Kantharyar Centre
×




Credit: duwun

#Unicode Version

ဘရာဇီးဘောလုံးသမား နေမာအပါအဝင် နာမည်ကျော်ပုဂ္ဂိုလ်တွေအဖြစ် ဟန်ဆောင်ကာ အမျိုးသမီးတွေထံ အီးမေးလ်တွေ ပို့လေ့ရှိတဲ့ အမျိုးသားတစ်ဦးကိုဘရာဇီးမှာ ဖမ်းဆီးရမိလိုက်ပြီလို့ သိရပါတယ်။ သူနဲ့အတူ နောက်ထပ်အပေါင်းအပါတစ်ဦးကိုတော့ ထပ်မံ ရှာဖွေနေဆဲဖြစ်ပါတယ်။

အဆိုပါအမျိုးသားနှစ်ဦးဟာ ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာတွေဖြစ်ကြပေမယ့် လူမှုကွန်ယက်တွေမှာ နာမည်ကျော်တွေရဲ့ ပရိုဖိုင်တွေကို ပုံစံတူကူးချပြီး ဟန်ဆောင်ကာ အမျိုးသမီးတွေထံ ဆက်သွယ်လေ့ရှိသူတွေဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးငယ်တွေထံ ရည်ရွယ်ချဉ်းကပ်ပြီး နာမည်ကျော်မဂ္ဂဇင်းတွေ၊ ရုပ်သံတွေမှာ ပါဝင်ရအောင်လုပ်ပေးမယ်လို့ ဆွဲဆောင်လေ့ ရှိပါတယ်။

နေမာအပါအဝင် နာမည်ကျော်အချို့ရဲ့ ရုပ်ပုံတွေ၊ ပုဂ္ဂိုလ်ရေးအချက်အလက်တွေသုံးကာ မဖွယ်မရာပုံမျိုးတွေလည်း ပို့လေ့ရှိတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top