Kantharyar Centre
×








Credit : 7Day Daily

#Unicode Version

 ဒဂုံမြို့သစ်ဆိပ်ကမ်း၊ (၆၈)ရပ်ကွက်အတွင်း နေထိုင် သည့် အသက်(၃၃)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ၎င်း၏မွေးကင်းစကလေးငယ် သေဆုံးသွားခဲ့ သဖြင့် စိတ်ဓာတ်ကျကာ ကြိုးဆွဲချသေဆုံးခဲ့ကြောင်း သတင်းရရှိ သည်။

ဒဂုံဆိပ်ကမ်းမြို့နယ် မင်းရဲ အောင်လမ်းဆုံရှိ ကျူးကျော်တဲ တွင် နေထိုင်သည့် အသက်(၃၃) နှစ်အရွယ် ကိုလှမျိုး(ခ)နွားကြီးဆို သူသည် မွေးကင်းစကလေးငယ် သေ ဆုံးခဲ့သဖြင့် စက်တင်ဘာ ၁၀ရက် နံနက် ၈ နာရီခန့်က မိခင်ဖြစ် သူ၏နေအိမ်၌ ကြိုးဆွဲချသေဆုံး ခဲ့ခြင်းဖြစ်ကြောင်း ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

‘‘ကလေးသေသွားလို့ အ ရက်တွေသောက်ပြီး ကြိုးဆွဲချသေ တာလို့သိရပါတယ်။ သူ့အိမ်မှာ သူ့မိန်းမက မီးဖွားခါစဆိုတော့ သူ့ အမေအိမ်မှာ လာနေရင်းဖြစ်တာ။ သူ့အမေကလည်း သူတို့နဲ့တစ်ရပ် ကွက်တည်း နေတာ’’ဟု ၎င်းက ဆို သည်။

သေဆုံးသူ ကိုလှမျိုး(ခ)နွား ကြီးသည် မိခင်၏နေအိမ်အတွင်းရှိ အမြင့် ၆ ပေ ခန့်ရှိသည့် ထုပ်တန်းတွင် အဝတ်ကြိုးကို အသုံးပြုကာ နေအိမ်ကြမ်းပြင်ပေါ်၌ ထိုင်လျက်အနေအထားဖြင့် ကြိုးဆွဲချသေ ဆုံးနေခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ကြိုးဆွဲချသေဆုံးခဲ့သည့်အ မျိုးသား၏ခန္ဓာကိုယ်တွင် ပြင်ပ ဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိဘဲ ကြိုးဆွဲချသေဆုံးသည့် လက္ခဏာ များသာရှိကြောင်း၊ သေဆုံးသူ၏ အလောင်းကိုလည်း သင်္ဃန်းကျွန်း ဆေးရုံကြီးသို့ ပို့ဆောင်ထား ကြောင်း ဆိပ်ကမ်းမမြို့မရဲစခန်းမှ သိရသည်။

အဆိုပါကြိုးဆွဲချသေဆုံးမှု နှင့်ပတ်သက်၍ ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top