Property Expo
×

မိခင္ေလာင္းမ်ား အခြံမာသီးမ်ား စားေပးျခင္းျဖင့္ ေမြးဖြားလာမည့္သားသမီးမ်ားတြင္ ဓာတ္မတည့္ျခင္းအႏၲရာယ္ကို ေလ်ာ့က်ေစႏုိင္၍ ကိုယ္၀န္ေဆာင္အမ်ဳိးသမီးမ်ား ေျမပဲစားျခင္းကို စိုးရိမ္စရာမလိုေၾကာင္း ေလ့လာမႈအသစ္တစ္ရပ္က ေဖာ္ျပသည္။

အခံြမာသီးမ်ားႏွင့္ ဓာတ္မတည့္ျခင္း မရွိသည့္ ကိုယ္၀န္ေဆာင္အမ်ဳိးသမီးမ်ား ေျမပဲပိုမိုစားေပးပါက ၎တို႔၏သားသမီးမ်ားတြင္ ေျမပဲႏွင့္ ဓာတ္မတည့္သည့္ အႏၲရာယ္ကို ေလ်ာ့က်သြားေစေၾကာင္း ေဘာ္စတြန္ၿမိဳ႕ ကေလးငယ္ကိုယ္ခံအားစနစ္ႏွင့္ ဓာတ္မတည့္မႈ ဆုိင္ရာဌာနမွ ေဒါက္တာမုိက္ကယ္ယြန္းဦးေဆာင္ေသာ ေလ့လာမႈတစ္ရပ္က ေဖာ္ျပ သည္။

မိခင္ေလာင္းမ်ား စားေသာ အစားအေသာက္မ်ားႏွင့္ ၎တို႔၏ ကေလးငယ္မ်ားတြင္ အစားအေသာက္ ဓာတ္မတည့္မႈတို႔ၾကား ဆက္စပ္မႈကို သိရွိႏုိင္ရန္ Growing Up Today Study ဟု အမည္ေပးထား သည့္ ေလ့လာမႈတစ္ရပ္က ရရွိေသာ အခ်က္အလက္ေပါင္းမ်ားစြာကို ေဒါက္တာယြန္းႏွင့္ ၎၏ အဖဲြ႕က ေလ့လာစိစစ္ခဲ့သည္။

ကေလးငယ္ေပါင္း ၈၂၀၅ ဦး၏ ေဆးမွတ္တမ္းမ်ားကို စိစစ္ေလ့ လာျခင္းျဖင့္ သုေတသီမ်ားသည္ ေျမပဲ (သို႔မဟုတ္) အခံြမာသီးမ်ားႏွင့္ ဓာတ္မတည့္သည့္ ကေလးငယ္ ၁၄၀ ဦးရွိေၾကာင္း ေတြ႕ရွိခဲ့သည္။ ယင္းကေလးငယ္တစ္ဦးစီ၏ မိခင္မ်ားကိုယ္၀န္ေဆာင္စဥ္က စားသုံးေသာ အစားအေသာက္မ်ားကိုလည္း သုေတသီမ်ား စစ္ေဆးေလ့လာခဲ့ၿပီး အထူးသျဖင့္ ေျမပဲႏွင့္ အခံြမာသီးစားသုံးမႈကို ေလ့လာခဲ့ၾကသည္။ ယင္းရလဒ္မ်ားကို ေျမပဲႏွင့္ ဓာတ္မတည့္ျခင္း မျဖစ္ေပၚသည့္ ကေလးငယ္မ်ား၏ မိခင္မ်ား ကိုယ္၀န္ေဆာင္စဥ္က အစားအေသာက္ အေလ့ အထမ်ားႏွင့္ ႏႈိင္းယွဥ္စစ္ေဆးခဲ့သည္။

ကိုယ္၀န္ေဆာင္ကာလအတြင္း ေျမပဲစားေသာ မိခင္မ်ား၏ သား သမီးမ်ားတြင္ ေျမပဲႏွင့္ ဓာတ္မတည့္မႈ သိသာစြာပိုနည္းေၾကာင္း သုေတ သီမ်ား ေလ့လာေတြ႕ရွိခဲ့သည္။ ယခုေလ့လာေတြ႕ရွိခ်က္မွာ အေရးပါေသာ္လည္း ယင္းအခ်က္အလက္မွာ မိခင္ေလာင္းမ်ားစားေသာ အစားအေသာက္ႏွင့္ ကေလးငယ္မ်ား ေျမပဲႏွင့္ ဓာတ္မတည့္ျခင္း အႏၲရာယ္ၾကားဆက္စပ္မႈကိုသာ ေဖာ္ျပျခင္း ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version



မိခင်လောင်းများ အခွံမာသီးများ စားပေးခြင်းဖြင့် မွေးဖွားလာမည့်သားသမီးများတွင် ဓာတ်မတည့်ခြင်းအန္တရာယ်ကို လျော့ကျစေနိုင်၍ ကိုယ်ဝန်ဆောင်အမျိုးသမီးများ မြေပဲစားခြင်းကို စိုးရိမ်စရာမလိုကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

အခွံမာသီးများနှင့် ဓာတ်မတည့်ခြင်း မရှိသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ မြေပဲပိုမိုစားပေးပါက ၎င်းတို့၏သားသမီးများတွင် မြေပဲနှင့် ဓာတ်မတည့်သည့် အန္တရာယ်ကို လျော့ကျသွားစေကြောင်း ဘော်စတွန်မြို့ ကလေးငယ်ကိုယ်ခံအားစနစ်နှင့် ဓာတ်မတည့်မှု ဆိုင်ရာဌာနမှ ဒေါက်တာမိုက်ကယ်ယွန်းဦးဆောင်သော လေ့လာမှုတစ်ရပ်က ဖော်ပြ သည်။

မိခင်လောင်းများ စားသော အစားအသောက်များနှင့် ၎င်းတို့၏ ကလေးငယ်များတွင် အစားအသောက် ဓာတ်မတည့်မှုတို့ကြား ဆက်စပ်မှုကို သိရှိနိုင်ရန် Growing Up Today Study ဟု အမည်ပေးထား သည့် လေ့လာမှုတစ်ရပ်က ရရှိသော အချက်အလက်ပေါင်းများစွာကို ဒေါက်တာယွန်းနှင့် ၎င်း၏ အဖွဲ့က လေ့လာစိစစ်ခဲ့သည်။

ကလေးငယ်ပေါင်း ၈၂၀၅ ဦး၏ ဆေးမှတ်တမ်းများကို စိစစ်လေ့ လာခြင်းဖြင့် သုတေသီများသည် မြေပဲ (သို့မဟုတ်) အခွံမာသီးများနှင့် ဓာတ်မတည့်သည့် ကလေးငယ် ၁၄၀ ဦးရှိကြောင်း တွေ့ရှိခဲ့သည်။ ယင်းကလေးငယ်တစ်ဦးစီ၏ မိခင်များကိုယ်ဝန်ဆောင်စဉ်က စားသုံးသော အစားအသောက်များကိုလည်း သုတေသီများ စစ်ဆေးလေ့လာခဲ့ပြီး အထူးသဖြင့် မြေပဲနှင့် အခွံမာသီးစားသုံးမှုကို လေ့လာခဲ့ကြသည်။ ယင်းရလဒ်များကို မြေပဲနှင့် ဓာတ်မတည့်ခြင်း မဖြစ်ပေါ်သည့် ကလေးငယ်များ၏ မိခင်များ ကိုယ်ဝန်ဆောင်စဉ်က အစားအသောက် အလေ့ အထများနှင့် နှိုင်းယှဉ်စစ်ဆေးခဲ့သည်။

ကိုယ်ဝန်ဆောင်ကာလအတွင်း မြေပဲစားသော မိခင်များ၏ သား သမီးများတွင် မြေပဲနှင့် ဓာတ်မတည့်မှု သိသာစွာပိုနည်းကြောင်း သုတေ သီများ လေ့လာတွေ့ရှိခဲ့သည်။ ယခုလေ့လာတွေ့ရှိချက်မှာ အရေးပါသော်လည်း ယင်းအချက်အလက်မှာ မိခင်လောင်းများစားသော အစားအသောက်နှင့် ကလေးငယ်များ မြေပဲနှင့် ဓာတ်မတည့်ခြင်း အန္တရာယ်ကြားဆက်စပ်မှုကိုသာ ဖော်ပြခြင်း ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top