Kantharyar Centre
×

ေျမာက္ကိုရီးယားႏိုင္ငံ၏ ဆာဗာမ်ားေပၚရွိ ဝက္ဘ္ဆုိက္ အခ်က္အလက္မ်ားသည္ GitHub ဝက္ဘ္ဆိုက္ေပၚသုိ႔ မေတာ္တဆ ေရာက္ရွိသြားခဲ့ၿပီးေနာက္ ေျမာက္ကိုရီးယားႏိုင္ငံတြင္ ဝက္ဘ္ဆိုက္ ၂၈ ခုသာရွိေၾကာင္း သတင္းထြက္ေပၚ လာခဲ့သည္။

Source-code hosting ဆိုက္တစ္ခုျဖစ္သည့္ GitHub က “ေျမာက္ကုိရီးယားရွိ ထိပ္တန္းဆာဗာမ်ားသည္ ကမၻာလုံးဆုိင္ရာ Domain Name System အလႊဲအေျပာင္းသုိ႔ မေတာ္တဆ ေရာက္ရွိလာေၾကာင္း၊ ၎သည္ ns2.kptc.kp ဆာဗာမွ ထိပ္တန္းအဆင့္ရွိ DNS အခ်က္အလက္ကုိ ကူးယူရန္ ေတာင္းဆိုသူမ်ားကို ခြင့္ျပဳေပးေၾကာငး္” GitHub က ရွင္းျပခဲ့သည္။

ရွာေဖြေတြ႕ရိွခဲ့ေသာ ေျမာက္ကိုရီးယားႏိုင္ငံ၏ ဝက္ဘ္ဆုိက္အခ်ိဳ႕တြင္ အလြယ္တကူနားလည္ႏိုင္ေအာင္ ရွင္းလင္းေဖာ္ျပထားသည္။ ဥပမာအားျဖင့္ Cooks.org.kp က ဟင္းခ်က္ျပဳတ္နည္းဆိုက္ျဖစ္ၿပီး Kcna.kp မွာ အစိုးရက ထိန္းခ်ဳပ္ထားေသာ Korean Central News Agency ျဖစ္သည္။ Friend.com.kp ကဲ့သို႔ေသာ အျခားဝက္ဘ္ဆိုက္မ်ားမွာ မည္သည့္ ဝက္ဘ္ဆုိက္မ်ားျဖစ္ေၾကာင္း မသိရေသာ္လည္း လူမႈေရးမီဒီယာျဖစ္ဖြယ္ရွိေၾကာင္း သိရသည္။ ထို႔အျပင္ မည္သူမွ် အသုံးမျပဳႏိုင္ေသာ ဝက္ဘ္ဆုိက္ေပါင္းမ်ားစြာလည္း ရွိေသးသည္။

ေျမာက္ကိုရီးယားတြင္ content မ်ားကို ကန္႔သတ္ထားေသာ္လည္း ဆာဗာမ်ားမွာ တည္ၿငိမ္ျခင္း မရွိေပ။ ၂၀၁၄ ခုႏွစ္ေႏွာင္းပုိင္းတြင္ ႏိုင္ငံ၏ အင္တာနက္တစ္ခုလုံးမွာ denial-of-service တိုက္ခိုက္မႈေၾကာင့္ offline ျဖစ္သြားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : today bago

#Unicode Version

မြောက်ကိုရီးယားနိုင်ငံ၏ ဆာဗာများပေါ်ရှိ ဝက်ဘ်ဆိုက် အချက်အလက်များသည် GitHub ဝက်ဘ်ဆိုက်ပေါ်သို့ မတော်တဆ ရောက်ရှိသွားခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံတွင် ဝက်ဘ်ဆိုက် ၂၈ ခုသာရှိကြောင်း သတင်းထွက်ပေါ် လာခဲ့သည်။

Source-code hosting ဆိုက်တစ်ခုဖြစ်သည့် GitHub က “မြောက်ကိုရီးယားရှိ ထိပ်တန်းဆာဗာများသည် ကမ္ဘာလုံးဆိုင်ရာ Domain Name System အလွှဲအပြောင်းသို့ မတော်တဆ ရောက်ရှိလာကြောင်း၊ ၎င်းသည် ns2.kptc.kp ဆာဗာမှ ထိပ်တန်းအဆင့်ရှိ DNS အချက်အလက်ကို ကူးယူရန် တောင်းဆိုသူများကို ခွင့်ပြုပေးကြောင်း” GitHub က ရှင်းပြခဲ့သည်။

ရှာဖွေတွေ့ရှိခဲ့သော မြောက်ကိုရီးယားနိုင်ငံ၏ ဝက်ဘ်ဆိုက်အချို့တွင် အလွယ်တကူနားလည်နိုင်အောင် ရှင်းလင်းဖော်ပြထားသည်။ ဥပမာအားဖြင့် Cooks.org.kp က ဟင်းချက်ပြုတ်နည်းဆိုက်ဖြစ်ပြီး Kcna.kp မှာ အစိုးရက ထိန်းချုပ်ထားသော Korean Central News Agency ဖြစ်သည်။ Friend.com.kp ကဲ့သို့သော အခြားဝက်ဘ်ဆိုက်များမှာ မည်သည့် ဝက်ဘ်ဆိုက်များဖြစ်ကြောင်း မသိရသော်လည်း လူမှုရေးမီဒီယာဖြစ်ဖွယ်ရှိကြောင်း သိရသည်။ ထို့အပြင် မည်သူမျှ အသုံးမပြုနိုင်သော ဝက်ဘ်ဆိုက်ပေါင်းများစွာလည်း ရှိသေးသည်။

မြောက်ကိုရီးယားတွင် content များကို ကန့်သတ်ထားသော်လည်း ဆာဗာများမှာ တည်ငြိမ်ခြင်း မရှိပေ။ ၂၀၁၄ ခုနှစ်နှောင်းပိုင်းတွင် နိုင်ငံ၏ အင်တာနက်တစ်ခုလုံးမှာ denial-of-service တိုက်ခိုက်မှုကြောင့် offline ဖြစ်သွားခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit : today bago
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top