Property Expo
×

အဆီမ်ားေသာ ျပဳျပင္ ဖန္တီးထားသည့္ အစားအေသာက္မ်ားကို စားသံုးျခင္း၏ အႏၱရာယ္ကို အေထာက္အထားျဖင့္ ေဖာ္ထုတ္ႏိုင္ခဲ့ၿပီ ျဖစ္သည္။ အေမရိကန္ရွိ သုေတသန အဖြဲ႕မ်ားက ျပဳျပင္ ေျပာင္းလဲထားေသာ အစားအေသာက္မ်ားတြင္ ပါ၀င္သည့္ အသြင္ေျပာင္း အဆီမ်ားေၾကာင့္ မွတ္ၪာဏ္ ဆံုး႐ႈံးမႈမ်ားႏွင့္ ဆက္စပ္ေနေၾကာင္း ေတြ႕ရွိခဲ့ၾကသည္။

ျပဳျပင္ ေျပာင္းလဲထားေသာ ဖက္တီး အက္ဆစ္ သို႔မဟုတ္ အသြင္ေျပာင္းဆီမ်ားသည္ အရသာကို ပိုေကာင္းေစၿပီး အေရာင္ေရာတာ ရွည္ခံႏိုင္မႈပါ ပိုရွိေစေသာ္လည္း ႏွလံုးေရာဂါ ျဖစ္ႏိုင္သည့္ အႏၱရာယ္လည္း ရွိေၾကာင္း သိရသည္။ ထို႔ေၾကာင့္ အဆိုပါအဆီကို အသံုးမျပဳရန္ ကမၻာတစ္လႊားရွိ စားေသာက္ကုန္ ထုတ္လုပ္ငန္းတိုင္း ဖိအားေပး ခံေနရၿပီ ျဖစ္သည္။

ထုိ႔ျပင္ ေလ့လာ ေတြ႕ရွိမႈ အသစ္အရ အဆိုပါ အဆီမ်ားကို ပမာဏမ်ားစြာ စားသံုးပါက အသက္ (၄၅) ႏွစ္ မတိုင္မီတြင္ပင္ မွတ္ၪာဏ္ အားနည္းမႈမ်ား ျဖစ္လာႏိုင္ေၾကာင္း ေတြ႕ရွိခဲ့ရသည္။

မွတ္ၪာဏ္ စမ္းသပ္မႈ ျပဳလုပ္ရာတြင္ အဆီ ပါ၀င္မႈမ်ားသည့္ အစားအေသာက္မ်ားကို စားသံုးထားသည့္ အမ်ဳိးသားမ်ားသည္ မစားသံုး သူမ်ားထက္ စကားလံုး (၁၂) လံုးခန္႔ထိကို မွတ္မိႏိုင္ေျခ ေလ်ာ့နည္းေၾကာင္း ေတြ႕ရွိရသည္။

အသြင္ေျပာင္းထားသည့္ အဆီကို စားသံုးမႈေၾကာင့္ အျပဳအမူႏွင့္ စိတ္ခံစားခ်က္ အပါအ၀င္ တျခားေသာ အဓိကက်သည့္ ဦးေႏွာက္ အစိတ္အပိုင္းမ်ားကိုပါ ဆိုးက်ဳိး ျဖစ္ေစသည့္ ဆက္စပ္မႈမ်ား ရွိေၾကာင္း သိရသည္။ အသြင္ေျပာင္းထားသည့္ အဆီမ်ားက အစားအေသာက္ သက္တမ္းကို တာရွည္ ခံေစေေသာ္လည္း လူ႔အသက္ကို တိုေစေၾကာင္း သိရသည္။ ပ်မ္းမွ်အားျဖင့္ အသက္ (၄၅) ႏွစ္ေအာက္ အမ်ဳိးသားမ်ားမွာ မွတ္ၪာဏ္ စမ္းသပ္ရာတြင္ စကားလံုး (၈၆) လံုး ထိမွတ္မိႏိုင္စြမ္း ရွိၾကသည္။

သို႔ေသာ္ ေန႔စဥ္ အဆီ စားသံုးမႈ တစ္ဂရမ္ တိုးတိုင္း စကားလံုး (၀ ဒသမ ၇၆) လံုး မွတ္မိႏုိင္စြမ္း ေလ်ာ့က်သြားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : new myanmar news

#Unicode Version

အဆီများသော ပြုပြင် ဖန်တီးထားသည့် အစားအသောက်များကို စားသုံးခြင်း၏ အန္တရာယ်ကို အထောက်အထားဖြင့် ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။ အမေရိကန်ရှိ သုတေသန အဖွဲ့များက ပြုပြင် ပြောင်းလဲထားသော အစားအသောက်များတွင် ပါဝင်သည့် အသွင်ပြောင်း အဆီများကြောင့် မှတ်ဉာဏ် ဆုံးရှုံးမှုများနှင့် ဆက်စပ်နေကြောင်း တွေ့ရှိခဲ့ကြသည်။

ပြုပြင် ပြောင်းလဲထားသော ဖက်တီး အက်ဆစ် သို့မဟုတ် အသွင်ပြောင်းဆီများသည် အရသာကို ပိုကောင်းစေပြီး အရောင်ရောတာ ရှည်ခံနိုင်မှုပါ ပိုရှိစေသော်လည်း နှလုံးရောဂါ ဖြစ်နိုင်သည့် အန္တရာယ်လည်း ရှိကြောင်း သိရသည်။ ထို့ကြောင့် အဆိုပါအဆီကို အသုံးမပြုရန် ကမ္ဘာတစ်လွှားရှိ စားသောက်ကုန် ထုတ်လုပ်ငန်းတိုင်း ဖိအားပေး ခံနေရပြီ ဖြစ်သည်။

ထို့ပြင် လေ့လာ တွေ့ရှိမှု အသစ်အရ အဆိုပါ အဆီများကို ပမာဏများစွာ စားသုံးပါက အသက် (၄၅) နှစ် မတိုင်မီတွင်ပင် မှတ်ဉာဏ် အားနည်းမှုများ ဖြစ်လာနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။

မှတ်ဉာဏ် စမ်းသပ်မှု ပြုလုပ်ရာတွင် အဆီ ပါဝင်မှုများသည့် အစားအသောက်များကို စားသုံးထားသည့် အမျိုးသားများသည် မစားသုံး သူများထက် စကားလုံး (၁၂) လုံးခန့်ထိကို မှတ်မိနိုင်ခြေ လျော့နည်းကြောင်း တွေ့ရှိရသည်။

အသွင်ပြောင်းထားသည့် အဆီကို စားသုံးမှုကြောင့် အပြုအမူနှင့် စိတ်ခံစားချက် အပါအဝင် တခြားသော အဓိကကျသည့် ဦးနှောက် အစိတ်အပိုင်းများကိုပါ ဆိုးကျိုး ဖြစ်စေသည့် ဆက်စပ်မှုများ ရှိကြောင်း သိရသည်။ အသွင်ပြောင်းထားသည့် အဆီများက အစားအသောက် သက်တမ်းကို တာရှည် ခံစေေသော်လည်း လူ့အသက်ကို တိုစေကြောင်း သိရသည်။ ပျမ်းမျှအားဖြင့် အသက် (၄၅) နှစ်အောက် အမျိုးသားများမှာ မှတ်ဉာဏ် စမ်းသပ်ရာတွင် စကားလုံး (၈၆) လုံး ထိမှတ်မိနိုင်စွမ်း ရှိကြသည်။

သို့သော် နေ့စဉ် အဆီ စားသုံးမှု တစ်ဂရမ် တိုးတိုင်း စကားလုံး (၀ ဒသမ ၇၆) လုံး မှတ်မိနိုင်စွမ်း လျော့ကျသွားကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : new myanmar news
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top