Kantharyar Centre
×

   ၿဗိတိန္ႏုိင္ငံရွိ အမ်ဳိးသမီးမ်ားသည္ အမ်ဳိးသားမ်ားထက္ အ၀တ္အစားႏွင့္ ဖိနပ္အသံုးစရိတ္ကို ေလးဆခဲြေက်ာ္ ပိုမိုသံုးစဲြေနေၾကာင္း ေလ့လာမႈတစ္ခုက ေဖာ္ျပလိုက္ၿပီ ျဖစ္သည္။

          ၿဗိတိန္ႏိုင္ငံသူမ်ားသည္ ဇြန္လအထိ တစ္ႏွစ္တာ အခ်ိန္ကာလအတြင္း အ၀တ္အစားႏွင့္ ဖိနပ္အတြက္ ေပါင္ (၆ ဒသမ ၈) ဘီလီယံ သံုးစဲြခဲ့ေၾကာင္း ၿဗိတိန္ ခရက္ဒစ္ကတ္ အသင္း၏ စာရင္းအင္းမ်ားတြင္ ေဖာ္ျပထားသည္။ ယင္းတူညီေသာ အခ်ိန္ကာလအတြင္း အမ်ဳိးသားမ်ား၏ အ၀တ္အစား အတြက္ အသံုးစရိတ္မွာ ေပါင္ (၁ ဒသမ ၅) ဘီလီယံသာ ရွိခဲ့သည္။

          အမ်ဳိးသားႏွင့္ အမ်ဳိးသမီးမ်ားၾကား ေငြေၾကးသံုးစဲြမႈ ကြာဟခ်က္သည္ အြန္လိုင္း ေစ်း၀ယ္မႈတြင္ ပိုမိုထင္ရွားေပၚလြင္လာခဲ့သည္။ အမ်ဳိးသမီးမ်ားသည္ အြန္လိုင္းမွ တစ္ဆင့္ အ၀တ္အစားမ်ား ၀ယ္ယူရာတြင္ ခရက္ဒစ္ကတ္ျဖင့္ ေပါင္(၁ ဒသမ ၅) ဘီလီယံ ေပးေခ်ခဲ့သည္။ အမ်ဳိးသားမ်ားမွာမူ ေပါင္(၂၁၁) သန္းသာ သံုးစဲြခဲ့သည္။

          သို႔ေသာ္ အမ်ဳိးသမီးမ်ားသည္ အြန္လိုင္းမွ တစ္ဆင့္ အ၀တ္အစားမ်ား ၀ယ္ယူရာတြင္ အ၀တ္အစားမ်ား ရရွိၿပီးေနာက္ မႏွစ္သက္ေသာေၾကာင့္  အေရာင္းကုမၸဏီထံသို႔ အႀကိမ္ႀကိမ္ ျပန္ပို႔သူမ်ား ျဖစ္ေနခဲ့သည္။ အမ်ဳိးသမီး (၂၃) ရာခုိင္ႏႈန္းက ကုမၸဏီသို႔ ပစၥည္းမ်ား ျပန္ပို႔ခဲ့ၿပီး အမ်ဳိးသား(၁၂) ရာခိုင္ႏႈန္းသာ အလားတူ လုပ္ေဆာင္ခဲ့သည္။

          အ၀တ္အစား မွာယူၿပီးေနာက္ မႏွစ္သက္ေသာေၾကာင့္၊ ခႏၶာကိုယ္ႏွင့္ မေတာ္ေသာေၾကာင့္ အစရွိသည့္ အေၾကာင္းျပခ်က္မ်ားျဖင့္ အ၀တ္အစားမ်ားကို ကုမၸဏီသို႔ ျပန္ပို႔မႈေၾကာင့္ လက္လီ အေရာင္းသမားမ်ား အျမတ္ေငြရရွိမႈ က်ဆင္းေနရၿပီ ျဖစ္သည္။

          အမ်ဳိးသမီးမ်ားသည္ သူတို႔ကိုယ္တုိင္က အ၀တ္အစားမ်ား အတြက္ ေငြေၾကး သံုးစဲြေနေသာ္လည္း ခ်စ္သူအမ်ဳိးသားႏွင့္ ခင္ပြန္းမ်ားအား နည္းပစၥည္းမ်ား ၀ယ္ယူမႈ၊ ဘီယာေသာက္မႈႏွင့္ ေဘာလံုးပဲြ တို႔အတြက္ ေငြေၾကးမ်ားစြာ သံုးစဲြေနေၾကာင္း ျပစ္တင္ေျပာဆုိမႈမ်ားလည္း ျပဳလုပ္ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Messenger

Unicode Version

   ဗြိတိန်နိုင်ငံရှိ အမျိုးသမီးများသည် အမျိုးသားများထက် အဝတ်အစားနှင့် ဖိနပ်အသုံးစရိတ်ကို လေးဆခွဲကျော် ပိုမိုသုံးစွဲနေကြောင်း လေ့လာမှုတစ်ခုက ဖော်ပြလိုက်ပြီ ဖြစ်သည်။

          ဗြိတိန်နိုင်ငံသူများသည် ဇွန်လအထိ တစ်နှစ်တာ အချိန်ကာလအတွင်း အဝတ်အစားနှင့် ဖိနပ်အတွက် ပေါင် (၆ ဒသမ ၈) ဘီလီယံ သုံးစွဲခဲ့ကြောင်း ဗြိတိန် ခရက်ဒစ်ကတ် အသင်း၏ စာရင်းအင်းများတွင် ဖော်ပြထားသည်။ ယင်းတူညီသော အချိန်ကာလအတွင်း အမျိုးသားများ၏ အဝတ်အစား အတွက် အသုံးစရိတ်မှာ ပေါင် (၁ ဒသမ ၅) ဘီလီယံသာ ရှိခဲ့သည်။

          အမျိုးသားနှင့် အမျိုးသမီးများကြား ငွေကြေးသုံးစွဲမှု ကွာဟချက်သည် အွန်လိုင်း ဈေးဝယ်မှုတွင် ပိုမိုထင်ရှားပေါ်လွင်လာခဲ့သည်။ အမျိုးသမီးများသည် အွန်လိုင်းမှ တစ်ဆင့် အဝတ်အစားများ ဝယ်ယူရာတွင် ခရက်ဒစ်ကတ်ဖြင့် ပေါင်(၁ ဒသမ ၅) ဘီလီယံ ပေးချေခဲ့သည်။ အမျိုးသားများမှာမူ ပေါင်(၂၁၁) သန်းသာ သုံးစွဲခဲ့သည်။

          သို့သော် အမျိုးသမီးများသည် အွန်လိုင်းမှ တစ်ဆင့် အဝတ်အစားများ ဝယ်ယူရာတွင် အဝတ်အစားများ ရရှိပြီးနောက် မနှစ်သက်သောကြောင့်  အရောင်းကုမ္ပဏီထံသို့ အကြိမ်ကြိမ် ပြန်ပို့သူများ ဖြစ်နေခဲ့သည်။ အမျိုးသမီး (၂၃) ရာခိုင်နှုန်းက ကုမ္ပဏီသို့ ပစ္စည်းများ ပြန်ပို့ခဲ့ပြီး အမျိုးသား(၁၂) ရာခိုင်နှုန်းသာ အလားတူ လုပ်ဆောင်ခဲ့သည်။

          အဝတ်အစား မှာယူပြီးနောက် မနှစ်သက်သောကြောင့်၊ ခန္ဓာကိုယ်နှင့် မတော်သောကြောင့် အစရှိသည့် အကြောင်းပြချက်များဖြင့် အဝတ်အစားများကို ကုမ္ပဏီသို့ ပြန်ပို့မှုကြောင့် လက်လီ အရောင်းသမားများ အမြတ်ငွေရရှိမှု ကျဆင်းနေရပြီ ဖြစ်သည်။

          အမျိုးသမီးများသည် သူတို့ကိုယ်တိုင်က အဝတ်အစားများ အတွက် ငွေကြေး သုံးစွဲနေသော်လည်း ချစ်သူအမျိုးသားနှင့် ခင်ပွန်းများအား နည်းပစ္စည်းများ ဝယ်ယူမှု၊ ဘီယာသောက်မှုနှင့် ဘောလုံးပွဲ တို့အတွက် ငွေကြေးများစွာ သုံးစွဲနေကြောင်း ပြစ်တင်ပြောဆိုမှုများလည်း ပြုလုပ်ခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Messenger
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top