Property Expo
×

ေတာင္ဥကၠလာပၿမိဳ႕နယ္ (၃)ရပ္ကြက္တြင္ မူးယစ္ေဆး၀ါးမႈ ကြင္းဆက္တရားခံႏွစ္ ဦးကုိ ဖမ္းဆီးစဥ္ တရားခံက စေကဘာျဖင့္ ျပန္လည္ခုခံသျဖင့္ ရဲတပ္သားတစ္ဦး ဒဏ္ရာရရွိေၾကာင္း သတင္းရရွိသည္။

 ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္အ တြင္း ဖမ္းမိခဲ့သည့္ မူးယစ္ေဆး၀ါးတရားခံ ၀င္းခိုင္ဆုိသူ၏ ထြက္ဆိုခ်က္အရ ကြင္းဆက္တရားခံ မ်ဳိးေဆြႏွင့္ ေကာင္းျမတ္ထြန္းတို႔ ႏွစ္ဦးကို စက္တင္ဘာ ၂၁ ရက္ နံနက္ ၃ နာရီေက်ာ္တြင္ ေတာင္ဥကၠလာပၿမိဳ႕နယ္ ေ၀ဇယႏၲာလမ္းႏွင့္ သစၥာလမ္းေထာင့္၌ ဖမ္းဆီးရာက စတင္ျဖစ္ပြားခဲ့ျခင္းျဖစ္ သည္။

‘‘သူက စေကဘာနဲ႔ ျပန္ခုခံ ေတာ့ ရဲက လုံးေထြးၿပီးဖမ္းတာ။ စေကဘာနဲ႔ ထုိးမိတာေတာ့ မဟုတ္ဘူူး။ လက္သီးနဲ႔ ထိုးမိတာ။ ဒဏ္ရာကေတာ့ နည္းနည္းပါ။ သူ႔ကို ဖမ္းမိတဲ့အခ်ိန္မွာလည္း ေဆးျပား ၇၀၀ ေက်ာ္န႔ဲအတူ မိတာ’’ဟု ေတာင္ဥကၠလာၿမိဳ႕မရဲ စခန္းမွ ရဲအရာရွိတစ္ဦးကဆုိသည္။

တရားခံႏွစ္ဦးအနက္ အသက္(၄၂)ႏွစ္အရြယ္ မ်ဳိးေဆြဆုိသူသည္ အ႐ိုးအသြား ၁၀ လက္မခန္႔ရွိသည့္ ဦးခြၽန္စေကဘာျဖင့္ ျပန္လည္ခုခံေနသျဖင့္ လုံးေထြးဖမ္းဆီးရာမွ ရဲတပ္ဖဲြ႕၀င္တစ္ဦး ဒဏ္ရာရရွိျခင္းျဖစ္ေၾကာင္း ေတာင္ဥကၠလာပၿမိဳ႕နယ္ ရဲတပ္ဖဲြ႕မွဴး႐ုံးမွ သိရသည္။

မူးယစ္ေဆး၀ါး ကြင္းဆက္ တရားခံက စေကဘာျဖင့္ ျပန္လည္ခုခံကာ လက္သီးျဖင့္ ထုိးေသာေၾကာင့္ ဒဂုံဆိပ္ကမ္းၿမိဳ႕မရဲစခန္းမွ ရဲတပ္သားမ်ဳိးေအာင္ ၏ ၀ဲဘက္နားအေနာက္တြင္ ဒဏ္ရာအနည္းငယ္ရရွိသျဖင့္ သဃၤန္းကြၽန္းစံျပေဆး႐ုံသို႔ တင္ပို႔ကုသထားရေၾကာင္း ေတာင္ဥကၠလာပၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက ဆုိသည္။

ရဲတပ္ဖဲြ႕က ဖမ္းဆီးစဥ္ ျပန္ လည္ခုခံသည့္ မ်ဳိးေဆြဆုိသူကုိ ေတာင္ဥကၠလာပၿမိဳ႕မရဲစခန္းက တာ၀န္ထမ္းေဆာင္ေနသည့္ ျပည္သူ႔၀န္ထမ္းအား မိမိအလိုအေလ်ာက္နာက်င္ေစမႈ ပုဒ္မ ၃၃၂ ျဖင့္ အမႈဖြင့္ အေရးယူထား ေၾကာင္း ေတာင္ဥကၠလာပၿမိဳ႕မရဲစခန္းမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
  တောင်ဥက္ကလာပမြို့နယ် (၃)ရပ်ကွက်တွင် မူးယစ်ဆေးဝါးမှု ကွင်းဆက်တရားခံနှစ် ဦးကို ဖမ်းဆီးစဉ် တရားခံက စကေဘာဖြင့် ပြန်လည်ခုခံသဖြင့် ရဲတပ်သားတစ်ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။


 ဒဂုံဆိပ်ကမ်းမြို့နယ်အ တွင်း ဖမ်းမိခဲ့သည့် မူးယစ်ဆေးဝါးတရားခံ ဝင်းခိုင်ဆိုသူ၏ ထွက်ဆိုချက်အရ ကွင်းဆက်တရားခံ မျိုးဆွေနှင့် ကောင်းမြတ်ထွန်းတို့ နှစ်ဦးကို စက်တင်ဘာ ၂၁ ရက် နံနက် ၃ နာရီကျော်တွင် တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့်၌ ဖမ်းဆီးရာက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

‘‘သူက စကေဘာနဲ့ ပြန်ခုခံ တော့ ရဲက လုံးထွေးပြီးဖမ်းတာ။ စကေဘာနဲ့ ထိုးမိတာတော့ မဟုတ်ဘူူး။ လက်သီးနဲ့ ထိုးမိတာ။ ဒဏ်ရာကတော့ နည်းနည်းပါ။ သူ့ကို ဖမ်းမိတဲ့အချိန်မှာလည်း ဆေးပြား ၇၀၀ ကျော်နဲ့အတူ မိတာ’’ဟု တောင်ဥက္ကလာမြို့မရဲ စခန်းမှ ရဲအရာရှိတစ်ဦးကဆိုသည်။

တရားခံနှစ်ဦးအနက် အသက်(၄၂)နှစ်အရွယ် မျိုးဆွေဆိုသူသည် အရိုးအသွား ၁၀ လက်မခန့်ရှိသည့် ဦးချွန်စကေဘာဖြင့် ပြန်လည်ခုခံနေသဖြင့် လုံးထွေးဖမ်းဆီးရာမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခြင်းဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မူးယစ်ဆေးဝါး ကွင်းဆက် တရားခံက စကေဘာဖြင့် ပြန်လည်ခုခံကာ လက်သီးဖြင့် ထိုးသောကြောင့် ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းမှ ရဲတပ်သားမျိုးအောင် ၏ ဝဲဘက်နားအနောက်တွင် ဒဏ်ရာအနည်းငယ်ရရှိသဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ တင်ပို့ကုသထားရကြောင်း တောင်ဥက္ကလာပမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ် ပြန် လည်ခုခံသည့် မျိုးဆွေဆိုသူကို တောင်ဥက္ကလာပမြို့မရဲစခန်းက တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့ဝန်ထမ်းအား မိမိအလိုအလျောက်နာကျင်စေမှု ပုဒ်မ ၃၃၂ ဖြင့် အမှုဖွင့် အရေးယူထား ကြောင်း တောင်ဥက္ကလာပမြို့မရဲစခန်းမှ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top