Kantharyar Centre
×

ရုရွ ႏိုင္ငံ၏ ေ၀းလံေသာ အရပ္ ဆီဘာရီယာေဒသမွ ေတာအုပ္တစ္ခုထဲတြင္ နာရီေပါင္း ၇၂ နာရီၾကာ အေဖာ္မပါဘဲ တစ္ဦးတည္းေရာက္သြားခဲ့သည့္ သံုးႏွစ္သား ကေလးငယ္တစ္ဦးကို ေဘးမသီရန္မခဘဲ ျပန္လည္ကယ္ဆယ္ႏိုင္ခဲ့သည္။

ကေလးငယ္ ေရာက္သြားခဲ့သည့္ ေတာအုပ္ထဲတြင္ ၀ံပုေလြမ်ားႏွင့္ ၀က္၀ံမ်ား ေနထိုင္က်က္စားရာ ေနရာအျဖစ္ လူသိမ်ားသည္။ ၎သည္ ညပိုင္းအခ်ိန္တြင္ ထင္းရႈးပင္တစ္ပင္ေအာက္တြင္ အိပ္စက္ခဲ့ရ သည္ဟု ျပည္တြင္းသတင္းစာမ်ားတြင္ ေဖာ္ျပသည္။

ဆာရင္ေဒါခ်က္အမည္ရကေလးငယ္သည္ ေတာအုပ္ထဲ ဟိုဟုိဒီဒီ ေလွ်ာက္သြားေနခဲ့စဥ္ ေခ်ာကလက္ပိုင္းတစ္ခုသာ ပါရွိသြားသည္ဟု သိရသည္။ ယင္းအျပင္ ၎သည္ အေႏြးထည္ပင္ပါမသြားဘဲ ရွပ္အက်ီႏွင့္ ရူးဖိနပ္မ်ားသာ ပါသြားျခင္းျဖစ္သည္။ ၎သည္ အိမ္ေမြးေခြးေပါက္စ တစ္ေကာင္ေနာက္ လုိက္ေျပးသြားရင္း ယင္းကဲ့သို႔ ေတာအုပ္ထဲ အေဖာ္မပါ ေရာက္သြားခဲ့ၿပီးေနာက္ ၎အား တာ၀န္ရွိသူမ်ားက ေျမျပင္ေ၀ဟင္ ၀ိုင္း၀န္းရွာေဖြခဲ့ၾကရသည္။

၎မွာ တူဗာေဒသရွိ ေတာအုပ္အနီး တည္ရွိေသာေက်းရြာတြင္ အဘြားျဖစ္သူႏွင့္ အတူေနထုိင္ခဲ့ျခင္းျဖစ္ၿပီး အိမ္အနီးေဆာ့ကစားေနရင္းမွပင္ ေတာအုပ္ထဲ မေမွ်ာ္လင့္ဘဲ ေရာက္သြားခဲ့ျခင္းျဖစ္ပံုရသည္ဟု တာ၀န္ရွိသူမ်ားက ေျပာသည္။

ေတာထဲတြင္ ရွိေနခဲ့သည့္အခ်ိန္မ်ားက ကေလးငယ္သည္ ျပင္းထန္ဆုိးရြားသည့္ ရာသီဥတု၊ ေတာရုိင္းတိရစၦာန္မ်ားအႏၱရာယ္ႏွင့္ ေရစီးသန္ေသာ ျမစ္ထဲ က်သြားႏိုင္သည့္ အႏၱရာယ္မ်ားမွ လြတ္ေျမာက္ၿပီးမွ ၎၏ဦးေလးျဖစ္သူက ေတြ႕ရွိကယ္ဆယ္ႏိုင္ခဲ့ျခင္းျဖစ္သည္။

" အေျခအေနကေတာ့ မယံုႏိုင္စရာပါပဲ၊ တကယ့္ကို သူ႔အတြက္ အႏၱရာယ္မ်ားလြန္းခဲ့တာပါ၊ ဒီေတာအုပ္ထဲက ျမစ္က အရမ္းကို ေအးၿပီး ေရစီးသန္လြန္းပါတယ္၊ ကေလးငယ္တစ္ေယာက္ က်သြားရင္ေတာ့ အသက္ရွင္ဖို႔လမ္းမျမင္ပါဘူး၊ ေနာက္ၿပီး ေတာေကာင္ေတြလည္း ရွိေနပါတယ္" ဟု အေရးေပၚကယ္ဆယ္ေရးေအဂ်င္စီ အႀကီးအကဲ ေအယက္စ္ ဆာဂလာက ေျပာသည္။

၎အား ရွာေဖြရာတြင္ ကယ္ဆယ္ေရးသမားမ်ားႏွင့္ ရြာသူရြာသားမ်ားက ေန႔ေရာညေရာ အားသြန္ခြန္စိုက္ လုိက္လံရွာေဖြခဲ့ၾကရၿပီး အက်ယ္ စတုရန္းကီလိုမီတာ ၁၂၀ ခန္႔ကို ဟယ္လီေကာ္ပတာ တစ္စီးျဖင့္ပါ လုိက္လံရွာေဖြခဲ့ၾကရသည္ဟု သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mizzima

#Unicode Version

ရုရှ နိုင်ငံ၏ ဝေးလံသော အရပ် ဆီဘာရီယာဒေသမှ တောအုပ်တစ်ခုထဲတွင် နာရီပေါင်း ၇၂ နာရီကြာ အဖော်မပါဘဲ တစ်ဦးတည်းရောက်သွားခဲ့သည့် သုံးနှစ်သား ကလေးငယ်တစ်ဦးကို ဘေးမသီရန်မခဘဲ ပြန်လည်ကယ်ဆယ်နိုင်ခဲ့သည်။

ကလေးငယ် ရောက်သွားခဲ့သည့် တောအုပ်ထဲတွင် ဝံပုလွေများနှင့် ဝက်ဝံများ နေထိုင်ကျက်စားရာ နေရာအဖြစ် လူသိများသည်။ ၎င်းသည် ညပိုင်းအချိန်တွင် ထင်းရှုးပင်တစ်ပင်အောက်တွင် အိပ်စက်ခဲ့ရ သည်ဟု ပြည်တွင်းသတင်းစာများတွင် ဖော်ပြသည်။

ဆာရင်ဒေါချက်အမည်ရကလေးငယ်သည် တောအုပ်ထဲ ဟိုဟိုဒီဒီ လျှောက်သွားနေခဲ့စဉ် ချောကလက်ပိုင်းတစ်ခုသာ ပါရှိသွားသည်ဟု သိရသည်။ ယင်းအပြင် ၎င်းသည် အနွေးထည်ပင်ပါမသွားဘဲ ရှပ်အကျီနှင့် ရူးဖိနပ်များသာ ပါသွားခြင်းဖြစ်သည်။ ၎င်းသည် အိမ်မွေးခွေးပေါက်စ တစ်ကောင်နောက် လိုက်ပြေးသွားရင်း ယင်းကဲ့သို့ တောအုပ်ထဲ အဖော်မပါ ရောက်သွားခဲ့ပြီးနောက် ၎င်းအား တာဝန်ရှိသူများက မြေပြင်ဝေဟင် ဝိုင်းဝန်းရှာဖွေခဲ့ကြရသည်။

၎င်းမှာ တူဗာဒေသရှိ တောအုပ်အနီး တည်ရှိသောကျေးရွာတွင် အဘွားဖြစ်သူနှင့် အတူနေထိုင်ခဲ့ခြင်းဖြစ်ပြီး အိမ်အနီးဆော့ကစားနေရင်းမှပင် တောအုပ်ထဲ မမျှော်လင့်ဘဲ ရောက်သွားခဲ့ခြင်းဖြစ်ပုံရသည်ဟု တာဝန်ရှိသူများက ပြောသည်။

တောထဲတွင် ရှိနေခဲ့သည့်အချိန်များက ကလေးငယ်သည် ပြင်းထန်ဆိုးရွားသည့် ရာသီဥတု၊ တောရိုင်းတိရစ္ဆာန်များအန္တရာယ်နှင့် ရေစီးသန်သော မြစ်ထဲ ကျသွားနိုင်သည့် အန္တရာယ်များမှ လွတ်မြောက်ပြီးမှ ၎င်း၏ဦးလေးဖြစ်သူက တွေ့ရှိကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်သည်။

" အခြေအနေကတော့ မယုံနိုင်စရာပါပဲ၊ တကယ့်ကို သူ့အတွက် အန္တရာယ်များလွန်းခဲ့တာပါ၊ ဒီတောအုပ်ထဲက မြစ်က အရမ်းကို အေးပြီး ရေစီးသန်လွန်းပါတယ်၊ ကလေးငယ်တစ်ယောက် ကျသွားရင်တော့ အသက်ရှင်ဖို့လမ်းမမြင်ပါဘူး၊ နောက်ပြီး တောကောင်တွေလည်း ရှိနေပါတယ်" ဟု အရေးပေါ်ကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲ အေယက်စ် ဆာဂလာက ပြောသည်။

၎င်းအား ရှာဖွေရာတွင် ကယ်ဆယ်ရေးသမားများနှင့် ရွာသူရွာသားများက နေ့ရောညရော အားသွန်ခွန်စိုက် လိုက်လံရှာဖွေခဲ့ကြရပြီး အကျယ် စတုရန်းကီလိုမီတာ ၁၂၀ ခန့်ကို ဟယ်လီကော်ပတာ တစ်စီးဖြင့်ပါ လိုက်လံရှာဖွေခဲ့ကြရသည်ဟု သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top