Property Expo
×

ကသာၿမိဳ႕တြင္ ေနထုိင္သူတစ္ဦးသို႔ ဖုန္းျဖင့္ဆက္သြယ္ ကာ လိမ္လည္ၿပီး က်ပ္ ၁၉ သိန္းလႊဲပုိ႔ခုိင္းခဲ့သည့္ တပ္မေတာ္(ေရ)မွ တပ္ၾကပ္ႀကီးတစ္ဦးကို တာေမြၿမိဳ႕နယ္ ျမန္မာ့ရတနာဘဏ္ တြင္ ေစာင့္ဆုိင္းဖမ္းဆီးကာ အ ေရးယူခဲ့ေၾကာင္း သတင္းရရွိ သည္။
စက္တင္ဘာ ၂၃ ရက္ မြန္းလြဲပုိင္းတြင္ ကသာၿမိဳ႕နယ္တြင္ ေနထုိင္သူ အမ်ဳိးသားတစ္ဦးထံ သုိ႔ ကံစမ္းမဲေပါက္သည္ဟုဆုိကာ ဖုန္းျဖင့္ဆက္သြယ္ခဲ့ၿပီး က်ပ္သိန္းကုိးရာ ကံစမ္းမဲေပါက္သည့္အတြက္ လႊဲခက်ပ္ ၁၉ သိန္း ေပးရန္ ေျပာၾကားခဲ့ၿပီးေနာက္ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း တာေမြၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦး ကေျပာသည္။

‘‘ေငြလိမ္တဲ့သူက သိန္းကုိး ရာ ကံစမ္းမဲေပါက္တယ္ဆုိၿပီး အ ေၾကာင္းၾကားတယ္။ ဟုိဘက္က အလိမ္ခံရသူကလည္း သိတယ္။ ကသာရဲစခန္းမွာ အမႈဖြင့္ထားၿပီး ဒီဘက္ကစခန္းနဲ႔ခ်ိတ္တယ္။ သူ ေငြလာထုတ္မွ ဘဏ္ကတာ၀န္ရွိ သူေတြနဲ႔ ပူးေပါင္းၿပီး ဖမ္းလုိက္ တာပါ’’ဟု ၎ကေျပာသည္။

လိမ္လည္သူ အမ်ဳိးသား သည္ နတ္ေခ်ာင္းရပ္ကြက္ ျမန္မာ့ရတနာဘဏ္သုိ႔ ေငြလာေရာက္ ထုတ္ယူစဥ္ ဘဏ္မွတာ၀န္ရွိသူ မ်ားႏွင့္ ရဲတပ္ဖြဲ႕တို႔ ပူးေပါင္းဖမ္း ဆီးခဲ့ျခင္းျဖစ္သည္။

ေငြလိမ္လည္ခဲ့သူမွာ သန္ လ်င္ေရတပ္စခန္းမွ တပ္ၾကပ္ အဆင့္ရွိ အသက္(၅၂)ႏွစ္အရြယ္ မ်ဳိးသန္႔ျဖစ္ၿပီး လပြတၱာၿမိဳ႕နယ္ ေနအမ်ဳိးသားတစ္ဦးထံ ဖုန္းျဖင့္ဆက္သြယ္ကာ လက္ကုိင္ဖုန္း ကံစမ္းမဲ ေပါက္သည္ဟုဆုိကာ ဘဏ္မွတစ္ဆင့္က်ပ္ ၂၇ သိန္းပုိ႔ေပးရန္ လိမ္လည္ခဲ့သည့္အမႈ က်ဴးလြန္ဖူးသူျဖစ္ေၾကာင္း တာေမြၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးကေျပာသည္။

‘‘ေလာေလာဆယ္ေတာ့ ကြၽန္ေတာ္တုိ႔အမႈစစ္ၿပီးေတာ့ ေရ တပ္ကျဖစ္တဲ့အတြက္ သက္ဆုိင္ ရာဌာနက လႊဲအပ္ေပးထားပါ တယ္။ အရင္တစ္ခါဆုိလည္း အခုလို ဖုန္းဆက္ၿပီး ေငြေၾကးလိမ္ လည္ဖူးတယ္လုိ႔ စစ္ေဆးသိရပါတယ္။ ကသာရဲစခန္းကလည္း အမႈဖြင့္ၿပီး အေရးယူထားပါတယ္’’ဟု ၎ကေျပာသည္။

ေငြမ်ား လွည့္လည္လိမ္ လည္ေနသည့္ အသက္(၅၂)ႏွစ္ အရြယ္ တပ္ၾကပ္မ်ဳိးသန္႔ကို က သာၿမိဳ႕နယ္ရဲစခန္းက ရာဇသတ္ ႀကီးပုဒ္မ ၄၂၀ ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day News

#Unicode Version
ကသာမြို့တွင် နေထိုင်သူတစ်ဦးသို့ ဖုန်းဖြင့်ဆက်သွယ် ကာ လိမ်လည်ပြီး ကျပ် ၁၉ သိန်းလွှဲပို့ခိုင်းခဲ့သည့် တပ်မတော်(ရေ)မှ တပ်ကြပ်ကြီးတစ်ဦးကို တာမွေမြို့နယ် မြန်မာ့ရတနာဘဏ် တွင် စောင့်ဆိုင်းဖမ်းဆီးကာ အ ရေးယူခဲ့ကြောင်း သတင်းရရှိ သည်။
စက်တင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းတွင် ကသာမြို့နယ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးထံ သို့ ကံစမ်းမဲပေါက်သည်ဟုဆိုကာ ဖုန်းဖြင့်ဆက်သွယ်ခဲ့ပြီး ကျပ်သိန်းကိုးရာ ကံစမ်းမဲပေါက်သည့်အတွက် လွှဲခကျပ် ၁၉ သိန်း ပေးရန် ပြောကြားခဲ့ပြီးနောက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း တာမွေမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦး ကပြောသည်။

‘‘ငွေလိမ်တဲ့သူက သိန်းကိုး ရာ ကံစမ်းမဲပေါက်တယ်ဆိုပြီး အ ကြောင်းကြားတယ်။ ဟိုဘက်က အလိမ်ခံရသူကလည်း သိတယ်။ ကသာရဲစခန်းမှာ အမှုဖွင့်ထားပြီး ဒီဘက်ကစခန်းနဲ့ချိတ်တယ်။ သူ ငွေလာထုတ်မှ ဘဏ်ကတာဝန်ရှိ သူတွေနဲ့ ပူးပေါင်းပြီး ဖမ်းလိုက် တာပါ’’ဟု ၎င်းကပြောသည်။

လိမ်လည်သူ အမျိုးသား သည် နတ်ချောင်းရပ်ကွက် မြန်မာ့ရတနာဘဏ်သို့ ငွေလာရောက် ထုတ်ယူစဉ် ဘဏ်မှတာဝန်ရှိသူ များနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းဖမ်း ဆီးခဲ့ခြင်းဖြစ်သည်။

ငွေလိမ်လည်ခဲ့သူမှာ သန် လျင်ရေတပ်စခန်းမှ တပ်ကြပ် အဆင့်ရှိ အသက်(၅၂)နှစ်အရွယ် မျိုးသန့်ဖြစ်ပြီး လပွတ္တာမြို့နယ် နေအမျိုးသားတစ်ဦးထံ ဖုန်းဖြင့်ဆက်သွယ်ကာ လက်ကိုင်ဖုန်း ကံစမ်းမဲ ပေါက်သည်ဟုဆိုကာ ဘဏ်မှတစ်ဆင့်ကျပ် ၂၇ သိန်းပို့ပေးရန် လိမ်လည်ခဲ့သည့်အမှု ကျူးလွန်ဖူးသူဖြစ်ကြောင်း တာမွေမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

‘‘လောလောဆယ်တော့ ကျွန်တော်တို့အမှုစစ်ပြီးတော့ ရေ တပ်ကဖြစ်တဲ့အတွက် သက်ဆိုင် ရာဌာနက လွှဲအပ်ပေးထားပါ တယ်။ အရင်တစ်ခါဆိုလည်း အခုလို ဖုန်းဆက်ပြီး ငွေကြေးလိမ် လည်ဖူးတယ်လို့ စစ်ဆေးသိရပါတယ်။ ကသာရဲစခန်းကလည်း အမှုဖွင့်ပြီး အရေးယူထားပါတယ်’’ဟု ၎င်းကပြောသည်။

ငွေများ လှည့်လည်လိမ် လည်နေသည့် အသက်(၅၂)နှစ် အရွယ် တပ်ကြပ်မျိုးသန့်ကို က သာမြို့နယ်ရဲစခန်းက ရာဇသတ် ကြီးပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top