်း နားငြီးတယ်လို့ ထင်နေတဲ့သူတွေများလိမ့်မယ်နော်။

မေလမွေးသူ ... အသစ်ကိုကြိုက်ပြီး အဟောင်းကိုမေ့တတ်သူ

မေလမွေးသူကတော့ ဘာကိုပဲလုပ်လုပ် မပြတ်မသားဖြစ်တတ်ပြီး ခဏခဏပြောင်းချင်နေတဲ့သူပါ။ တစ်ယောက်တည်းနေရတာကို မုန်းပြီး သူငယ်ချင်းတွေနဲ့အတူရှိနေရမှ စိတ်အေးသူပါ။ အသစ်အဆန်းတွေကိုလုပ်ရမယ်ဆိုရင်ပျော်ပင်မယ့်လည်း ချက်ချင်းဆိုသလို ပျင်းသွားတတ်သူပါ။

ဇွန်လမွေးသူ ... ခံစားချက်တွေနဲ့အသက်ရှင်နေသူ

ကိုယ့်ရဲ့အနာဂတ်ကို အစီအစဉ်ချပြီး စဉ်းစားတာကို သဘောကျနေတတ်သူပါ။ ကမ္ဘာကြီးအတွက်လည်း အမှိုက်လည်း ကောက်နေတတ်ပါတယ်။ အသေးအမွှားလေးတွေကို စိတ်ထဲကနေ မဖြောက်နိုင်တော့ ချက်ချင်း ဆိုသလို စိတ်အားငယ်တတ်သူပါ။

ဇူလိုင်လမွေးသူ ... လူမှုရေး ထူးချွန်ပြီး ယုံကြည်ချက်အပြည့်ရှိသူ

စားသောက်ပွဲတွေမှာ ဘေးကသူကို မသိပင်မယ့်လည်း ချက်ချင်းဆိုသလို စကားပြောနိုင်သူပါ။ လူမှုရေးမှာ တော်သလို ဘယ်သူ့ကိုမဆို ပြုံးပြနိုင်သူပါ။ တဖက်မှာ သူက ဘယ်လိုလူဖြစ်မလဲဆိုတာကို မှန်းရခက်ပါတယ်။

သြဂုတ်လမွေးသူ ... တာဝန်ယူတတ်ပြီး သူရဲကောင်းဆန်သူ

တာဝန်တစ်ခုကို အသက်ပေးပြီး ကာကွယ်မယ်လို့ စဉ်းစားနေသူ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်လည်း ကိုယ့်စိတ်က ကိုယ့်ကို နှိပ်စက်သလို ဖြစ်နေပါလိမ့်မယ်။ ပြသာနာတွေတက်တတ်ပါတယ်။

စက်တင်ဘာလမွေးသူ ... လူတစ်ယောက်ကို အားကိုးလွယ်သူ

အခြားသူအပေါ်မှာ တင်းကြပ်သလို ကိုယ်က နှစ်သက်သူအပေါ်မှာလည်း အားကိုးလွယ်ပြီး အထင်ကြီးတော့ ဒုက္ခလှလှတွေ့ရတတ်ပါတယ်။

အောက်တိုဘာလမွေးသူ ... အိမ်ပြောင်း၊ အလုပ်ပြောင်းရတာကို မုန်းသူ

ပြောင်းလဲမှုကို မုန်းပြီး ဖြစ်နိုင်ရင် ဒီနေရာမှာ အမြဲ နေချင်တယ်လို့ ဆုံးဖြတ်ထားတယ်။ အရမ်းကို ရိုးသားသူတွေဖြစ်တာကြောင့် အတိုက်အခိုက်တွေကို မုန်းသူပါ။

နိုဝင်ဘာလမွေးသူ ... ဘာစဉ်းစားနေလဲဆိုတာကို နားလည်ရန်ခက်သူ

ခံစားမှုတွေကို စိတ်ထဲမှာ သိမ်းထားပြီး ပတ်ဝန်းကျင်က သူဘာတွေ စဉ်းစားနေတယ်ဆိုတာကို နားလည်နိုင်မှာ မဟုတ်ပါ။ သူ့မှာ ရည်မှန်းချက်တွေကြီးမားပြီးတော့ ကိုယ့်ရဲ့ ရည်မှန်းချက်ပြီးမြောက်တဲ့အထိ လုံးဝကို လက်မြှောက်မှာ မဟုတ်ပါ။

ဒီဇင်ဘာလမွေးသူ ... အငြိမ်မနေနိုင်သူ

လူတွေရှေ့မှာ ပျော်ပျော်နေတတ်သူ ဖြစ်ပင်မယ့်လည်း မာနကြီးသူလည်း ဖြစ်တယ်။ တနေရာမှာ တော်လျှောက်နေနိုင်ဖို့ကို တော်တော်ကို စဉ်းစားရခက်မှာပါ။ နောက်ပြီး နည်းနည်းစိတ်ဆိုးလွယ်သူဆိုရင်လည်း မမှားပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Chelmo Team
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top