Kantharyar Centre
×

အေရျပားမွာ မေတာ္တဆမႈ ေၾကာင့္ ထိခိုက္ဒဏ္ရာတစ္ခုခုရ ခဲ့ရင္ပဲျဖစ္ျဖစ္ အင္းဆက္ကိုက္၊ အပူေလာင္၊ ျပတ္ရွ၊ ဝက္ၿခံဒဏ္ ရာ စသျဖင့္ အေၾကာင္းအမ်ိဳးမ်ိဳး ေၾကာင့္ အမာရြတ္ေတြက်န္ခဲ့ရင္ သဘာဝနည္းလမ္းနဲ႔ ေပ်ာက္ကင္း ေအာင္လုပ္ႏုိင္ဖို႔ မွ်ေဝေပးခ်င္ပါ တယ္။ ရွားေစာင္းလက္ပပ္အေပၚ လႊာကိုခြာ၊ ဂ်ယ္လီဖတ္ေလးေတြ နဲ႔ အမာရြတ္ရွိတဲ့ေနရာကို သုတ္ လိမ္းေပး၊ နာရီဝက္ေလာက္ထား ၿပီး ေရေဆးခ်တာမ်ိဳး တစ္ေန႔ႏွစ္ ႀကိမ္ေလာက္ ပံုမွန္လုပ္ေပးရင္ အမာရြတ္ေတြ ေပ်ာက္ကင္းေစပါ တယ္။

အုန္းဆီအနည္းငယ္ကိုအပူ ေပး၊ အမာရြတ္ရွိတဲ့ေနရာကို သုတ္လိမ္းၿပီး ၁၀ မိနစ္ေလာက္ ႏွိပ္နယ္ေပးတာမ်ိဳး တစ္ေန႔ႏွစ္ ႀကိမ္ကေန ေလးႀကိမ္ေလာက္ လုပ္ေပးရင္ သက္သာေပ်ာက္ ကင္းေစပါတယ္။

ဗီတာမင္အီးအဆီ၊ သံလြင္ ဆီ၊ စႏၵကူးနံ႔သာဆီရွိရင္လည္း အမာရြတ္ေပၚ ပံုမွန္လိမ္းေပး တယ္ဆုိရင္ တျဖည္းျဖည္းပါးၿပီး ေပ်ာက္ကင္းေစသလို သံပရာသီး နဲ႔ အမာရြတ္ရွိတဲ့ေနရာကို ပြတ္၊ ၁၀ မိနစ္ေလာက္ထားၿပီး ေရေဆးပစ္တာမ်ိဳး တစ္ေန႔တစ္ႀကိမ္လုပ္ ေပးရင္း ေပ်ာက္ကင္းေအာင္လုပ္ ႏုိင္ပါတယ္။

ေနာက္တစ္နည္းက ပ်ား ရည္ကို အမာရြတ္ေပၚသုတ္၊ ပတ္တီးစည္းထားၿပီး ေနာက္တစ္ေန႔ မနက္က်မွ ပတ္တီးေျဖ ေဆး ေၾကာတာမ်ိဳး အိပ္ရာမဝင္ခင္တိုင္း လုပ္ေပးႏုိင္ပါတယ္။ ပန္းသီးဗီနီဂါနဲ႔လည္း အမာရြတ္ရွိတဲ့ေနရာ ကို ပြတ္ေဆးႏုိင္သလို ကိုကိုးေထာပတ္ရွိရင္လည္း ဘယ္အမာရြတ္ မ်ိဳးမဆို သုတ္လိမ္းေပးရင္ သက္ သာေပ်ာက္ကင္းေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

အရေပြားမှာ မတော်တဆမှု ကြောင့် ထိခိုက်ဒဏ်ရာတစ်ခုခုရ ခဲ့ရင်ပဲဖြစ်ဖြစ် အင်းဆက်ကိုက်၊ အပူလောင်၊ ပြတ်ရှ၊ ဝက်ခြံဒဏ် ရာ စသဖြင့် အကြောင်းအမျိုးမျိုး ကြောင့် အမာရွတ်တွေကျန်ခဲ့ရင် သဘာဝနည်းလမ်းနဲ့ ပျောက်ကင်း အောင်လုပ်နိုင်ဖို့ မျှဝေပေးချင်ပါ တယ်။ ရှားစောင်းလက်ပပ်အပေါ် လွှာကိုခွာ၊ ဂျယ်လီဖတ်လေးတွေ နဲ့ အမာရွတ်ရှိတဲ့နေရာကို သုတ် လိမ်းပေး၊ နာရီဝက်လောက်ထား ပြီး ရေဆေးချတာမျိုး တစ်နေ့နှစ် ကြိမ်လောက် ပုံမှန်လုပ်ပေးရင် အမာရွတ်တွေ ပျောက်ကင်းစေပါ တယ်။

အုန်းဆီအနည်းငယ်ကိုအပူ ပေး၊ အမာရွတ်ရှိတဲ့နေရာကို သုတ်လိမ်းပြီး ၁၀ မိနစ်လောက် နှိပ်နယ်ပေးတာမျိုး တစ်နေ့နှစ် ကြိမ်ကနေ လေးကြိမ်လောက် လုပ်ပေးရင် သက်သာပျောက် ကင်းစေပါတယ်။

ဗီတာမင်အီးအဆီ၊ သံလွင် ဆီ၊ စန္ဒကူးနံ့သာဆီရှိရင်လည်း အမာရွတ်ပေါ် ပုံမှန်လိမ်းပေး တယ်ဆိုရင် တဖြည်းဖြည်းပါးပြီး ပျောက်ကင်းစေသလို သံပရာသီး နဲ့ အမာရွတ်ရှိတဲ့နေရာကို ပွတ်၊ ၁၀ မိနစ်လောက်ထားပြီး ရေဆေးပစ်တာမျိုး တစ်နေ့တစ်ကြိမ်လုပ် ပေးရင်း ပျောက်ကင်းအောင်လုပ် နိုင်ပါတယ်။

နောက်တစ်နည်းက ပျား ရည်ကို အမာရွတ်ပေါ်သုတ်၊ ပတ်တီးစည်းထားပြီး နောက်တစ်နေ့ မနက်ကျမှ ပတ်တီးဖြေ ဆေး ကြောတာမျိုး အိပ်ရာမဝင်ခင်တိုင်း လုပ်ပေးနိုင်ပါတယ်။ ပန်းသီးဗီနီဂါနဲ့လည်း အမာရွတ်ရှိတဲ့နေရာ ကို ပွတ်ဆေးနိုင်သလို ကိုကိုးထောပတ်ရှိရင်လည်း ဘယ်အမာရွတ် မျိုးမဆို သုတ်လိမ်းပေးရင် သက် သာပျောက်ကင်းစေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top