Kantharyar Centre
×

ဗိုက္ဆာေနတုန္း ေစ်း၀ယ္ မထြက္ပါနဲ႔ဟု လူမႈစိတ္ပညာ ကၽြမ္းက်င္သူမ်ား သတိေပးခဲ႔ေပါင္းမ်ားၿပီ။ ယခုတစ္ဖန္ ေနာက္တစ္ဆင့္ တက္ကာ ဗိုက္ဆာေနတုန္း အေရးႀကီး ကိစၥေတြ ဆံုးျဖတ္ခ်က္ မခ်ပါႏွင့္ဟု ထပ္ေလာင္း သတိေပးလိုက္ၾကသည္။

ဗိုက္ဆာေနခ်ိန္တြင္ အစားအစာကို ေတာင့္တစိတ္ ျဖစ္ေစသည့္ ဂရီလင္ဟိုမုန္းကို အစာအိမ္က ထုတ္ေပးသည္။ ထိုဟိုမုန္းသည္ ဦးေႏွာက္၏ ဆံုးျဖတ္ခ်က္ ခ်ႏုိင္စြမ္းကို က်ဆင္းေစသည္ဟု သုေတသီ တို႔က ဆိုလိုက္သည္။ စားခ်င္ ေသာက္ခ်င္စိတ္ကို ျဖစ္ေစေသာ ဂရီလင္ဟိုမုန္းသည္ ဦးေႏွာက္က စိတ္အလိုကို ထိန္းခ်ဳပ္ႏုိင္စြမ္းကိုလည္း က်ဆင္းေစသျဖင့္ လူသည္မ်ားမ်ား မစဥ္းစားဘဲ ဆံုးျဖတ္ခ်က္ကို ခပ္လြယ္လြယ္ ခ်ျဖစ္သြားေၾကာင္း သုေတသီမ်ားက ဆိုသည္။

ေလ့လာသုေတသနကို ဂိုသင္ ဘာ့ဂ်္ တကၠသိုလ္ရွိ ရွန္ဂရန္စကာ အကယ္ဒမီမွ သုေတသီ ကာ႐ိုလင္နာ စကီဘစ္စကာႏွင့္ အဖြဲ႕က ျပဳလုပ္ထားျခင္း ျဖစ္သည္။

““ဗိုက္ဆာၿပီး ဂရီလင္ဟိုမုန္း အထြက္မ်ားေနခ်ိန္တြင္ ဦးေႏွာက္သည္ အစားကိုသာ အာ႐ံုစိုက္ေတာ့ ျဖင့္ အျခားကိစၥမ်ားတြင္ စဥ္းစားဆံုးျဖတ္သည့္ အလုပ္ကိုအားစိုက္ မလုပ္ေတာ့ဘဲ လူသည္ ဆံုးျဖတ္ခ်က္ကို ခပ္လြယ္လြယ္ ေပါ့ေပါ့ခ် ျဖစ္သြားေၾကာင္း၊ သို႔ျဖစ္ေသာေၾကာင့္ ဗိုက္ဆာေနခ်ိန္တြင္ အေရးႀကီး ကိစၥမ်ားအတြက္ ဆံုးျဖတ္ခ်က္ခ်ျခင္းမ်ဳိး မလုပ္မိဖို႔လိုေၾကာင္း”” မစၥစကီဘစ္စကာက ေျပာသည္။

သုေတသီအဖြဲ႕သည္ ႂကြက္မ်ားသံုးကာ ေလ့လာၾကည့္သည္တြင္ ဗိုက္ဆာေနေသာ ႂကြက္သည္ မၾကာခင္ အစာ၀၀ စားရေတာ့မည္ မွန္းသိသည့္တိုင္ အစာ၀၀ မေကၽြးခင္ ၾကားထဲ၌ မုန္႔အနည္းငယ္ကို ေကၽြးသည့္ အခါတြင္လည္း စားမိၾကေၾကာင္း ေတြ႕ရွိခဲ႔သည္။ ၾကားထဲတြင္ မုန္႔အနည္းငယ္ စားပါက အစ ၀၀စားခြင့္ ဆံုး႐ံႈးမည္မွန္း ႂကြက္မ်ားသိေအာင္ ေလ့က်င့္ေပးထားသည့္တိုင္ ဗိုက္ဆာေနခ်ိန္တြင္ ႂကြက္မ်ားသည္ အစာ၀၀စားရေအာင္ ေစာင့္ဆိုင္းႏုိင္စြမ္း မရွိေတာ့ဘဲ မုန္႔နည္းနည္းကိုသာ အလ်င္စလို စားခ်င္သည့္ ဆံုးျဖတ္ခ်က္ အမွားကို ခ်မိေၾကာင္း ေလ့လာေတြ႕ရွိခဲ့ရသည္။

လူ႔အစာအိမ္က ထြက္ေသာ ဂရီလင္ဟိုမုန္းကို ႂကြက္မ်ားထံ ထိုးထည့္ေပးလိုက္သည့္ အခါတြင္လည္း ႂကြက္မ်ားသည္ အစာ၀၀ စားရေအာင္ ခဏေစာင့္မည္ ဟူေသာ ဆံုးျဖတ္ခ်က္မ်ဳိး မခ်ျဖစ္ေတာ့ဘဲ မ်က္စိေရွ႕ ေရာက္လာေသာ အစာကိုသာ ပိုစားျဖစ္သြားၾကေတာ့ေၾကာင္း ေတြ႕ခဲ႔ရသည္။

ခဏေစာင့္လွ်င္ ဆုလာဒ္ႀကီးႀကီး ရမည္မွန္း သိပါလ်က္ႏွင့္ မေစာင့္ဖို႔ ဆံုးျဖတ္ခ်က္ ခ်မိျခင္းသည္ ဆံုးျဖတ္ခ်က္ လြယ္လြယ္ခ်မိေအာင္ ဂရီလင္က တြန္းအားေပးျခင္းေၾကာင့္ ျဖစ္ေၾကာင္း သုေတသီတို႔က ေထာက္ျပသည္။

ခ်က္ခ်င္းရမည့္ ရလဒ္ေသးေသး ကိုမက္ကာ ေနာင္တြင္ရမည့္ ရလဒ္ႀကီးႀကီးကို စြန္႔ပစ္ျခင္းသည္ မိမိစိတ္ကို မိမိမထိန္းႏုိင္သူမ်ား၏ လကၡဏာလည္း ျဖစ္သည္။ ေလ့လာမႈရလဒ္မ်ားကို Neuropsychophar-macology ဂ်ာနယ္တြင္ ထည့္သြင္း ေဖာ္ျပထားသည္။ လူ႔ခႏၶာကိုယ္သည္ ဂရီလင္ဟိုမုန္းဒဏ္ မၾကာမၾကာ ခံရပါက (ဗိုက္၀ေအာင္ မစားသူမ်ား၊ စားနပ္ရိကၡာ ခ်ဳိ႕တဲ့သူမ်ား၊ အာဟာရ ျပတ္လပ္သူမ်ား) လူ၏ မ်ဳိးဗီဇ ဖြဲ႕စည္းမႈပါ ေျပာင္းသြားၿပီး စိတ္ခံစားခ်က္ကို မထိန္းႏိုင္ေသာ အလြယ္တကူ ေပါက္ကြဲလြယ္သည့္ ရွဴးရွဴးဒိုင္းဒိုင္းလူမ်ဳိး ျဖစ္သြားတတ္သည္ဟု သုေတသနက ေထာက္ျပသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Messenger News Journal

#Unicode Version

ဗိုက်ဆာနေတုန်း ဈေးဝယ် မထွက်ပါနဲ့ဟု လူမှုစိတ်ပညာ ကျွမ်းကျင်သူများ သတိပေးခဲ့ပေါင်းများပြီ။ ယခုတစ်ဖန် နောက်တစ်ဆင့် တက်ကာ ဗိုက်ဆာနေတုန်း အရေးကြီး ကိစ္စတွေ ဆုံးဖြတ်ချက် မချပါနှင့်ဟု ထပ်လောင်း သတိပေးလိုက်ကြသည်။

ဗိုက်ဆာနေချိန်တွင် အစားအစာကို တောင့်တစိတ် ဖြစ်စေသည့် ဂရီလင်ဟိုမုန်းကို အစာအိမ်က ထုတ်ပေးသည်။ ထိုဟိုမုန်းသည် ဦးနှောက်၏ ဆုံးဖြတ်ချက် ချနိုင်စွမ်းကို ကျဆင်းစေသည်ဟု သုတေသီ တို့က ဆိုလိုက်သည်။ စားချင် သောက်ချင်စိတ်ကို ဖြစ်စေသော ဂရီလင်ဟိုမုန်းသည် ဦးနှောက်က စိတ်အလိုကို ထိန်းချုပ်နိုင်စွမ်းကိုလည်း ကျဆင်းစေသဖြင့် လူသည်များများ မစဉ်းစားဘဲ ဆုံးဖြတ်ချက်ကို ခပ်လွယ်လွယ် ချဖြစ်သွားကြောင်း သုတေသီများက ဆိုသည်။

လေ့လာသုတေသနကို ဂိုသင် ဘာ့ဂျ် တက္ကသိုလ်ရှိ ရှန်ဂရန်စကာ အကယ်ဒမီမှ သုတေသီ ကာရိုလင်နာ စကီဘစ်စကာနှင့် အဖွဲ့က ပြုလုပ်ထားခြင်း ဖြစ်သည်။

““ဗိုက်ဆာပြီး ဂရီလင်ဟိုမုန်း အထွက်များနေချိန်တွင် ဦးနှောက်သည် အစားကိုသာ အာရုံစိုက်တော့ ဖြင့် အခြားကိစ္စများတွင် စဉ်းစားဆုံးဖြတ်သည့် အလုပ်ကိုအားစိုက် မလုပ်တော့ဘဲ လူသည် ဆုံးဖြတ်ချက်ကို ခပ်လွယ်လွယ် ပေါ့ပေါ့ချ ဖြစ်သွားကြောင်း၊ သို့ဖြစ်သောကြောင့် ဗိုက်ဆာနေချိန်တွင် အရေးကြီး ကိစ္စများအတွက် ဆုံးဖြတ်ချက်ချခြင်းမျိုး မလုပ်မိဖို့လိုကြောင်း”” မစ္စစကီဘစ်စကာက ပြောသည်။

သုတေသီအဖွဲ့သည် ကြွက်များသုံးကာ လေ့လာကြည့်သည်တွင် ဗိုက်ဆာနေသော ကြွက်သည် မကြာခင် အစာ၀၀ စားရတော့မည် မှန်းသိသည့်တိုင် အစာ၀၀ မကျွေးခင် ကြားထဲ၌ မုန့်အနည်းငယ်ကို ကျွေးသည့် အခါတွင်လည်း စားမိကြကြောင်း တွေ့ရှိခဲ့သည်။ ကြားထဲတွင် မုန့်အနည်းငယ် စားပါက အစ ၀၀စားခွင့် ဆုံးရှုံးမည်မှန်း ကြွက်များသိအောင် လေ့ကျင့်ပေးထားသည့်တိုင် ဗိုက်ဆာနေချိန်တွင် ကြွက်များသည် အစာ၀၀စားရအောင် စောင့်ဆိုင်းနိုင်စွမ်း မရှိတော့ဘဲ မုန့်နည်းနည်းကိုသာ အလျင်စလို စားချင်သည့် ဆုံးဖြတ်ချက် အမှားကို ချမိကြောင်း လေ့လာတွေ့ရှိခဲ့ရသည်။

လူ့အစာအိမ်က ထွက်သော ဂရီလင်ဟိုမုန်းကို ကြွက်များထံ ထိုးထည့်ပေးလိုက်သည့် အခါတွင်လည်း ကြွက်များသည် အစာ၀၀ စားရအောင် ခဏစောင့်မည် ဟူသော ဆုံးဖြတ်ချက်မျိုး မချဖြစ်တော့ဘဲ မျက်စိရှေ့ ရောက်လာသော အစာကိုသာ ပိုစားဖြစ်သွားကြတော့ကြောင်း တွေ့ခဲ့ရသည်။

ခဏစောင့်လျှင် ဆုလာဒ်ကြီးကြီး ရမည်မှန်း သိပါလျက်နှင့် မစောင့်ဖို့ ဆုံးဖြတ်ချက် ချမိခြင်းသည် ဆုံးဖြတ်ချက် လွယ်လွယ်ချမိအောင် ဂရီလင်က တွန်းအားပေးခြင်းကြောင့် ဖြစ်ကြောင်း သုတေသီတို့က ထောက်ပြသည်။

ချက်ချင်းရမည့် ရလဒ်သေးသေး ကိုမက်ကာ နောင်တွင်ရမည့် ရလဒ်ကြီးကြီးကို စွန့်ပစ်ခြင်းသည် မိမိစိတ်ကို မိမိမထိန်းနိုင်သူများ၏ လက္ခဏာလည်း ဖြစ်သည်။ လေ့လာမှုရလဒ်များကို Neuropsychophar-macology ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။ လူ့ခန္ဓာကိုယ်သည် ဂရီလင်ဟိုမုန်းဒဏ် မကြာမကြာ ခံရပါက (ဗိုက်ဝအောင် မစားသူများ၊ စားနပ်ရိက္ခာ ချို့တဲ့သူများ၊ အာဟာရ ပြတ်လပ်သူများ) လူ၏ မျိုးဗီဇ ဖွဲ့စည်းမှုပါ ပြောင်းသွားပြီး စိတ်ခံစားချက်ကို မထိန်းနိုင်သော အလွယ်တကူ ပေါက်ကွဲလွယ်သည့် ရှူးရှူးဒိုင်းဒိုင်းလူမျိုး ဖြစ်သွားတတ်သည်ဟု သုတေသနက ထောက်ပြသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Messenger News Journal
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top