Property Expo
×



ခ်င္းတြင္းျမစ္တြင္ ေပ်ာ္ ၀င္ေနေသာ အနက္ေရာင္ေရစီး ေၾကာင္းကို ဓာတ္ခဲြစမ္းသပ္ရာ လူႏွင့္ ေရေနသတၱ၀ါမ်ားကုိ အႏၲရာယ္ရွိႏုိင္သည့္ ဓာတ္သုံးမ်ဳိးေတြ႕ရွိရေၾကာင္း သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရးလုပ္ငန္း မ်ားကို ေဆာင္ရြက္ေပးေနသည့္ စိမ္းလန္းအမိေျမ ဓာတ္ခဲြခန္းက သတင္းထုတ္ျပန္သည္။
အ႐ိုးေပ်ာ့ေရာဂါ ျဖစ္ေစၿပီး လူတို႔၏ ေက်ာက္ကပ္ပါ ထိခိုက္ ႏုိင္သည့္ ကယ္ဒမီယမ္ဓာတ္၊ ၀မ္း ေရာဂါျဖစ္ေစႏုိင္ေသာ ဗက္တီး ရီးယားမ်ား ေပါက္ဖြားႏိုင္သည့္ ဆုိင္းႂကြအနယ္စသည့္ ဓာတ္ႏွစ္ မ်ဳိးသည္ လုိအပ္သည္ထက္မ်ား ေနျခင္းျဖစ္သည္။

ေရေနသတၱ၀ါမ်ား ရွင္သန္ မႈကို ထိခုိက္ႏုိင္သည့္ ေရတြင္ေပ်ာ္ ၀င္ေသာ ဇီ၀ဆုိင္ရာ ေအာက္ဆီ ဂ်င္မွာလည္း လုိအပ္ခ်က္ထက္ နည္းေနသည္ဟု ဆုိသည္။

‘‘အဲဒီတုန္းက ငါးေတြေသ တယ္။ အခုလည္း ငါးေတြမရွိ ေတာ့ဘူး။ ေဒသခံေတြကေတာ့ ေသတဲ့ငါးေတြကိုစားဖို႔ အဲဒီတုန္း က ယူလာေသးတယ္။ ဒါေပမဲ့ မ စားျဖစ္ၾကဘူး’’ဟု စစ္ကိုင္းတုိင္း ေဒသႀကီး လႊတ္ေတာ္အမတ္ ဦးစိုင္းေမာင္ေတးကေျပာသည္။

စိမ္းလန္းအမိေျမက ခႏၲီးၿမိဳ႕ မွ ခ်င္းတြင္းျမစ္ေရကိုယူ၍ ေရ တြင္ေပ်ာ္၀င္ေနေသာ ဓာတ္ေပါင္း ၂၇ မ်ဳိးကို စမ္းသပ္စစ္ေဆးခဲ့ရာ ဓာတ္သုံးမ်ဳိးမွာ ပုံမွန္မဟုတ္ေၾကာင္း ေတြ႕ရွိရသည္။

ခ်င္းတြင္းျမစ္ေရ အနက္ ေရာင္အျဖစ္ ေျပာင္းလဲစီးဆင္းျခင္းႏွင့္ပတ္သက္၍ ၾသဂုတ္ ၂၂ ရက္က ယူေဆာင္ခဲ့ေသာ ျမစ္ေရကို ႏွစ္လအၾကာ စမ္းသပ္စစ္ေဆးခဲ့ရာ အႏၲရာယ္ျဖစ္ေစသည့္ ဓာတ္သုံးမ်ဳိး ေပ်ာ္၀င္ေနသည္ကို ေတြ႕ရွိရျခင္းျဖစ္သည္။

 စစ္ကိုင္းတုိင္းေဒသႀကီးအ စိုးရ၏ စစ္ေဆးခ်က္အရ အဆုိပါ အနက္ေရာင္ျမစ္ေရတြင္ ပါ၀င္ သည့္ဓာတ္မ်ားသည္ လူေသာက္ သုံးရန္မသင့္သည့္ ခဲဓာတ္ႏွင့္ သံဓာတ္ ပါ၀င္မႈမ်ားေနသည္ဟု ၾသဂုတ္ ၃၀ ရက္က သတင္းထုတ္ ျပန္ထားသည္။

ခ်င္းတြင္းျမစ္ေရတြင္ အရွည္ ေပ ၁,၀၀၀၊ အနံေပ ၆၀၀ ခန္႔ရွိ သည့္ အနက္ေရာင္ေရမ်ားသည္ အျခားျမစ္ေရမ်ားႏွင့္ ေရာေႏွာျခင္းမရွိဘဲ နန္႔စလင္ေခ်ာင္းမွ ခ်င္းတြင္းျမစ္ထဲ ျဖတ္သန္းစီးဆင္းခဲ့ရာ ယင္းျမစ္ေရကို စစ္ကုိင္းတုိင္းအစုိးရအဖဲြ႕က မႏၲေလးၿမိဳ႕ဓာတ္ ခဲြခန္းသို႔ ေပးပို႔စစ္ေဆးခဲ့ျခင္းျဖစ္သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily


#Unicode Version

 ချင်းတွင်းမြစ်တွင် ပျော် ဝင်နေသော အနက်ရောင်ရေစီး ကြောင်းကို ဓာတ်ခွဲစမ်းသပ်ရာ လူနှင့် ရေနေသတ္တဝါများကို အန္တရာယ်ရှိနိုင်သည့် ဓာတ်သုံးမျိုးတွေ့ရှိရကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း များကို ဆောင်ရွက်ပေးနေသည့် စိမ်းလန်းအမိမြေ ဓာတ်ခွဲခန်းက သတင်းထုတ်ပြန်သည်။

အရိုးပျော့ရောဂါ ဖြစ်စေပြီး လူတို့၏ ကျောက်ကပ်ပါ ထိခိုက် နိုင်သည့် ကယ်ဒမီယမ်ဓာတ်၊ ဝမ်း ရောဂါဖြစ်စေနိုင်သော ဗက်တီး ရီးယားများ ပေါက်ဖွားနိုင်သည့် ဆိုင်းကြွအနယ်စသည့် ဓာတ်နှစ် မျိုးသည် လိုအပ်သည်ထက်များ နေခြင်းဖြစ်သည်။

ရေနေသတ္တဝါများ ရှင်သန် မှုကို ထိခိုက်နိုင်သည့် ရေတွင်ပျော် ဝင်သော ဇီဝဆိုင်ရာ အောက်ဆီ ဂျင်မှာလည်း လိုအပ်ချက်ထက် နည်းနေသည်ဟု ဆိုသည်။

‘‘အဲဒီတုန်းက ငါးတွေသေ တယ်။ အခုလည်း ငါးတွေမရှိ တော့ဘူး။ ဒေသခံတွေကတော့ သေတဲ့ငါးတွေကိုစားဖို့ အဲဒီတုန်း က ယူလာသေးတယ်။ ဒါပေမဲ့ မ စားဖြစ်ကြဘူး’’ဟု စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်အမတ် ဦးစိုင်းမောင်တေးကပြောသည်။

စိမ်းလန်းအမိမြေက ခန္တီးမြို့ မှ ချင်းတွင်းမြစ်ရေကိုယူ၍ ရေ တွင်ပျော်ဝင်နေသော ဓာတ်ပေါင်း ၂၇ မျိုးကို စမ်းသပ်စစ်ဆေးခဲ့ရာ ဓာတ်သုံးမျိုးမှာ ပုံမှန်မဟုတ်ကြောင်း တွေ့ရှိရသည်။

ချင်းတွင်းမြစ်ရေ အနက် ရောင်အဖြစ် ပြောင်းလဲစီးဆင်းခြင်းနှင့်ပတ်သက်၍ သြဂုတ် ၂၂ ရက်က ယူဆောင်ခဲ့သော မြစ်ရေကို နှစ်လအကြာ စမ်းသပ်စစ်ဆေးခဲ့ရာ အန္တရာယ်ဖြစ်စေသည့် ဓာတ်သုံးမျိုး ပျော်ဝင်နေသည်ကို တွေ့ရှိရခြင်းဖြစ်သည်။

 စစ်ကိုင်းတိုင်းဒေသကြီးအ စိုးရ၏ စစ်ဆေးချက်အရ အဆိုပါ အနက်ရောင်မြစ်ရေတွင် ပါဝင် သည့်ဓာတ်များသည် လူသောက် သုံးရန်မသင့်သည့် ခဲဓာတ်နှင့် သံဓာတ် ပါဝင်မှုများနေသည်ဟု သြဂုတ် ၃၀ ရက်က သတင်းထုတ် ပြန်ထားသည်။

ချင်းတွင်းမြစ်ရေတွင် အရှည် ပေ ၁,၀၀၀၊ အနံပေ ၆၀၀ ခန့်ရှိ သည့် အနက်ရောင်ရေများသည် အခြားမြစ်ရေများနှင့် ရောနှောခြင်းမရှိဘဲ နန့်စလင်ချောင်းမှ ချင်းတွင်းမြစ်ထဲ ဖြတ်သန်းစီးဆင်းခဲ့ရာ ယင်းမြစ်ရေကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က မန္တလေးမြို့ဓာတ် ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top