Property Expo
×

ကြၽန္ေတာ္ဟာ ႏြမ္းပါးတဲ့ မိသားစုကေန ေမြးဖြားလာသူပါ။ ၿမိဳ႕မက် ေတာမက် ေနရာေလးမွာ ေနပါတယ္။ ကြၽန္ေတာ့္  အေဖဟာ ေန႔စဥ္ မနက္အာရုဏ္ မိုးလင္းခင္ အေစာႀကီးထၿပီး ကုန္စိမ္းကားေတြနဲ႔ အေဖာ္လိုက္ရသူပါ။ ေျပာရရင္ ကုန္စိမ္းကား ေနာက္လိုက္ေပါ့ဗ်ာ။ ေစ်းမွာ လိုရင္လိုသလို ကုန္စိမ္းေတာင္းေတြ ထမ္းေပးရတယ္..။ ဒီလိုနဲ႔ ပင္ပင္ပန္းပန္းရွာရတဲ့ေငြနဲ႔ ေန႔စဥ္ စားစရာ၀ယ္၊ ပိုတဲ့ ေငြေလးကို ျခစ္ျခဳတ္စုၿပီး ကြၽန္ေတာ့္အတြက္ ပညာသင္စရိတ္ရွာၿပီး ၿမိဳ႔မွာ ေက်ာင္းထားေပးရွာတယ္..။

ေႏြရာသီ ေက်ာင္းပိတ္လို႔ ကြၽန္ေတာ္ အိမ္ျပန္ေရာက္လာတဲ့ တစ္ရက္မွာေတာ့ အေဖက ကြၽန္ေတာ့္ကို သူနဲ႔အတူ ကုန္စိမ္းကားနဲ႔ လိုုက္ခဲ့ခိုင္းတယ္္။

” သား..အေဖနဲ႔ လိုက္ခဲ့…၊ သားဘာမွ မလုပ္ရပါဘူး…၊အေဖ့အနားမွာ အေဖာ္လိုက္ယံုေလးပါ “..လို႔ အေဖက ေျပာတယ္။

ကြၽန္ေတာ္လည္း ေက်ာင္းပိတ္ရက္ေလး အိမ္မွာ နားရမလား မွတ္တယ္၊ အခုလုိ သူနဲ႔ လိုက္ခိုင္းေတာ့ စိတ္ထဲ သိပ္မၾကည္လင္ခ်င္ဘူး။ အေဖဆိုေတာ့ လြန္ဆန္လို႔ကလဲ မရေတာ့.. မလိုက္ခ်င္လိုက္ခ်င္နဲ႔ပဲ မနက္ေစာေစာ အရုဏ္မလင္းခင္ထ…၊ အေဖနဲ႔အတူ ေစ်းကားနဲ႔ လိုက္ရေတာ့တာေပါ့။ အေဖက ကြၽန္ေတာ့္ကို ဘာမွ မထမ္းမပိုးခိုင္းေပမယ့္ အေဖ့ေနာက္ကေန ကြၽန္ေတာ့္မွာ တစ္ေကာက္ေကာက္ လိုက္ယံုနဲ႔တင္ ပင္ပမ္းလိုက္တာ မေျပာပါနဲ႔ေတာ့။ ရက္အနည္းငယ္ၾကာတဲ့အထိ ေစ်းကားနဲ႔ လိုက္လည္းၿပီးေရာ ပင္ပမ္းတဲ့ ဒါဏ္နဲ႔ ကြၽန္ေတာ္ အပ်င္းဖ်ားယူရပါတယ္။ အဲ့ဒီေတာ့မွ အေဖလည္း ဘာမွ မတတ္ႏိုင္ရွာပဲ၊ သက္ျပင္းတြင္တြင္ခ်ႇၿပီး ကြၽန္ေတာ့္ကို အနားေပး၊ ေနာက္ေန႔ေတြ သူတစ္ေယာက္ထဲပဲ ေစ်းကားနဲ႔ လိုက္ရေတာ့တာေပါ့။

ဒါေပမယ့္ လူ႔ေလာကမွာ မေမွ်ာ္မွန္းႏိုင္တာေတြက ျဖစ္လာတတ္တယ္ေလ။ တေန႔ေတာ့  အေဖဟာ ေန႔စဥ္ရက္ဆက္ ပင္ပမ္းတဲ့ ဒဏ္ေတြနဲ႔ ရုတ္တရက္ နာမက်န္းျဖစ္ၿပီး အိပ္ရာထဲ လဲပါေလေရာ။ သံုး..ေလးပါတ္ေလာက္ အိပ္ရာထဲက မထႏိုင္ရွာဘူး။ အိမ္ရဲ႕ ၀င္ေငြကလည္း အေဖ့ေပၚတည္ေနေတာ့ ပိုက္ဆံျပတ္ၿပီး ထမင္းငတ္မယ့္ကိန္း ဆိုက္ေနေတာ့တာေပါ့။ ဘယ္လိုမွ မျဖစ္တဲ့အဆံုး ဘာမွ မလုပ္တတ္ရွာတဲ့ အေမနဲ႕ လူမမယ္ ညီမေလးကို ငဲ့ကြက္ၿပီး၊ ကြၽန္ေတာ္ အေဖ့ေနရာ ၀င္ယူ ရေတာ့တယ္။ အေဖလုပ္တဲ့အတိုင္း မနက္ မိုးမလင္းခင္ ေစာေစာထ၊ ေစ်းကားနဲ႕လိုက္၊ ဟင္းသီးဟင္းရြက္   ေတာင္းႀကီးေတြကို ထမ္း၊ ေစ်းထဲက ဆိုင္ေတြစီ တစ္ဆိုင္၀င္တစ္ဆိုင္ထြက္ ထမ္းပိုးၿပီး ကုန္ေတြပို႔ေပါ့။ ေၾသာ္.. အေဖနဲ႔ငါ အရင္က လိုက္သြားခဲ့မိလို႔ အခုလို လုပ္ႏိုင္တာ၊ ေတာ္ေသးတာေပါ့လို႔ ေတြးမိတယ္။

မိဘဆိုေတာ့… အေဖက ကြၽန္ေတာ္ ေခြၽးသံတစ္ရႊဲရႊဲနဲ႔ အိမ္ကိုျပန္လာတိုင္း..   ကြၽန္ေတာ္ရွာလို႔ ရလာတဲ့ ပိုက္ဆံေတြ၊ အေဖ့ကို အပ္တိုင္း ဂရုဏာစိတ္နဲ႕ ” ငါ့သား ပင္ပမ္းရွာတယ္.. က်န္းမာေရး  ထိခိုက္မယ္၊အေဖ ေနျပန္ေကာင္းရင္ ငါ့သား မလုပ္ရေတာ့ပါဘူးကြာ” ..လို႔ ေျပာရွာတယ္။ ဒါေပမယ့္ အ့ံၾသ စရာေကာင္းတာက တစ္စက္ေလးမွ ကြၽန္ေတာ္ ေမာပမ္းျခင္း မရွိေတာ့တာကိုပါဘဲ။

ဒါနဲ႔ ကြၽန္ေတာ္ အေဖ့ကို ေျပာမိတယ္..။ ” အေဖ.. သိပ္အ့့ံၾသစရာ   ေကာင္းတယ္ဗ်ာ.. အေဖသားကို ဟိုးတစ္ခါေစ်းကား လိုက္ခိုင္းတုန္းက သားမွာ အေဖ့ေနာက္လိုက္ၿပီး ဘာမွ မယ္မယ္ရရ မလုပ္ရတာေတာင္ ပင္ပန္းခဲ့လိုက္တာ မေျပာပါနဲ႔၊  ဒါေပမယ့္.. အခု.. မနက္တိုင္း ေစာေစာထရလဲ၊ ကုန္စိမ္းေတာင္းေတြကို ထမ္းေနရလဲ၊ နည္းနည္းမွကို ပင္ပမ္းတယ္ မထင္မိဘူးဗ်.. ” ..လို႔ ေျပာမိတယ္..။

အဲ့ဒီေတာ့ အေဖက ျပန္ေျပာတယ္။ သူျပန္ေျပာလိုက္တဲ့ စကားက ရိုးရိုးေလးပါ..။ ဒါေပမယ့္ ကြၽန္ေတာ့္ဘ၀အတြက္ တကယ့္ကို လက္ေဆာင္မြန္ပါဘဲ။

” သား.. တစ္ဖက္က သားရဲ႕ခႏၶာကိုယ္က က်င့္သားရလာလို႔ စြမ္းအင္တိုးလာတာရယ္..၊ ပိုျဖစ္ႏိုင္တာက  သားရဲ႕ စိတ္ဓာတ္ ရင့္က်က္လာမွဳေၾကာင့္ ျဖစ္မွာပါ..၊ ရင့္က်က္မွဳက သားကို ႀကီးေလးတဲ့ တာ၀န္ကို ယူလိုေစတဲ့ သထၳိမ်ဳိးကို ျဖစ္ေပၚေစလိုက္တာပါ..၊ ဒီေတာ့ ဘယ္ေလာက္ပဲ ပင္ပမ္းပင္ပမ္း..၊ အလုပ္က ငါ့သားကို သက္ေတာင့္သက္သာ ျဖစ္ေနေစတာေပါ့.. “

အခုေတာ့ ကြၽန္ေတာ္ အေဖ့စကားတစ္ခြန္းထဲနဲ႔ တာ၀န္ယူလုပ္ကိုင္လို႔ ရလာတဲ့ ရလာဒ္ရဲ႕ ခ်ဳိၿမိန္တဲ့ အရသာကို ေကာင္းေကာင္းခံစား သိခြင့္ရေနၿပီေလ..။

ဒီအေၾကာင္းကို ေျပာျပသူ လူငယ္ေလးဟာ လက္ရွိ ကုမၼဏီတစ္ခုမွာ ထူးခြၽန္၀န္ထမ္းတစ္ဦးအေနနဲ႔ အလုပ္တာ၀န္ေတြ ထမ္းေဆာင္ရင္း မိဘကို တစ္ဖန္ျပန္လည္ ေက်းဇူးဆပ္ခြင့္ ရေနသူ ျဖစ္ေနပါၿပီ။ သူေျပာျပတဲ့ အေပၚမွာ ကြၽန္မက ခံစားလို႔ ရသလို ျပန္လည္တင္ျပျခင္းပါ။ တကယ္ေတာ့ မိမိမွာ တာ၀န္ရွိတယ္လို႔ ခံယူလိုက္တာနဲ႔ အဲ့ဒီ ဖိအားေၾကာင့္ တြန္းအား ျဖစ္ေပၚေစၿပီး၊ မိမိတာ၀န္ကို ၿပီးေျမာက္ေစတဲ့ စြမ္းအား၊ ရွိလာတာခ်ည္းပါဘဲ။ အဲ့ဒီ ျဖစ္စဥ္အစနဲ႔ ျဖစ္စဥ္အဆံုးရဲ႕ အတြင္းမွာလည္း ေပ်ာ္ရႊင္မွဳဆိုတာက ရွိေနမွာပါ။ ကြၽန္မတို႔အားလံုး ကိုယ့္ကိုယ္ကို ယံုၾကည္စိတ္ ရွိေနဖို႔ေတာ့ လိုအပ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ျမေသြးနီ

#Unicode Version

ကျွန်တော်ဟာ နွမ်းပါးတဲ့ မိသားစုကနေ မွေးဖွားလာသူပါ။ မြို့မကျ တောမကျ နေရာလေးမှာ နေပါတယ်။ ကျွန်တော့်  အဖေဟာ နေ့စဉ် မနက်အာရုဏ် မိုးလင်းခင် အစောကြီးထပြီး ကုန်စိမ်းကားတွေနဲ့ အဖော်လိုက်ရသူပါ။ ပြောရရင် ကုန်စိမ်းကား နောက်လိုက်ပေါ့ဗျာ။ ဈေးမှာ လိုရင်လိုသလို ကုန်စိမ်းတောင်းတွေ ထမ်းပေးရတယ်..။ ဒီလိုနဲ့ ပင်ပင်ပန်းပန်းရှာရတဲ့ငွေနဲ့ နေ့စဉ် စားစရာဝယ်၊ ပိုတဲ့ ငွေလေးကို ခြစ်ခြုတ်စုပြီး ကျွန်တော့်အတွက် ပညာသင်စရိတ်ရှာပြီး မြို့မှာ ကျောင်းထားပေးရှာတယ်..။

နွေရာသီ ကျောင်းပိတ်လို့ ကျွန်တော် အိမ်ပြန်ရောက်လာတဲ့ တစ်ရက်မှာတော့ အဖေက ကျွန်တော့်ကို သူနဲ့အတူ ကုန်စိမ်းကားနဲ့ လိုုက်ခဲ့ခိုင်းတယ်။

” သား..အဖေနဲ့ လိုက်ခဲ့…၊ သားဘာမှ မလုပ်ရပါဘူး…၊အဖေ့အနားမှာ အဖော်လိုက်ယုံလေးပါ “..လို့ အဖေက ပြောတယ်။

ကျွန်တော်လည်း ကျောင်းပိတ်ရက်လေး အိမ်မှာ နားရမလား မှတ်တယ်၊ အခုလို သူနဲ့ လိုက်ခိုင်းတော့ စိတ်ထဲ သိပ်မကြည်လင်ချင်ဘူး။ အဖေဆိုတော့ လွန်ဆန်လို့ကလဲ မရတော့.. မလိုက်ချင်လိုက်ချင်နဲ့ပဲ မနက်စောစော အရုဏ်မလင်းခင်ထ…၊ အဖေနဲ့အတူ ဈေးကားနဲ့ လိုက်ရတော့တာပေါ့။ အဖေက ကျွန်တော့်ကို ဘာမှ မထမ်းမပိုးခိုင်းပေမယ့် အဖေ့နောက်ကနေ ကျွန်တော့်မှာ တစ်ကောက်ကောက် လိုက်ယုံနဲ့တင် ပင်ပမ်းလိုက်တာ မပြောပါနဲ့တော့။ ရက်အနည်းငယ်ကြာတဲ့အထိ ဈေးကားနဲ့ လိုက်လည်းပြီးရော ပင်ပမ်းတဲ့ ဒါဏ်နဲ့ ကျွန်တော် အပျင်းဖျားယူရပါတယ်။ အဲ့ဒီတော့မှ အဖေလည်း ဘာမှ မတတ်နိုင်ရှာပဲ၊ သက်ပြင်းတွင်တွင်ချှပြီး ကျွန်တော့်ကို အနားပေး၊ နောက်နေ့တွေ သူတစ်ယောက်ထဲပဲ ဈေးကားနဲ့ လိုက်ရတော့တာပေါ့။

ဒါပေမယ့် လူ့လောကမှာ မမျှော်မှန်းနိုင်တာတွေက ဖြစ်လာတတ်တယ်လေ။ တနေ့တော့  အဖေဟာ နေ့စဉ်ရက်ဆက် ပင်ပမ်းတဲ့ ဒဏ်တွေနဲ့ ရုတ်တရက် နာမကျန်းဖြစ်ပြီး အိပ်ရာထဲ လဲပါလေရော။ သုံး..လေးပါတ်လောက် အိပ်ရာထဲက မထနိုင်ရှာဘူး။ အိမ်ရဲ့ ဝင်ငွေကလည်း အဖေ့ပေါ်တည်နေတော့ ပိုက်ဆံပြတ်ပြီး ထမင်းငတ်မယ့်ကိန်း ဆိုက်နေတော့တာပေါ့။ ဘယ်လိုမှ မဖြစ်တဲ့အဆုံး ဘာမှ မလုပ်တတ်ရှာတဲ့ အမေနဲ့ လူမမယ် ညီမလေးကို ငဲ့ကွက်ပြီး၊ ကျွန်တော် အဖေ့နေရာ ဝင်ယူ ရတော့တယ်။ အဖေလုပ်တဲ့အတိုင်း မနက် မိုးမလင်းခင် စောစောထ၊ ဈေးကားနဲ့လိုက်၊ ဟင်းသီးဟင်းရွက်   တောင်းကြီးတွေကို ထမ်း၊ ဈေးထဲက ဆိုင်တွေစီ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ထမ်းပိုးပြီး ကုန်တွေပို့ပေါ့။ သြော်.. အဖေနဲ့ငါ အရင်က လိုက်သွားခဲ့မိလို့ အခုလို လုပ်နိုင်တာ၊ တော်သေးတာပေါ့လို့ တွေးမိတယ်။

မိဘဆိုတော့… အဖေက ကျွန်တော် ချွေးသံတစ်ရွှဲရွှဲနဲ့ အိမ်ကိုပြန်လာတိုင်း..   ကျွန်တော်ရှာလို့ ရလာတဲ့ ပိုက်ဆံတွေ၊ အဖေ့ကို အပ်တိုင်း ဂရုဏာစိတ်နဲ့ ” ငါ့သား ပင်ပမ်းရှာတယ်.. ကျန်းမာရေး  ထိခိုက်မယ်၊အဖေ နေပြန်ကောင်းရင် ငါ့သား မလုပ်ရတော့ပါဘူးကွာ” ..လို့ ပြောရှာတယ်။ ဒါပေမယ့် အံ့သြ စရာကောင်းတာက တစ်စက်လေးမှ ကျွန်တော် မောပမ်းခြင်း မရှိတော့တာကိုပါဘဲ။

ဒါနဲ့ ကျွန်တော် အဖေ့ကို ပြောမိတယ်..။ ” အဖေ.. သိပ်အ့ံ့သြစရာ   ကောင်းတယ်ဗျာ.. အဖေသားကို ဟိုးတစ်ခါဈေးကား လိုက်ခိုင်းတုန်းက သားမှာ အဖေ့နောက်လိုက်ပြီး ဘာမှ မယ်မယ်ရရ မလုပ်ရတာတောင် ပင်ပန်းခဲ့လိုက်တာ မပြောပါနဲ့၊  ဒါပေမယ့်.. အခု.. မနက်တိုင်း စောစောထရလဲ၊ ကုန်စိမ်းတောင်းတွေကို ထမ်းနေရလဲ၊ နည်းနည်းမှကို ပင်ပမ်းတယ် မထင်မိဘူးဗျ.. ” ..လို့ ပြောမိတယ်..။

အဲ့ဒီတော့ အဖေက ပြန်ပြောတယ်။ သူပြန်ပြောလိုက်တဲ့ စကားက ရိုးရိုးလေးပါ..။ ဒါပေမယ့် ကျွန်တော့်ဘဝအတွက် တကယ့်ကို လက်ဆောင်မွန်ပါဘဲ။

” သား.. တစ်ဖက်က သားရဲ့ခန္ဓာကိုယ်က ကျင့်သားရလာလို့ စွမ်းအင်တိုးလာတာရယ်..၊ ပိုဖြစ်နိုင်တာက  သားရဲ့ စိတ်ဓာတ် ရင့်ကျက်လာမှုကြောင့် ဖြစ်မှာပါ..၊ ရင့်ကျက်မှုက သားကို ကြီးလေးတဲ့ တာဝန်ကို ယူလိုစေတဲ့ သထ္ထိမျိုးကို ဖြစ်ပေါ်စေလိုက်တာပါ..၊ ဒီတော့ ဘယ်လောက်ပဲ ပင်ပမ်းပင်ပမ်း..၊ အလုပ်က ငါ့သားကို သက်တောင့်သက်သာ ဖြစ်နေစေတာပေါ့.. “

အခုတော့ ကျွန်တော် အဖေ့စကားတစ်ခွန်းထဲနဲ့ တာဝန်ယူလုပ်ကိုင်လို့ ရလာတဲ့ ရလာဒ်ရဲ့ ချိုမြိန်တဲ့ အရသာကို ကောင်းကောင်းခံစား သိခွင့်ရနေပြီလေ..။

ဒီအကြောင်းကို ပြောပြသူ လူငယ်လေးဟာ လက်ရှိ ကုမ္မဏီတစ်ခုမှာ ထူးချွန်ဝန်ထမ်းတစ်ဦးအနေနဲ့ အလုပ်တာဝန်တွေ ထမ်းဆောင်ရင်း မိဘကို တစ်ဖန်ပြန်လည် ကျေးဇူးဆပ်ခွင့် ရနေသူ ဖြစ်နေပါပြီ။ သူပြောပြတဲ့ အပေါ်မှာ ကျွန်မက ခံစားလို့ ရသလို ပြန်လည်တင်ပြခြင်းပါ။ တကယ်တော့ မိမိမှာ တာဝန်ရှိတယ်လို့ ခံယူလိုက်တာနဲ့ အဲ့ဒီ ဖိအားကြောင့် တွန်းအား ဖြစ်ပေါ်စေပြီး၊ မိမိတာဝန်ကို ပြီးမြောက်စေတဲ့ စွမ်းအား၊ ရှိလာတာချည်းပါဘဲ။ အဲ့ဒီ ဖြစ်စဉ်အစနဲ့ ဖြစ်စဉ်အဆုံးရဲ့ အတွင်းမှာလည်း ပျော်ရွှင်မှုဆိုတာက ရှိနေမှာပါ။ ကျွန်မတို့အားလုံး ကိုယ့်ကိုယ်ကို ယုံကြည်စိတ် ရှိနေဖို့တော့ လိုအပ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: မြသွေးနီ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top