Property Expo
×
လိုက်နာနည်းများ-
#Unicode Version
နေ့တစ်နေ့အတွက် တကိုယ်ရေ သန့်ရှင်းခြင်းရဲ့ အစဖြစ်တဲ့ မျက်နှာသစ်နည်းဟာလည်း မှန်ကန်တဲ့နည်းဖြစ်ဖို့ လိုအပ်ပါတယ်။
လိုက်နာနည်းများ-
(၁) လက်ကနေတစ်ဆင့် မျက်နှာပေါ်မှာ ပိုးမွှားအညစ်အကြေးတွေ ပိတ်ဆို့စေတတ်တာကြောင့် ပထမဆုံးလက်ကို သန့်ရှင်းစင်ကြယ်တဲ့ ဆပ်ပြာနဲ့
      ဆေးပေးဖို့ လိုအပ်ပါတယ်။
(၂) နူးညံ့တဲ့ အဝတ်အထည်/မျက်နှာသုတ်ပဝါအသေးကို ရေခပ်နွေးနွေးတွင် စိမ်ပေးပါ။
      အထူးသတိထားရန်မှာ ရေပူလွန်းလျှင် မျက်နှာကိုလောင်ကျွမ်းသွားစေနိုင်ပါတယ်။နောက် ရေနွေးဝတ်ဖြင့် မျက်နှာကို သုတ်ပေးပါ။ရေနွေးကို အသုံး
      ပြုခြင်းအားဖြင့် မျက်နှာမှာရှိတဲ့ ချွေးပေါက်များကို ပွင့်ပေးစေနိုင်ပါတယ်။
(၃) မိမိအသားအရေနှင့် သင့်တော်မယ့် မျက်နှာသစ်ဆပ်ပြာကို သုံးပေးပါ။
      မျက်နှာသစ်ဆပ်ပြာကို အသုံးပြုနေစဉ်မှာပဲ  လက်နှစ်ဖက်ဖြင့် မျက်နှာကို ဖြည်းညှင်းစွာ စက်ဝိုင်းပုံစံနည်းအတိုင်း နှိပ်နယ်ပေးပါ။
(၄) ပြီးနောက် မျက်နှာသစ်အဝတ်ကို ရေနွေးနွေးတွင် ဆွတ်ပြီး ဆပ်ပြာမြှုပ်များကို အသာအယာ ဆေးကြောပေးနိုင်ပါပြီ။
(၅) ရေနွေးဝတ်နဲ့ဆေးပြီးနောက် ရေအေးဖြင့် ထပ်မံဆေးကြောပေးခြင်းဖြင့် မျက်နှာရှိ အပေါက်ကလေးများကို ပြန်လည်ပိတ်ပေးနိုင်ပါတယ်။
(၆) ပြီးနောက် မျက်နှာကို မျက်နှာသုတ်ပဝါဖြင့် ညင်သာစွာ သုတ်ပေးနိုင်ပါပြီ။
ဖိုးသူတော် (www.phothutaw.com)
Credit:Internet Health
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top