Property Expo
×

လိေမၼာ္သီးစားျပီးတဲ့အခါ အခြံေတြကိုစြန္ ့မပစ္သင့္ပါဘူး။
သူ ့ရဲ့ဘက္စံုအသံုး၀င္ပံုက ေအာက္ပါအတိုင္း အံ့မခန္းပါဘဲ။
 လိေမၼာ္ခြံ နဲ ့ က်န္းမာေရး

 (၁) အခြံေအာက္လိေမၼာ္သီးတြင္ ကပ္ေနေသာ ေဖာ့သားအျဖဴေရာင္မွာ bioflavonoids
ႏွင့္ Pectin ဓာတ္တို ့ပါရွိေနၾကပါတယ္။ ထိုဓာတ္မ်ားက သက္ေစာင့္ေဆးအျဖစ္
ကင္ဆာေရာဂါ တို ့ကို တို္က္ဖ်က္ေပးႏို္င္ေသာ အစြမ္းသတၱိရွိ၍၊
အစာမ်ိဳျပြန္္၊ ခံတြင္း၊ အေရျပား၊ အဆုပ္၊ ရင္သား၊ အစာအိမ္ ႏွင့္ အူမၾကီး
ကင္ဆာတို ့ကို တို္က္ထုတ္ေပးနိုင္ပါတယ္္။

(၂) လိေမၼာ္သီးအခြံကို ေန႔စဥ္နဲနဲစီစားသံုးေပးျခင္းျဖင့္
ေသြးထဲရွိမေကာင္းေသာ ကိုလက္စထေရာလ္(Low Density Lipoprotein-LDL) ပမာဏကို
၃၃ ရာခိုင္ႏႈန္း ေလ်ာ့နည္းေစေၾကာင္း အေမရိကန္ စိုက္ပ်ိဳးေရးဌာန၏
အစီရင္ခံစာတစ္ခုတြင္ ေဖာ္ျပထားပါတယ္။

(၃) အစာမေက်၊ ေလနာ၊ ေလခ်ဳပ္၊ ႏွင့္ ခႏၶာကိုယ္ရွိ အဆိပ္မ်ားကို
ဖယ္ရွားေစရန္အတြက္ လိေမၼာ္သီးကို မခြံမႏႊာဘဲ ေလးစိပ္ခြဲ၍
အရက္ႏွင့္စိမ္ျပီး နည္းနည္းခ်င္း ေသာက္္ေပးသင့္ပါတယ္။

(၄) လိေမၼာ္သီးအခြံေျခာက္ ၂ ဂရမ္ခန္ ့ကို ေရ သံုးခြက္တစ္ခြက္တင္ၾကိဳ၍
ေသာက္သံုးေပးျခင္းျဖင့္ ႏွလံုးေရာဂါ အမ်ိဳးမ်ိဳးတို ့ကို သက္သာေစပါတယ္္။

(၅) ဝမ္းေလွ်ာ ဝမ္းပ်က္သူမ်ားဟာ လိေမၼာ္ခြံအမႈန္႔ႏွင့္
စပ်စ္ေစ့အမႈန္႔ကိုဆတူေရာ၍ တေန႔သံုးႀကိမ္ လက္ဘက္ရည္ဇြန္း တစ္ဇြန္း
ေသာက္ေပးျခင္းျဖင့္ သက္သာေပ်ာက္ကင္းေစပါတယ္။

(၆) လိေမၼာ္သီး၏ အခြံရနံ ့ကိုယူကာ ဟင္းခတ္အေမႊးအၾကိဳင္၊
အိမ္သံုးေဆး၀ါးမ်ား ႏွင့္ aromatherapy (ေခၚ) ရနံ ့ကုထံုးတို ့ တြင္ထဲ့သြင္းအသံုးျပဳၾကပါတယ္္။

(၇) လိေမၼာ္ခြံကို ပါးပါးလွီးျပီး၊ ေနရာင္ျခည္တိုက္ရိုက္မက်ဘဲ
အရိပ္ရေသာေနရာတြင္ အေျခာက္ခံျပီးေနာက္၊ အုန္းဆီ (သို႕မ ဟုတ္)
နွမ္းဆီျဖင့္ ဆီစိမ္၍ထည့္ထားပါ။ ေရႊ၀ါေရာင္လိေမၼာ္ဆီအျဖစ္
ေျပာင္းလဲသြားပါလိမ့္မယ္။ ထို လိေမၼာ္ဆီ၏ ေဆးစြမ္းကား အံ့မခန္းအသုံး၀င္လွပါတယ္။

(၈) AIDS ေ၀ဒနာရွင္မ်ား၏ လွ်ာ၌ျဖစ္ေသာ မွက္ခရုနာမ်ားအတြက္၊ လိေမၼာ္ဆီကို
နားက်ပ္ေသာဂြမ္းစႏွင့္တို ့၍ သုတ္လိမ္း ေပးျခင္းျဖင့္ေပ်ာက္ကင္းႏိုင္ပါတယ္္။

(၉) ခြဲစိတ္ထားေသာ ခ်ဳပ္ရိုးမွျပည္ျပန္တည္ၿပီးမေပ်ာက္ကင္းေသာအနာမ်ားအတြက္ စိတ္မပူပါႏွင့္။ ကြမ္းရြက္မီးကင္၍လိေမၼာ္ဆီသုပ္လိမ္းျပီး၊ကပ္ထားျခင္းျဖင့္ေပ်ာက္ကင္းႏိုင္ပါတယ္။(ေရလံုး၀မထိေစရပါ)
ဤနည္းအတိုင္း ၂-ရက္တစ္ခါအသစ္လဲေပးပါ။

(၁၀) ဆီပူေလာင္နာ၊ ေရေႏြးပူေလာင္နာ၊ စက္ပစၥည္းေၾကာင့္ပူေလာင္နာ…စသည့္
အပူေလာင္ျခင္းမ်ိဴးမ်ိဳးတို ့အတြက္ လိေမၼာ္ဆီ ရႊဲရႊဲစြတ္ေပးျခင္းျဖင့္၊
ယူပစ္သလိုေပ်ာက္ကင္းေစပါတယ္္။ အမာရြတ္မက်န္၊ အပူေလာင္ အရည္ၾကည္ဖုမ်ား
မထြက္ေစပါ။ (ငွက္ ေပ်ာရြက္တြင္ လိေမၼာ္ဆီသုတ္၍ အသံုးျပဳႏိုင္ပါကပိုမိုအစြမ္းထက္၏)

(၁၁) ၀ဲႏွင္းခူ အစို/အေျခာက္မ်ားအတြက္၊ ကြမ္းရြက္မီးကင္၍ လိေမၼာ္ဆီတို
့့ၿပီး အနာေပၚကပ္ထားျခင္းျဖင့္ ေပ်ာက္ကင္းႏိုင္ ပါတယ္။ (ေရလံုး၀မထိေစရပါ)

(၁၂) ရင္က်ပ္တဲ့အခါ လိေမၼာ္ဆီ၊ ကြမ္းရြက္သထၳုဳရည္၊ ပရုပ္ဆီ(သို
့မဟုတ္)လင္ဇီးအနည္းငယ္ထည့္၍ ရင္ဘတ္ႏွင့္ တစ္ကိုယ္
လံုးကိုခပ္ပါးပါးလိမ္းေပးျခင္းျဖင့္လက္ငင္းေကာင္းက်ိဳးျပဳပါတယ္။
(ကေလးသူငယ္မ်ားေရာ၊လူၾကီးမ်ားပါသံုးစြဲႏိုင္၏)

(၁၃) အေၾကာတင္း၊ အေၾကာေရာင္၊ အေၾကာက္တက္ စသည့္ အေၾကာေ၀ဒနာအမ်ိဳးမ်ိဳးတို
့အတြက္ လိေမၼာ္ဆီကို ပရုပ္ဆီ လင္ဇီး(ေဆးအပူ)အနည္းငယ္ေရာ၍လိမ္းေပးႏိုင္ပါတယ္။

(၁၄) အစာအိမ္နာ ႏွင့္ ဗိုက္နာျခင္းမ်ားအတြက္ လိေမၼာ္ဆီကို
လိမ္းေပးျခင္းျဖင့္ သက္သာေပ်ာက္ကင္းႏိုင္ပါတယ္။ အင္အားတိုး ပြား၍
အစာေၾကေစရန္အတြက္ကိုလည္း လိေမၼာ္ဆီ ေသာက္လို ့ရပါတယ္္။

(၁၅) က်ီးကန္းပါးစပ္အနာမ်ားကို လိေမၼာ္ဆီရႊဲရႊဲ သုတ္လိမ္းေပးျခင္းျဖင့္ေပ်ာက္ကင္းႏိုင္ပါတယ္။

< လိေမၼာ္ခြံ နဲ ့ အလွအပ >
(၁) ေနေလာင္၍ အသားအရည္မြဲေျခာက္ျခင္းႏွင့္ မစိုေျပျခင္းတို ့အတြက္
လိေမၼာ္ဆီလိမ္းေပးျခင္းျဖင့္ အသားအရည္ ၀င္းပ၍ ျဖဴစင္လွပလာေစႏိုင္ပါတယ္။
(သို ့မဟုတ္) အသားေရ ဝင္းပေခ်ာမြတ္ျပီး လွပေစခ်င္ရင္ လိမၼာ္သီးခြံေတြကို
ေရခ်ဳိးေနစဥ္ ကိုယ္တိုက္ေရျမဳပ္အျဖစ္ သုံးေပးပါ။
(လိေမၼာ္ဆီကပိုးမႊားမ်ားကိုေသေစကာ၊ သန္ ့ရွင္းစင္ၾကယ္ေစေသာအာနိသင္ရွိသျဖင့္
လိေမၼာ္ဆီျဖင့္ျပဳလုပ္ေသာ ကိုယ္တိုက္ ဆပ္ျပာမ်ား ထုတ္လုပ္ေနၾကပါျပီ)

(၂) မၾကာခဏ ၀က္ျခံေပါက္ျပီး၊ အသားအေရမညက္ေညာသူမ်ားဟာ
ညအိပ္ယာ၀င္ခါနီးတိုင္း လတ္ဆတ္ေသာ လိေမၼာ္သီးခြံကို ခ်ိဳးညႇစ္၍
ထြက္လာေသာေခၽြးရည္ကို၊ ဆားနဲနဲထဲ့ျပီး သနပ္ခါးရည္က်ဲျဖင့္ မ်က္ႏွာအႏွံ
့လိမ္းေပးျခင္းျဖင့္ အသားအေရ ေခ်ာေမြ႔ လာပါလိမ့္မယ္။

(၃) အသားပပ္ျခင္း၊ အသားၾကမ္းျခင္းတို ့အတြက္ လိေမၼာ္ခြံကိုညႇစ္၍လိမ္းေပးႏိုင္ပါတယ္။

(၄) တင္းတိပ္ေပါက္သူမ်ားဟာ၊ လိေမၼာ္ခြံကိုမီးျဖင့္ေခတၱမွ်
အပူေပးျပီးေနာက္ ညႇစ္၍ရလာေသာေခၽြးရည္ျဖင့္ တင္းတိပ္ေပါက္ ေသာ
ေနရာမ်ားတြင္ အသာအယာပြတ္ေပးျခင္းျဖင့္ သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။

(၅)မ်က္ႏွာ၊ ေျခ၊လက္တို႔တြင္အျဖဴ၊အနီ၊အနက္စေသာအကြက္မ်ားထြက္ပါကလိေမၼာ္ခြံကို
 ေနရိပ္၌ေျခာက္ေသြ႔ေအာင္လွန္းျပီး ေရျဖင့္ေသြးလိမ္းေပးပါ။
တေန႔သံုးႀကိမ္ ခပ္ထူထူလိမ္းေပးရံုမွ်ျဖင့္ ေပ်ာက္ကင္းသြားပါလိမ့္မယ္။

(၆)ဆံရင္းအစပ္ဦးေရျပားအႏွံ ့ယားနာေပါက္သူမ်ားအတြက္၊လိေမၼာ္ရြက္ကိုထုေထာင္း၍ပ်ားရည္ႏွင့္ေရာစပ္ျပီး လိမ္းေပးျခင္း ျဖင့္သက္သာေပ်ာက္ကင္းေစပါတယ္။

(၇) ေျခသည္း/လက္သည္းပိုးကိုက္ခံရသူမ်ားႏွင့္ ေပြး၊ ႏွင္းခူ၊ညႇင္းေပါက္သူမ်ားစိတ္မပူပါႏွင့္။ ထိုေပြးကြက္မ်ားကို လိေမၼာ္ခြံႏွင့္အသာအယာျခစ္ေပးျပီးေနာက္၊ လိေမၼာ္ခြံ လတ္လတ္ဆတ္ဆတ္ကို
အရည္ညွစ္လိမ္းေပးျခင္းျဖင့္ အနာတျဖည္းျဖည္းပါးလာျပီး၊ လံုး၀ေပ်ာက္ကင္းေစႏိုင္ပါတယ္။

< လိေမၼာ္ခြံ နဲ ့အေထြေထြ >
(၁) လိေမၼာ္ခြံကို အင္းဆက္ပိုးႏွိမ္နင္းေဆးအျဖစ္ အသံုးျပဳနိုင္တာေၾကာင့္ျခင္၊ ပုရြတ္ဆိတ္ေတြ နဲ႔ ပိုးဖလံေတြ ၀င္လာတတ္တဲ့ ေနရာေတြမွာလတ္လတ္ဆတ္ဆတ္လိမၼာ္ခြံေတြကို ခ်ထားေပးပါ။

(၂) အနံ ့အသက္မေကာင္းတဲ့ အိတ္၊ ေသတၱာ နဲ ့ရႈးဖိနပ္ေတြထဲကို
လိေမၼာ္သီ္ခြံေတြ ထဲ့ေပးထားျခင္းျဖင့္ အနံ ့ဆိုးေတြ ကိုစုပ္ယူေပးနိုင္ပါတယ္။

(၃) လိမၼာ္သီးခြံကို အတန္ငယ္မီးအပူေပးေျခာက္ျပီးေနာက္
အဝတ္အိတ္ငယ္ေလးေတြထဲ ထည့္ထားပါ။ ထိုအိတ္ေလးေတြကို ေရ ခ်ဳိးခန္း၊
အဝတ္ထားခန္း၊ သန္ ့စင္ခန္း(အိမ္သာ)စတဲ့ ေနရာေတြမွာ
ခ်ိပ္ဆြဲထားေပးျခင္းျဖင့္ အနံ ့အသက္ေကာင္းေစကာ၊ စိတ္ ကိုၾကည္လင္လန္းဆန္းေစပါတယ္။

(မွတ္ခ်က္) (က) စိုက္ခင္းမ်ားတြင္ ပိုးသတ္ေဆးမ်ား ပက္ဖ်န္းေလ့ရွိရာ၊
ေစ်းမွ၀ယ္လာေသာ လိေမၼာ္သီးတို ့ကို မစားသံုးမီဦးစြာ ပထမ
ေရစင္စင္ေဆးေၾကာသင့္ပါတယ္္။ ျဖစ္ႏုိင္လ်ွင္ ေအာ္ဂဲနစ္ သီးတို ့ကိုသာ
ေရြးခ်ယ္၀ယ္ယူပါ။ (ခ) လတ္ဆတ္ေသာ အသီးမ်ားဟာ အခန္းအပူခ်ိန္တြင္ ၂-ပတ္မွ်
အထားခံပါတယ္။ အကယ္၍ ၾကာၾကာခံေစရန္အတြက္ ေရခဲေသတၱာထဲမွာ သိမ္း လိုပါက၊
ဦးစြာ အသီးကိုေရေျခာက္ေနေအာင္သုတ္ပါ။ (လိေမၼာ္သီးတို ့ကို
အိတ္ျဖင့္အထူးတလည္ သိမ္းဆည္းစရာမလိုပါဘူး၊ ေခြ်းထြက္ျပီးပုပ္လြယ္တတ္လို့ပါ)

ဖိုးသူေတာ္ (www.phothutaw.com)
Credit : ေပါက္ေပါက္


#Unicode Version

လိမ္မော်သီးစားပြီးတဲ့အခါ အခွံတွေကိုစွန့်မပစ်သင့်ပါဘူး။
သူ့ရဲ့ဘက်စုံအသုံးဝင်ပုံက အောက်ပါအတိုင်း အံ့မခန်းပါဘဲ။

 လိမ္မော်ခွံ နဲ့ ကျန်းမာရေး

 (၁) အခွံအောက်လိမ္မော်သီးတွင် ကပ်နေသော ဖော့သားအဖြူရောင်မှာ bioflavonoids
နှင့် Pectin ဓာတ်တို့ပါရှိနေကြပါတယ်။ ထိုဓာတ်များက သက်စောင့်ဆေးအဖြစ်
ကင်ဆာရောဂါ တို့ကို တိုက်ဖျက်ပေးနိုင်သော အစွမ်းသတ္တိရှိ၍၊
အစာမျိုပြွန်၊ ခံတွင်း၊ အရေပြား၊ အဆုပ်၊ ရင်သား၊ အစာအိမ် နှင့် အူမကြီး
ကင်ဆာတို့ကို တိုက်ထုတ်ပေးနိုင်ပါတယ်။

(၂) လိမ္မော်သီးအခွံကို နေ့စဉ်နဲနဲစီစားသုံးပေးခြင်းဖြင့်
သွေးထဲရှိမကောင်းသော ကိုလက်စထရောလ်(Low Density Lipoprotein-LDL) ပမာဏကို
၃၃ ရာခိုင်နှုန်း လျော့နည်းစေကြောင်း အမေရိကန် စိုက်ပျိုးရေးဌာန၏
အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားပါတယ်။

(၃) အစာမကျေ၊ လေနာ၊ လေချုပ်၊ နှင့် ခန္ဓာကိုယ်ရှိ အဆိပ်များကို
ဖယ်ရှားစေရန်အတွက် လိမ္မော်သီးကို မခွံမနွှာဘဲ လေးစိပ်ခွဲ၍
အရက်နှင့်စိမ်ပြီး နည်းနည်းချင်း သောက်ပေးသင့်ပါတယ်။

(၄) လိမ္မော်သီးအခွံခြောက် ၂ ဂရမ်ခန့်ကို ရေ သုံးခွက်တစ်ခွက်တင်ကြို၍
သောက်သုံးပေးခြင်းဖြင့် နှလုံးရောဂါ အမျိုးမျိုးတို့ကို သက်သာစေပါတယ်။

(၅) ဝမ်းလျှော ဝမ်းပျက်သူများဟာ လိမ္မော်ခွံအမှုန့်နှင့်
စပျစ်စေ့အမှုန့်ကိုဆတူရော၍ တနေ့သုံးကြိမ် လက်ဘက်ရည်ဇွန်း တစ်ဇွန်း
သောက်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။

(၆) လိမ္မော်သီး၏ အခွံရနံ့ကိုယူကာ ဟင်းခတ်အမွှေးအကြိုင်၊
အိမ်သုံးဆေးဝါးများ နှင့် aromatherapy (ခေါ်) ရနံ့ကုထုံးတို့ တွင်ထဲ့သွင်းအသုံးပြုကြပါတယ်။

(၇) လိမ္မော်ခွံကို ပါးပါးလှီးပြီး၊ နေရာင်ခြည်တိုက်ရိုက်မကျဘဲ
အရိပ်ရသောနေရာတွင် အခြောက်ခံပြီးနောက်၊ အုန်းဆီ (သို့မ ဟုတ်)
နှမ်းဆီဖြင့် ဆီစိမ်၍ထည့်ထားပါ။ ရွှေဝါရောင်လိမ္မော်ဆီအဖြစ်
ပြောင်းလဲသွားပါလိမ့်မယ်။ ထို လိမ္မော်ဆီ၏ ဆေးစွမ်းကား အံ့မခန်းအသုံးဝင်လှပါတယ်။

(၈) AIDS ဝေဒနာရှင်များ၏ လျှာ၌ဖြစ်သော မှက်ခရုနာများအတွက်၊ လိမ္မော်ဆီကို
နားကျပ်သောဂွမ်းစနှင့်တို့၍ သုတ်လိမ်း ပေးခြင်းဖြင့်ပျောက်ကင်းနိုင်ပါတယ်။

(၉) ခွဲစိတ်ထားသော ချုပ်ရိုးမှပြည်ပြန်တည်ပြီးမပျောက်ကင်းသောအနာများအတွက် စိတ်မပူပါနှင့်။ ကွမ်းရွက်မီးကင်၍လိမ္မော်ဆီသုပ်လိမ်းပြီး၊ကပ်ထားခြင်းဖြင့်ပျောက်ကင်းနိုင်ပါတယ်။(ရေလုံးဝမထိစေရပါ)
ဤနည်းအတိုင်း ၂-ရက်တစ်ခါအသစ်လဲပေးပါ။

(၁၀) ဆီပူလောင်နာ၊ ရေနွေးပူလောင်နာ၊ စက်ပစ္စည်းကြောင့်ပူလောင်နာ…စသည့်
အပူလောင်ခြင်းမျိူးမျိုးတို့အတွက် လိမ္မော်ဆီ ရွှဲရွှဲစွတ်ပေးခြင်းဖြင့်၊
ယူပစ်သလိုပျောက်ကင်းစေပါတယ်။ အမာရွတ်မကျန်၊ အပူလောင် အရည်ကြည်ဖုများ
မထွက်စေပါ။ (ငှက် ပျောရွက်တွင် လိမ္မော်ဆီသုတ်၍ အသုံးပြုနိုင်ပါကပိုမိုအစွမ်းထက်၏)

(၁၁) ဝဲနှင်းခူ အစို/အခြောက်များအတွက်၊ ကွမ်းရွက်မီးကင်၍ လိမ္မော်ဆီတို
့ပြီး အနာပေါ်ကပ်ထားခြင်းဖြင့် ပျောက်ကင်းနိုင် ပါတယ်။ (ရေလုံးဝမထိစေရပါ)

(၁၂) ရင်ကျပ်တဲ့အခါ လိမ္မော်ဆီ၊ ကွမ်းရွက်သထ္ထုုရည်၊ ပရုပ်ဆီ(သို
့မဟုတ်)လင်ဇီးအနည်းငယ်ထည့်၍ ရင်ဘတ်နှင့် တစ်ကိုယ်
လုံးကိုခပ်ပါးပါးလိမ်းပေးခြင်းဖြင့်လက်ငင်းကောင်းကျိုးပြုပါတယ်။
(ကလေးသူငယ်များရော၊လူကြီးများပါသုံးစွဲနိုင်၏)

(၁၃) အကြောတင်း၊ အကြောရောင်၊ အကြောက်တက် စသည့် အကြောဝေဒနာအမျိုးမျိုးတို
့အတွက် လိမ္မော်ဆီကို ပရုပ်ဆီ လင်ဇီး(ဆေးအပူ)အနည်းငယ်ရော၍လိမ်းပေးနိုင်ပါတယ်။

(၁၄) အစာအိမ်နာ နှင့် ဗိုက်နာခြင်းများအတွက် လိမ္မော်ဆီကို
လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။ အင်အားတိုး ပွား၍
အစာကြေစေရန်အတွက်ကိုလည်း လိမ္မော်ဆီ သောက်လို့ရပါတယ်။

(၁၅) ကျီးကန်းပါးစပ်အနာများကို လိမ္မော်ဆီရွှဲရွှဲ သုတ်လိမ်းပေးခြင်းဖြင့်ပျောက်ကင်းနိုင်ပါတယ်။

< လိမ္မော်ခွံ နဲ့ အလှအပ >
(၁) နေလောင်၍ အသားအရည်မွဲခြောက်ခြင်းနှင့် မစိုပြေခြင်းတို့အတွက်
လိမ္မော်ဆီလိမ်းပေးခြင်းဖြင့် အသားအရည် ဝင်းပ၍ ဖြူစင်လှပလာစေနိုင်ပါတယ်။
(သို့မဟုတ်) အသားရေ ဝင်းပချောမွတ်ပြီး လှပစေချင်ရင် လိမ္မာ်သီးခွံတွေကို
ရေချိုးနေစဉ် ကိုယ်တိုက်ရေမြုပ်အဖြစ် သုံးပေးပါ။
(လိမ္မော်ဆီကပိုးမွှားများကိုသေစေကာ၊ သန့်ရှင်းစင်ကြယ်စေသောအာနိသင်ရှိသဖြင့်
လိမ္မော်ဆီဖြင့်ပြုလုပ်သော ကိုယ်တိုက် ဆပ်ပြာများ ထုတ်လုပ်နေကြပါပြီ)

(၂) မကြာခဏ ဝက်ခြံပေါက်ပြီး၊ အသားအရေမညက်ညောသူများဟာ
ညအိပ်ယာဝင်ခါနီးတိုင်း လတ်ဆတ်သော လိမ္မော်သီးခွံကို ချိုးညှစ်၍
ထွက်လာသောချွေးရည်ကို၊ ဆားနဲနဲထဲ့ပြီး သနပ်ခါးရည်ကျဲဖြင့် မျက်နှာအနှံ
့လိမ်းပေးခြင်းဖြင့် အသားအရေ ချောမွေ့ လာပါလိမ့်မယ်။

(၃) အသားပပ်ခြင်း၊ အသားကြမ်းခြင်းတို့အတွက် လိမ္မော်ခွံကိုညှစ်၍လိမ်းပေးနိုင်ပါတယ်။

(၄) တင်းတိပ်ပေါက်သူများဟာ၊ လိမ္မော်ခွံကိုမီးဖြင့်ခေတ္တမျှ
အပူပေးပြီးနောက် ညှစ်၍ရလာသောချွေးရည်ဖြင့် တင်းတိပ်ပေါက် သော
နေရာများတွင် အသာအယာပွတ်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၅)မျက်နှာ၊ ခြေ၊လက်တို့တွင်အဖြူ၊အနီ၊အနက်စသောအကွက်များထွက်ပါကလိမ္မော်ခွံကို
 နေရိပ်၌ခြောက်သွေ့အောင်လှန်းပြီး ရေဖြင့်သွေးလိမ်းပေးပါ။
တနေ့သုံးကြိမ် ခပ်ထူထူလိမ်းပေးရုံမျှဖြင့် ပျောက်ကင်းသွားပါလိမ့်မယ်။

(၆)ဆံရင်းအစပ်ဦးရေပြားအနှံ့ယားနာပေါက်သူများအတွက်၊လိမ္မော်ရွက်ကိုထုထောင်း၍ပျားရည်နှင့်ရောစပ်ပြီး လိမ်းပေးခြင်း ဖြင့်သက်သာပျောက်ကင်းစေပါတယ်။

(၇) ခြေသည်း/လက်သည်းပိုးကိုက်ခံရသူများနှင့် ပွေး၊ နှင်းခူ၊ညှင်းပေါက်သူများစိတ်မပူပါနှင့်။ ထိုပွေးကွက်များကို လိမ္မော်ခွံနှင့်အသာအယာခြစ်ပေးပြီးနောက်၊ လိမ္မော်ခွံ လတ်လတ်ဆတ်ဆတ်ကို
အရည်ညှစ်လိမ်းပေးခြင်းဖြင့် အနာတဖြည်းဖြည်းပါးလာပြီး၊ လုံးဝပျောက်ကင်းစေနိုင်ပါတယ်။

< လိမ္မော်ခွံ နဲ့အထွေထွေ >
(၁) လိမ္မော်ခွံကို အင်းဆက်ပိုးနှိမ်နင်းဆေးအဖြစ် အသုံးပြုနိုင်တာကြောင့်ခြင်၊ ပုရွတ်ဆိတ်တွေ နဲ့ ပိုးဖလံတွေ ဝင်လာတတ်တဲ့ နေရာတွေမှာလတ်လတ်ဆတ်ဆတ်လိမ္မာ်ခွံတွေကို ချထားပေးပါ။

(၂) အနံ့အသက်မကောင်းတဲ့ အိတ်၊ သေတ္တာ နဲ့ရှုးဖိနပ်တွေထဲကို
လိမ္မော်သီ်ခွံတွေ ထဲ့ပေးထားခြင်းဖြင့် အနံ့ဆိုးတွေ ကိုစုပ်ယူပေးနိုင်ပါတယ်။

(၃) လိမ္မာ်သီးခွံကို အတန်ငယ်မီးအပူပေးခြောက်ပြီးနောက်
အဝတ်အိတ်ငယ်လေးတွေထဲ ထည့်ထားပါ။ ထိုအိတ်လေးတွေကို ရေ ချိုးခန်း၊
အဝတ်ထားခန်း၊ သန့်စင်ခန်း(အိမ်သာ)စတဲ့ နေရာတွေမှာ
ချိပ်ဆွဲထားပေးခြင်းဖြင့် အနံ့အသက်ကောင်းစေကာ၊ စိတ် ကိုကြည်လင်လန်းဆန်းစေပါတယ်။

(မှတ်ချက်) (က) စိုက်ခင်းများတွင် ပိုးသတ်ဆေးများ ပက်ဖျန်းလေ့ရှိရာ၊
ဈေးမှဝယ်လာသော လိမ္မော်သီးတို့ကို မစားသုံးမီဦးစွာ ပထမ
ရေစင်စင်ဆေးကြောသင့်ပါတယ်။ ဖြစ်နိုင်လျှင် အော်ဂဲနစ် သီးတို့ကိုသာ
ရွေးချယ်ဝယ်ယူပါ။ (ခ) လတ်ဆတ်သော အသီးများဟာ အခန်းအပူချိန်တွင် ၂-ပတ်မျှ
အထားခံပါတယ်။ အကယ်၍ ကြာကြာခံစေရန်အတွက် ရေခဲသေတ္တာထဲမှာ သိမ်း လိုပါက၊
ဦးစွာ အသီးကိုရေခြောက်နေအောင်သုတ်ပါ။ (လိမ္မော်သီးတို့ကို
အိတ်ဖြင့်အထူးတလည် သိမ်းဆည်းစရာမလိုပါဘူး၊ ချွေးထွက်ပြီးပုပ်လွယ်တတ်လို့ပါ)

ဖိုးသူတော် (www.phothutaw.com)
Credit : ပေါက်ပေါက်
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top