Property Expo
×

ဘရာဇီးတုိက္စစ္မွဴး ေနမာ၏ ဘာစီလိုနာအသင္းသုိ႔ အေျပာင္းအေရႊ႕ႏွင့္ ပတ္သက္၍ မသမာမႈမ်ားရိွခဲ့သည္ဆုိျခင္းအမႈ ကိစၥကို မက္ဒရစ္တရား႐ံုးတစ္႐ံုး က ျပန္ဖြင့္လုိက္သည္။

တုိက္စစ္မွဴးေနမာ၊ ၎၏ ဖခင္ႏွင့္ ဘာစီလိုနာဥကၠ႒ေဟာင္းဆန္ဒ႐ုိဂုိဆဲလ္၊ ဆန္းတို႔စ္အသင္းဥကၠ႒ေဟာင္း အိုဒီလီယိုတို႔ အေပၚ ဘရာဇီးရင္းႏွီးျမႇဳပ္ႏွံမႈအုပ္စု DIS က တုိင္ၾကားခဲ့ေသာ အမႈကုိ စပိန္အမ်ိဳးသားတရားသူႀကီး  ဟုိေဆးဒီလာမာတာက ပယ္ခ်လိုက္ၿပီးေနာက္ သံုးလမျပည့္မီ ယခုကဲ့သုိ႔ အမႈျပန္လည္ ဖြင့္လွစ္မႈေၾကညာခ်က္ ေပၚထြက္လာျခင္းျဖစ္သည္။

တရားသူႀကီး မာတာ၏ ဆံုး ျဖတ္ခ်က္ကုိ အစိုးရေရွ႕ေနမ်ား က အယူခံ၀င္ၿပီးေနာက္ ယင္း အမႈကုိ ဆက္၍ လမ္းဖြင့္ထားရန္ လံုေလာက္ေသာ အေထာက္အ ထားရိွေနသည္ဟု တရားသူႀကီး အန္ဂ်လာမူရီလိုေကာ္ဒယ္ လိုက ဆံုးျဖတ္ခဲ့သည္။

၂၀၁၃ က ဘရာဇီး ဆန္းတုိ႔စ္ အသင္းမွ ေနမာ၏ အေျပာင္း အေရႊ႕၌ ၎တို႔အေနျဖင့္ ၄၀ ရာ ခိုင္ႏႈန္းရပုိင္ခြင့္ရိွေသာ္လည္း ေျပာင္းေရႊ႕ေၾကးပမာဏအခ်ိဳ႕ကုိ ဖံုးကြယ္ထားခဲ့၍ နစ္နာခဲ့ရသည္ ဟု ဘရာဇီးရင္းႏွီးျမႇဳပ္ႏွံမႈအုပ္စု က ဆုိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily


#Unicode Version

ဘရာဇီးတိုက်စစ်မှူး နေမာ၏ ဘာစီလိုနာအသင်းသို့ အပြောင်းအရွှေ့နှင့် ပတ်သက်၍ မသမာမှုများရှိခဲ့သည်ဆိုခြင်းအမှု ကိစ္စကို မက်ဒရစ်တရားရုံးတစ်ရုံး က ပြန်ဖွင့်လိုက်သည်။

တိုက်စစ်မှူးနေမာ၊ ၎င်း၏ ဖခင်နှင့် ဘာစီလိုနာဥက္ကဋ္ဌဟောင်းဆန်ဒရိုဂိုဆဲလ်၊ ဆန်းတို့စ်အသင်းဥက္ကဋ္ဌဟောင်း အိုဒီလီယိုတို့ အပေါ် ဘရာဇီးရင်းနှီးမြှုပ်နှံမှုအုပ်စု DIS က တိုင်ကြားခဲ့သော အမှုကို စပိန်အမျိုးသားတရားသူကြီး  ဟိုဆေးဒီလာမာတာက ပယ်ချလိုက်ပြီးနောက် သုံးလမပြည့်မီ ယခုကဲ့သို့ အမှုပြန်လည် ဖွင့်လှစ်မှုကြေညာချက် ပေါ်ထွက်လာခြင်းဖြစ်သည်။

တရားသူကြီး မာတာ၏ ဆုံး ဖြတ်ချက်ကို အစိုးရရှေ့နေများ က အယူခံဝင်ပြီးနောက် ယင်း အမှုကို ဆက်၍ လမ်းဖွင့်ထားရန် လုံလောက်သော အထောက်အ ထားရှိနေသည်ဟု တရားသူကြီး အန်ဂျလာမူရီလိုကော်ဒယ် လိုက ဆုံးဖြတ်ခဲ့သည်။

၂၀၁၃ က ဘရာဇီး ဆန်းတို့စ် အသင်းမှ နေမာ၏ အပြောင်း အရွှေ့၌ ၎င်းတို့အနေဖြင့် ၄၀ ရာ ခိုင်နှုန်းရပိုင်ခွင့်ရှိသော်လည်း ပြောင်းရွှေ့ကြေးပမာဏအချို့ကို ဖုံးကွယ်ထားခဲ့၍ နစ်နာခဲ့ရသည် ဟု ဘရာဇီးရင်းနှီးမြှုပ်နှံမှုအုပ်စု က ဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top