Property Expo
×

အိႏၵိယႏိုင္ငံအတြင္ မၾကာခဏ ျဖစ္ပြားေလ့ရွိတဲ့ မုဒိမ္းမႈေတြအတြင္း စာသင္ေက်ာင္းမွာ မိန္းကေလးငယ္တစ္ဦး အဓမၼက်င့္ခံရတဲ့ ျဖစ္ရပ္ဟာ ေနာက္ဆံုး ျဖစ္ရပ္တစ္ခုအျဖစ္ နာမည္ႀကီးလာေနပါတယ္။ သူမဟာ အဓမၼက်င့္ခဲ့ရတဲ့အတြက္က ကိုယ္ဝန္လည္း ရခဲ့ပါတယ္။

စာသင္ေက်ာင္းခန္းအတြင္း တစ္နာရီၾကာပိတ္ေလွာင္ခံထားရၿပီး အဓမၼက်င့္ခဲ့တဲ့ အမႈကို အခုအခါ တရား႐ံုးမွာ စစ္ေဆးေနၿပီျဖစ္ပါတယ္။ မတရား အႏုိင္က်င့္ခံခဲ့ရသူ မိန္းကေလးငယ္ရဲ႕ မိဘေတြ စိုးရိမ္ေနတာက အဆိုပါမိန္းကေလးးရဲ႕ အနာဂတ္ကို ျဖစ္ပါတယ္။ အလိုမတူပဲ အဓမၼအက်င့္ခံခဲ့ရတဲ့  မိန္းကေလးတစ္ေယာက္အေနနဲ႔ အနာဂတ္မွာ ခင္ပြန္းရွာေဖြလို႔ မရႏိုင္ေတာ့မွာကို စိတ္ပူေနၾကတာပါ။ ဒါ့အျပင္ ဒီျဖစ္ရပ္ေၾကာင့္ အလုပ္ကိုင္ ေကာင္းေကာင္းမရေတာ့မွာကိုလည္း စိုးရိမ္မိတယ္လို႔ မိန္းကေလးရဲ႕မိခင္ျဖစ္သူက ေျပာပါတယ္။

အဓမၼမႈ ဆန္႔က်င့္ဆႏၵျပလႈပ္ရွားသူေတြရဲ႕ အဆိုအရ အဲဒီအရပ္မွာပဲ မုဒိမ္းမႈ ႏွစ္ခုဟာ တစ္ခ်ိန္တည္းလိုလုိျဖစ္ပြားခဲ့တာလို႔ သိရပါတယ္။ အဓမၼက်င့္ခံရသူ မိန္းကေလးငယ္ဟာ ဆရာဝန္တစ္ေယာက္ျဖစ္ဖို႔ အိပ္မက္ရွိခဲ့တာျဖစ္ေပမယ့္ အခုေတာ့ အနာဂတ္အဆံုးသတ္သြားၿပီလို႔ ထင္ေၾကာင္း မိခင္ျဖစ္သူက ဝမ္းနည္းစြာနဲ႔ သတင္းေထာက္ကို ျပန္ေျပာျပပါတယ္။

အိႏၵယႏုိင္ငံ ေျမာက္ပိုင္းက ဟာယာနာျပည္နယ္မွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး အမ်ိဳးသားႏွစ္ဦးကသူမကို မတရားက်င့္ခဲ့တာျဖစ္ၿပီး ရဲတုိင္ရင္ သတ္ပစ္မယ္လို႔ ၿခိမ္းေျခာက္ခဲ့ေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

အိန္ဒိယနိုင်ငံအတွင် မကြာခဏ ဖြစ်ပွားလေ့ရှိတဲ့ မုဒိမ်းမှုတွေအတွင်း စာသင်ကျောင်းမှာ မိန်းကလေးငယ်တစ်ဦး အဓမ္မကျင့်ခံရတဲ့ ဖြစ်ရပ်ဟာ နောက်ဆုံး ဖြစ်ရပ်တစ်ခုအဖြစ် နာမည်ကြီးလာနေပါတယ်။ သူမဟာ အဓမ္မကျင့်ခဲ့ရတဲ့အတွက်က ကိုယ်ဝန်လည်း ရခဲ့ပါတယ်။

စာသင်ကျောင်းခန်းအတွင်း တစ်နာရီကြာပိတ်လှောင်ခံထားရပြီး အဓမ္မကျင့်ခဲ့တဲ့ အမှုကို အခုအခါ တရားရုံးမှာ စစ်ဆေးနေပြီဖြစ်ပါတယ်။ မတရား အနိုင်ကျင့်ခံခဲ့ရသူ မိန်းကလေးငယ်ရဲ့ မိဘတွေ စိုးရိမ်နေတာက အဆိုပါမိန်းကလေးးရဲ့ အနာဂတ်ကို ဖြစ်ပါတယ်။ အလိုမတူပဲ အဓမ္မအကျင့်ခံခဲ့ရတဲ့  မိန်းကလေးတစ်ယောက်အနေနဲ့ အနာဂတ်မှာ ခင်ပွန်းရှာဖွေလို့ မရနိုင်တော့မှာကို စိတ်ပူနေကြတာပါ။ ဒါ့အပြင် ဒီဖြစ်ရပ်ကြောင့် အလုပ်ကိုင် ကောင်းကောင်းမရတော့မှာကိုလည်း စိုးရိမ်မိတယ်လို့ မိန်းကလေးရဲ့မိခင်ဖြစ်သူက ပြောပါတယ်။

အဓမ္မမှု ဆန့်ကျင့်ဆန္ဒပြလှုပ်ရှားသူတွေရဲ့ အဆိုအရ အဲဒီအရပ်မှာပဲ မုဒိမ်းမှု နှစ်ခုဟာ တစ်ချိန်တည်းလိုလိုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ အဓမ္မကျင့်ခံရသူ မိန်းကလေးငယ်ဟာ ဆရာဝန်တစ်ယောက်ဖြစ်ဖို့ အိပ်မက်ရှိခဲ့တာဖြစ်ပေမယ့် အခုတော့ အနာဂတ်အဆုံးသတ်သွားပြီလို့ ထင်ကြောင်း မိခင်ဖြစ်သူက ဝမ်းနည်းစွာနဲ့ သတင်းထောက်ကို ပြန်ပြောပြပါတယ်။

အိန္ဒယနိုင်ငံ မြောက်ပိုင်းက ဟာယာနာပြည်နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသားနှစ်ဦးကသူမကို မတရားကျင့်ခဲ့တာဖြစ်ပြီး ရဲတိုင်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top