Kantharyar Centre
×

ျမန္မာႏုိင္ငံ၏ ပညာေရးႏွင့္ အေမရိကန္သံ႐ုံး၏ ပညာေရးႏွင့္ပတ္သက္၍ ႏွီးေႏွာဖလွယ္ေရးအစီအစဥ္ကို စက္တင္ဘာ ၃၀ ရက္ ေန႔လယ္တြင္ ျမန္မာႏုိင္ငံဆုိင္ရာ အေမရိကန္သံအမတ္ႀကီးႏွင့္ ေဖ့စ္ဘြတ္ခ္မွတစ္ဆင့္ တုိက္႐ုိက္ေဆြးေႏြးႏုိင္ေၾကာင္း အေမရိကန္သံ႐ုံးက ေၾကညာထားသည္။

ျမန္မာႏုိင္ငံဆုိင္ရာ အေမရိကန္သံအမတ္ႀကီး မစၥတာစေကာ့မာစီရယ္ႏွင့္ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမွတစ္ဆင့္ တုိက္႐ုိက္ေဆြးေႏြး ႏုိင္မည့္ ‘Facebook Live Chat’ အစီအစဥ္ကို စက္တင္ဘာ ၃၀ ရက္မြန္းလဲြ ၂ နာရီမွ ၃ နာရီအထိ ျပဳလုပ္မည္ျဖစ္သည္။

‘‘အေမရိကန္သံအမတ္ႀကီးက ပညာေရးဆုိင္ရာ ေဆြးေႏြးမႈေတြကို Facebook Live Chat  ကေန တုိက္႐ုိက္ေဆြးေႏြးသြားမယ္။ အဲဒီမွာ ေမးခြန္းေတြေမးလုိ႔ရမယ္။ ေဆြးေႏြးလို႔ရမယ္’’ဟု အေမရိကန္သံ႐ုံးမွ တာ၀န္ရွိသူတစ္ဦးက ေျပာၾကားသည္။

ျမန္မာႏုိင္ငံရွိ ျပည္သူလူထုအတြက္ ပညာေရးဆုိင္ရာ အခြင့္အလမ္းမ်ား ျမႇင့္တင္ေပးရန္ အေမရိကန္ႏွင့္ ျမန္မာႏုိင္ငံတို႔ လက္တဲြလုပ္ေဆာင္ႏုိင္မည့္ အႀကံျပဳခ်က္မ်ား၊ ျမန္မာႏုိင္ငံ၏ ပညာေရးကို အားေပးကူညီရန္ အေမရိကန္သံ႐ုံးက ေဆာင္ရြက္ေပးေနမႈမ်ားႏွင့္ အေမရိကန္သံ႐ုံးက ေပးအပ္သည့္ ပညာသင္ဆုႏွင့္ ႏွီးေႏွာဖလွယ္ေရးအစီအစဥ္မ်ားကို ၀င္ေရာက္အႀကံျပဳႏုိင္ေၾကာင္း အေမရိကန္သံ႐ုံးက ဖိတ္ေခၚထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

မန်မာနိုင်ငံ၏ ပညာရေးနှင့် အမေရိကန်သံရုံး၏ ပညာရေးနှင့်ပတ်သက်၍ နှီးနှောဖလှယ်ရေးအစီအစဉ်ကို စက်တင်ဘာ ၃၀ ရက် နေ့လယ်တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနှင့် ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် တိုက်ရိုက်ဆွေးနွေးနိုင်ကြောင်း အမေရိကန်သံရုံးက ကြေညာထားသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာစကော့မာစီရယ်နှင့် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် တိုက်ရိုက်ဆွေးနွေး နိုင်မည့် ‘Facebook Live Chat’ အစီအစဉ်ကို စက်တင်ဘာ ၃၀ ရက်မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ ပြုလုပ်မည်ဖြစ်သည်။

‘‘အမေရိကန်သံအမတ်ကြီးက ပညာရေးဆိုင်ရာ ဆွေးနွေးမှုတွေကို Facebook Live Chat  ကနေ တိုက်ရိုက်ဆွေးနွေးသွားမယ်။ အဲဒီမှာ မေးခွန်းတွေမေးလို့ရမယ်။ ဆွေးနွေးလို့ရမယ်’’ဟု အမေရိကန်သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံရှိ ပြည်သူလူထုအတွက် ပညာရေးဆိုင်ရာ အခွင့်အလမ်းများ မြှင့်တင်ပေးရန် အမေရိကန်နှင့် မြန်မာနိုင်ငံတို့ လက်တွဲလုပ်ဆောင်နိုင်မည့် အကြံပြုချက်များ၊ မြန်မာနိုင်ငံ၏ ပညာရေးကို အားပေးကူညီရန် အမေရိကန်သံရုံးက ဆောင်ရွက်ပေးနေမှုများနှင့် အမေရိကန်သံရုံးက ပေးအပ်သည့် ပညာသင်ဆုနှင့် နှီးနှောဖလှယ်ရေးအစီအစဉ်များကို ဝင်ရောက်အကြံပြုနိုင်ကြောင်း အမေရိကန်သံရုံးက ဖိတ်ခေါ်ထားသည်။



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top