Property Expo
×

ဘဏ္တစ္ခုကုိ ဓါးျပတုိက္ခဲ့တယ္လုိ႔ သံသယရွိ စြပ္စြဲခံရတဲ့ ကန္း နက္စ္ၿမိဳ႕ေတာ္က အသက္ ၇၀ ေက်ာ္အဖိုးအုိတစ္ဦးရဲ႕ ျပစ္မႈက်ဴး လြန္ရတဲ့အေၾကာင္းအရင္းကုိ စစ္ေဆးေမးျမန္းလုိက္ခ်ိန္မွာေတာ့ တကယ့္ကုိ ဟာသဆန္ၿပီး ကုိ႔ယုိ႔ကားယားႏုိင္တဲ့ အေျဖတစ္ခု ေၾကာင့္ ရဲတပ္ဖြဲ႕ဝင္အားလံုးကုိ စိတ္ဝင္သြားေစခဲ့ပါတယ္။

အဲ့ဒါကေတာ့ ဂၽြန္ရစ္ပယ္ဆုိသူ အဖိုးအုိက သူ႔အေနနဲ႔ ဘဏ္ကုိ ဓါးျပတုိက္မႈေၾကာင့္ အဖမ္းခံရၿပီးေထာင္ဒဏ္မွာ သြားေရာက္ေနထုိင္ ရျခင္းက သူ႔ရဲ႕ဇနီးသည္ေဘးနားမွာ ေနထုိင္တာထက္စာရင္ ပုိၿပီး ေတာ့ အဆင္ေျပႏုိင္တယ္လုိ႔ ဆုိလုိက္တာပါပဲ…

ၿပီးခဲ့တဲ့ ေသာၾကာေန႔က ၿမိဳ႕ေတာ္ဘဏ္တစ္ခုမွာ ဓါးျပတုိက္ၿပီး ေနာက္မွာ စာတုိတစ္ေစာင္ေရးသားထားတဲ့ စာရြက္တစ္ရြက္ကုိ ခ်န္ ထားခဲ့ပါတယ္။ လက္နက္တစ္လက္ ဝယ္ခ်င္တယ္ဆုိတဲ့ စာတစ္ ရြက္ကုိ ခ်န္ထားခဲ့ကာ ပိုက္ဆံေတြကုိယူၿပီး သူကုိယ္တုိင္အဖမ္းခံဖို႔ အတြက္ ရဲတပ္ဖြဲ႕ဝင္ေတြရဲ႕အလာကုိဘဏ္ေရွ႕ေလာ္ဘီမွာ ထုိင္ ေစာင့္ကာ အဖမ္းခံခဲ့တာပဲ ျဖစ္ပါတယ္။

ဒီလုိမ်ိဳး အူေၾကာင္ၾကားႏုိင္တဲ့ မႈခင္းျဖစ္စဥ္မ်ိဳးေၾကာင့္ ရဲတပ္ဖြဲ႕ဝင္ ေတြနဲ႔ သက္ဆုိင္ရာဌာနေတြအတြက္ စိတ္ဝင္စားမႈျဖစ္ေစခဲ့ၿပီး  သူ႔အေနနဲ႕အဘယ္ေၾကာင့္ ဇနီးသည္ရဲ႕အနားမွာ မေနထုိင္ခ်င္ရ ျခင္းအေၾကာင္းကုိေတာ့ မသိရဘူးလုိ႔ သိရပါတယ္။

Credit: ဖိုးသူေတာ္ (www.phothutaw.com)
ဖိုးသူေတာ္ Team မွ ဘာသာျပန္သည္။

#Unicode Version

ဘဏ်တစ်ခုကို ဓါးပြတိုက်ခဲ့တယ်လို့ သံသယရှိ စွပ်စွဲခံရတဲ့ ကန်း နက်စ်မြို့တော်က အသက် ၇၀ ကျော်အဖိုးအိုတစ်ဦးရဲ့ ပြစ်မှုကျူး လွန်ရတဲ့အကြောင်းအရင်းကို စစ်ဆေးမေးမြန်းလိုက်ချိန်မှာတော့ တကယ့်ကို ဟာသဆန်ပြီး ကို့ယို့ကားယားနိုင်တဲ့ အဖြေတစ်ခု ကြောင့် ရဲတပ်ဖွဲ့ဝင်အားလုံးကို စိတ်ဝင်သွားစေခဲ့ပါတယ်။

အဲ့ဒါကတော့ ဂျွန်ရစ်ပယ်ဆိုသူ အဖိုးအိုက သူ့အနေနဲ့ ဘဏ်ကို ဓါးပြတိုက်မှုကြောင့် အဖမ်းခံရပြီးထောင်ဒဏ်မှာ သွားရောက်နေထိုင် ရခြင်းက သူ့ရဲ့ဇနီးသည်ဘေးနားမှာ နေထိုင်တာထက်စာရင် ပိုပြီး တော့ အဆင်ပြေနိုင်တယ်လို့ ဆိုလိုက်တာပါပဲ…

ပြီးခဲ့တဲ့ သောကြာနေ့က မြို့တော်ဘဏ်တစ်ခုမှာ ဓါးပြတိုက်ပြီး နောက်မှာ စာတိုတစ်စောင်ရေးသားထားတဲ့ စာရွက်တစ်ရွက်ကို ချန် ထားခဲ့ပါတယ်။ လက်နက်တစ်လက် ဝယ်ချင်တယ်ဆိုတဲ့ စာတစ် ရွက်ကို ချန်ထားခဲ့ကာ ပိုက်ဆံတွေကိုယူပြီး သူကိုယ်တိုင်အဖမ်းခံဖို့ အတွက် ရဲတပ်ဖွဲ့ဝင်တွေရဲ့အလာကိုဘဏ်ရှေ့လော်ဘီမှာ ထိုင် စောင့်ကာ အဖမ်းခံခဲ့တာပဲ ဖြစ်ပါတယ်။

ဒီလိုမျိုး အူကြောင်ကြားနိုင်တဲ့ မှုခင်းဖြစ်စဉ်မျိုးကြောင့် ရဲတပ်ဖွဲ့ဝင် တွေနဲ့ သက်ဆိုင်ရာဌာနတွေအတွက် စိတ်ဝင်စားမှုဖြစ်စေခဲ့ပြီး  သူ့အနေနဲ့အဘယ်ကြောင့် ဇနီးသည်ရဲ့အနားမှာ မနေထိုင်ချင်ရ ခြင်းအကြောင်းကိုတော့ မသိရဘူးလို့ သိရပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top