Property Expo
×

ဆယ္ေက်ာ္သက္ အရြယ္ တူတစ္ဦးကို တရားဥပေဒအရ ေစာင့္ေရွာက္ခြင့္အပ္ႏွင္း ခံထားရသည့္ အစ္ကိုျဖစ္သူ ေသဆံုးမႈႏွင့္ပတ္သက္၍ ပူေဆြး ေသာကဒဏ္ ခံေနရသူတစ္ဦး အေၾကာင္း ႐ိုက္ကူးထားေသာ Manchester by the Sea ဇာတ္ကားတြင္ ပါဝင္သ႐ုပ္မေဆာင္ ျဖစ္ခဲ့ျခင္းမွာ အခ်ိန္က်ပ္တည္းမႈ ေၾကာင့္ျဖစ္သည္ဟု မင္းသားႏွင့္ ႐ုပ္ရွင္ထုတ္လုပ္သူ မက္ေဒမြန္ က ေျပာၾကားသည္။

ဇာတ္ကားစတင္႐ိုက္ကူး ခ်ိန္မွ ထုတ္လုပ္မႈအထိ မင္းသား ေဒမြန္ ႀကီးၾကပ္ခဲ့ေသာ ယင္း ႐ုပ္ရွင္တြင္ သ႐ုပ္ေဆာင္ရန္ မင္းသား ဘန္အက္ဖလက္၏ညီ ေကာစီအက္ဖလက္ကို ေရြးခ်ယ္ ခဲ့သည္။

‘‘ကြၽန္ေတာ္ ဘယ္သူ႔ကိုမွ သ႐ုပ္ေဆာင္ခြင့္ မေပးခဲ့ဘဲ ေက စီကို သ႐ုပ္ေဆာင္ခြင့္ေပးခဲ့တာ ပါ’’ဟု တိုရြန္တို ႏိုင္ငံတကာ ႐ုပ္ ရွင္ပြဲေတာ္တြင္ Manchester by the Sea ဇာတ္ကား မိတ္ဆက္ပြဲ၌ေဒမြန္က ႐ိုက္တာသတင္းဌာနအား ေျပာၾကားသည္။

မိမိအေနျဖင့္ ယင္းဇာတ္ ကားတြင္ သ႐ုပ္ေဆာင္ရန္ အဆင္သင့္ျဖစ္ခဲ့ေသာ္လည္း အခ်ိန္ အကန္႔အသတ္ေၾကာင့္ မင္းသားေကစီအက္ဖလက္ကို သ႐ုပ္ေဆာင္ရန္ ေရြးခ်ယ္ခဲ့ျခင္းျဖစ္ သည္ဟု မက္ေဒမြန္က ေျပာ သည္။

ခ်ီးက်ဴးထားေသာ သံုးသပ္ ခ်က္မ်ား လက္ခံရရွိထားသည့္ ယင္းဇာတ္ကားကို ေဒမြန္က စာ ေရးဆရာ ကက္နက္လိုနာဂန္အား ဒါ႐ိုက္တာအျဖစ္ ႐ိုက္ကူးေစခဲ့ သည္။

ယင္းကားအတြက္ ဇာတ္ ၫႊန္းကို ကက္နက္က ေရးေပးရန္ လြန္ခဲ့ေသာ ငါးႏွစ္က ေျပာၾကား ထားခဲ့ၿပီး မိမိက ဒါ႐ိုက္တာအျဖစ္ ႐ိုက္ကူးရန္ စီစဥ္ထားသည္ဟု ေဒမြန္က ေျပာသည္။

ယင္းဇာတ္ကားတြင္ ဘန္အက္ဖလက္၏ ဇနီးအျဖစ္ မင္းသမီး မီခ်ဲလ္ဝီလီယမ္ ပါဝင္ သ႐ုပ္ေဆာင္ထားၿပီး တူျဖစ္သူေနရာ၌ လူးကပ္စ္ဟိတ္ခ်္က လည္းေကာင္း၊ အက္ဖလက္၏ အစ္ကိုေနရာတြင္ ကိုင္လ္ခ်န္ ဒလာက လည္းေကာင္း ပါဝင္သ႐ုပ္ေဆာင္ထားကာ ႏိုဝင္ဘာ ၁၈ ရက္၌ အေမရိကန္ႏိုင္ငံတြင္ စတင္ျပသမည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ဆယ်ကျော်သက် အရွယ် တူတစ်ဦးကို တရားဥပဒေအရ စောင့်ရှောက်ခွင့်အပ်နှင်း ခံထားရသည့် အစ်ကိုဖြစ်သူ သေဆုံးမှုနှင့်ပတ်သက်၍ ပူဆွေး သောကဒဏ် ခံနေရသူတစ်ဦး အကြောင်း ရိုက်ကူးထားသော Manchester by the Sea ဇာတ်ကားတွင် ပါဝင်သရုပ်မဆောင် ဖြစ်ခဲ့ခြင်းမှာ အချိန်ကျပ်တည်းမှု ကြောင့်ဖြစ်သည်ဟု မင်းသားနှင့် ရုပ်ရှင်ထုတ်လုပ်သူ မက်ဒေမွန် က ပြောကြားသည်။

ဇာတ်ကားစတင်ရိုက်ကူး ချိန်မှ ထုတ်လုပ်မှုအထိ မင်းသား ဒေမွန် ကြီးကြပ်ခဲ့သော ယင်း ရုပ်ရှင်တွင် သရုပ်ဆောင်ရန် မင်းသား ဘန်အက်ဖလက်၏ညီ ကောစီအက်ဖလက်ကို ရွေးချယ် ခဲ့သည်။

‘‘ကျွန်တော် ဘယ်သူ့ကိုမှ သရုပ်ဆောင်ခွင့် မပေးခဲ့ဘဲ ကေ စီကို သရုပ်ဆောင်ခွင့်ပေးခဲ့တာ ပါ’’ဟု တိုရွန်တို နိုင်ငံတကာ ရုပ် ရှင်ပွဲတော်တွင် Manchester by the Sea ဇာတ်ကား မိတ်ဆက်ပွဲ၌ဒေမွန်က ရိုက်တာသတင်းဌာနအား ပြောကြားသည်။

မိမိအနေဖြင့် ယင်းဇာတ် ကားတွင် သရုပ်ဆောင်ရန် အဆင်သင့်ဖြစ်ခဲ့သော်လည်း အချိန် အကန့်အသတ်ကြောင့် မင်းသားကေစီအက်ဖလက်ကို သရုပ်ဆောင်ရန် ရွေးချယ်ခဲ့ခြင်းဖြစ် သည်ဟု မက်ဒေမွန်က ပြော သည်။

ချီးကျူးထားသော သုံးသပ် ချက်များ လက်ခံရရှိထားသည့် ယင်းဇာတ်ကားကို ဒေမွန်က စာ ရေးဆရာ ကက်နက်လိုနာဂန်အား ဒါရိုက်တာအဖြစ် ရိုက်ကူးစေခဲ့ သည်။

ယင်းကားအတွက် ဇာတ် ညွှန်းကို ကက်နက်က ရေးပေးရန် လွန်ခဲ့သော ငါးနှစ်က ပြောကြား ထားခဲ့ပြီး မိမိက ဒါရိုက်တာအဖြစ် ရိုက်ကူးရန် စီစဉ်ထားသည်ဟု ဒေမွန်က ပြောသည်။

ယင်းဇာတ်ကားတွင် ဘန်အက်ဖလက်၏ ဇနီးအဖြစ် မင်းသမီး မီချဲလ်ဝီလီယမ် ပါဝင် သရုပ်ဆောင်ထားပြီး တူဖြစ်သူနေရာ၌ လူးကပ်စ်ဟိတ်ချ်က လည်းကောင်း၊ အက်ဖလက်၏ အစ်ကိုနေရာတွင် ကိုင်လ်ချန် ဒလာက လည်းကောင်း ပါဝင်သရုပ်ဆောင်ထားကာ နိုဝင်ဘာ ၁၈ ရက်၌ အမေရိကန်နိုင်ငံတွင် စတင်ပြသမည်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top