Kantharyar Centre
×

 မင္းကြန္းကားလမ္း ၀ါးခ်က္ေက်းရြာအနီး ရွင္ျဖဴရွင္လွဘုရားအနီးတြင္ MARK X အမ်ဳိး အစားယာဥ္သည္ ဆိုင္ကယ္ကို ေရွာင္တိမ္းရာမွ အရွိန္လြန္ကာ ဧရာ၀တီျမစ္အတြင္းသို႔ ထိုးက်ၿပီး ယာဥ္ေမာင္းေသဆံုးခဲ့ေၾကာင္း စစ္ကိုင္းခ႐ိုင္မီးသတ္ဦးစီးဌာနမွ သတင္းရရွိသည္။

ယခုလ ၁၂ ရက္ ညေန ၆ နာရီခန္႔က စစ္ကိုင္းၿမိဳ႕ ေျမာက္ဘက္ ၇ မိုင္ခန္႔အကြာ စစ္ကိုင္း-မင္းကြန္းကားလမ္းတြင္ အဆိုပါကားသည္ ဆိုင္ကယ္ေရွာင္တိမ္းရင္း အရွိန္မထိန္းႏိုင္ဘဲ ဧရာ၀တီျမစ္အတြင္းသို႔ ထိုးက်ကာ စစ္ကိုင္းၿမိဳ႕ေန အသက္ (၂၆) ႏွစ္အရြယ္ ယာဥ္ေမာင္းေရနစ္ေသဆံုးခဲ့သည္။

‘‘ဆိုင္ကယ္ေရွာင္တိမ္းရင္း ဧရာ၀တီျမစ္အတြင္း က်တယ္လို႔ အနီးပတ္၀န္းက်င္က လူေတြေျပာ ၾကားခ်က္အရ သိရပါတယ္။ ေရ ငုပ္ကြၽမ္းက်င္တဲ့အဖြဲ႕ ဦးေဆာင္ ၿပီး ငုပ္တယ္။ မီးသတ္အဖြဲ႕က ေရငုပ္တဲ့အဖြဲ႕ကို ေဘးကေန ကူညီ ေပးရတယ္။ ေရစီးၾကမ္းတယ္၊ ေရကလည္း အနက္ေပ ၄၀ ေလာက္ရွိတယ္လို႔ ေျပာတယ္’’ဟု စစ္ကိုင္း ခ႐ိုင္မီးသတ္ဦးစီးဌာန တာ၀န္ရွိ သူတစ္ဦးက ေျပာသည္။

ဧရာ၀တီျမစ္အတြင္း နစ္ျမဳပ္ခဲ့ေသာ ယာဥ္ကို ည  ၁၁  နာရီခြဲခန္႔တြင္ ဆယ္ယူရရွိၿပီး ယာဥ္ေမာင္းအမ်ဳိးသားသည္ ပိတ္မိေသဆံုးခဲ့ျခင္းျဖစ္သည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 မင်းကွန်းကားလမ်း ဝါးချက်ကျေးရွာအနီး ရှင်ဖြူရှင်လှဘုရားအနီးတွင် MARK X အမျိုး အစားယာဉ်သည် ဆိုင်ကယ်ကို ရှောင်တိမ်းရာမှ အရှိန်လွန်ကာ ဧရာဝတီမြစ်အတွင်းသို့ ထိုးကျပြီး ယာဉ်မောင်းသေဆုံးခဲ့ကြောင်း စစ်ကိုင်းခရိုင်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

ယခုလ ၁၂ ရက် ညနေ ၆ နာရီခန့်က စစ်ကိုင်းမြို့ မြောက်ဘက် ၇ မိုင်ခန့်အကွာ စစ်ကိုင်း-မင်းကွန်းကားလမ်းတွင် အဆိုပါကားသည် ဆိုင်ကယ်ရှောင်တိမ်းရင်း အရှိန်မထိန်းနိုင်ဘဲ ဧရာဝတီမြစ်အတွင်းသို့ ထိုးကျကာ စစ်ကိုင်းမြို့နေ အသက် (၂၆) နှစ်အရွယ် ယာဉ်မောင်းရေနစ်သေဆုံးခဲ့သည်။

‘‘ဆိုင်ကယ်ရှောင်တိမ်းရင်း ဧရာဝတီမြစ်အတွင်း ကျတယ်လို့ အနီးပတ်ဝန်းကျင်က လူတွေပြော ကြားချက်အရ သိရပါတယ်။ ရေ ငုပ်ကျွမ်းကျင်တဲ့အဖွဲ့ ဦးဆောင် ပြီး ငုပ်တယ်။ မီးသတ်အဖွဲ့က ရေငုပ်တဲ့အဖွဲ့ကို ဘေးကနေ ကူညီ ပေးရတယ်။ ရေစီးကြမ်းတယ်၊ ရေကလည်း အနက်ပေ ၄၀ လောက်ရှိတယ်လို့ ပြောတယ်’’ဟု စစ်ကိုင်း ခရိုင်မီးသတ်ဦးစီးဌာန တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ဧရာဝတီမြစ်အတွင်း နစ်မြုပ်ခဲ့သော ယာဉ်ကို ည  ၁၁  နာရီခွဲခန့်တွင် ဆယ်ယူရရှိပြီး ယာဉ်မောင်းအမျိုးသားသည် ပိတ်မိသေဆုံးခဲ့ခြင်းဖြစ်သည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top