Property Expo
×

ေခတ္ကုိက ဘာေျပာရမွန္းကုိ မသိပါဘူး-လုိ႔ ေျပာေျပာေနတဲ့ၾကားက ဒီလုိ ကေပါက္တိကေပါက္ခ်ာလုပ္တဲ့ သူေတြကို
ေတြ႕မိျပန္ေတာ့ ဘာေျပာလုိ႔ ေျပာရမွန္းကုိ မသိေတာ့ပါဘူး-လုိ႔ပဲ ေျပာစရာရွိပါေတာ့တယ္။ ဟုတ္ပါတယ္။ အခုဟာက အသက္(60)ေက်ာ္အရြယ္ ေက်ာင္းေစာင့္အဖုိးႀကီး Jim Kerr ကို အသက္(18)ႏွစ္သာ ရွိေသးတဲ့ Lisa Miller လုိ႔ အမည္ရတဲ့ ေကာင္မေလးက လက္ထပ္ခြင့္ ေတာင္းတယ္လုိ႔ သိရပါတယ္။

Jim ဟာ Lisa ဟာ တက္ခဲ့တဲ့ ေက်ာင္းမွာ ေက်ာင္းမွာ ေက်ာင္းေစာင့္ သုိ႔မဟုတ္ ဒရ၀မ္အျဖစ္ အလုပ္လုပ္သူ ျဖစ္ပါတယ္။ ဒါေပမယ့္ အဖုိးႀကီး Jim မွာ အသက္ 32 အရြယ္ သမီးတစ္ေယာက္ ရွိေသးၿပီး အမည္ကေတာ့ Allison Kerr ျဖစ္ပါတယ္။ Karr ဟာ ဒီကိစၥကို လုံး၀ လက္မခံဘဲ သူမရဲ႕ အေဖဟာ သူမနဲ႕ လုံး၀သက္ဆုိင္မႈမရွိေတာ့ေၾကာင္း ေၾကျငာခဲ့ပါတယ္။

ဒါေပမယ့္ အခ်စ္ဆုိတာကလည္း အခက္သားေပပဲ။ အရြယ္မေရြး ခံစားခြင့္ရွိတဲ့ အရာပဲေလ။ ဒါကို တစ္ခ်ိဳ႕က ႏြားအုို ျမက္ႏုႀကိဳက္လုိ႕ အမနာပ ကင္ပြန္းတပ္ၾကပါတယ္။ အခုဟာက အဲဒီလုိမဟုတ္ပါ။ ေအာက္သြားမစုံတဲ့ ႏြားမဒန္းက ျမက္ရင့္ကုိ စားခ်င္တာျဖစ္ပါတယ္။ ဒါကလည္း နည္းနည္းေတာ့ ႐ုိင္းရာက်ေပမယ့္ ႏြားအုိ ျမက္ႏုႀကိဳက္-ဆုိတဲ့ စကားပုံကို ေျပာင္းျပန္
ျပင္လုိက္႐ုံ သက္သက္ပါ။

ေနာက္ထပ္ သတင္းမီဒီယာ တစ္ခုကလည္း အဖုိးႀကီး Jim ရဲ႕ အေၾကာင္းကုိ ဆက္လက္ ေဖာ္ထုတ္လုိက္ျပန္ပါတယ္။ အဖုိးႀကီး Jim ဟာ ၿပီးခဲ့တဲ့ႏွစ္ ႏုိ၀င္ဘာက ဇနီးေဟာင္း Miller နဲ႔ တရား၀င္ကြာရွင္းခဲ့တယ္လုိ႔ သိရပါတယ္။ အခုခ်ိန္မွာေတာ့ Jim ဟာ ဆယ္ေက်ာ္သက္မေလး Lisa နဲ႔အတူ စေကာ့တလန္ႏုိင္ငံ East Renfrewshire ျပည္နယ္က Thornliebank ၿမိဳ႕မွာ အတူေနေနၿပီလုိ႔ Mail Online သတင္းစာက ေဖာ္ျပခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : lwin lwin

#Unicode Version

ခေတ်ကိုက ဘာပြောရမှန်းကို မသိပါဘူး-လို့ ပြောပြောနေတဲ့ကြားက ဒီလို ကပေါက်တိကပေါက်ချာလုပ်တဲ့ သူတွေကို
တွေ့မိပြန်တော့ ဘာပြောလို့ ပြောရမှန်းကို မသိတော့ပါဘူး-လို့ပဲ ပြောစရာရှိပါတော့တယ်။ ဟုတ်ပါတယ်။ အခုဟာက အသက်(60)ကျော်အရွယ် ကျောင်းစောင့်အဖိုးကြီး Jim Kerr ကို အသက်(18)နှစ်သာ ရှိသေးတဲ့ Lisa Miller လို့ အမည်ရတဲ့ ကောင်မလေးက လက်ထပ်ခွင့် တောင်းတယ်လို့ သိရပါတယ်။

Jim ဟာ Lisa ဟာ တက်ခဲ့တဲ့ ကျောင်းမှာ ကျောင်းမှာ ကျောင်းစောင့် သို့မဟုတ် ဒရဝမ်အဖြစ် အလုပ်လုပ်သူ ဖြစ်ပါတယ်။ ဒါပေမယ့် အဖိုးကြီး Jim မှာ အသက် 32 အရွယ် သမီးတစ်ယောက် ရှိသေးပြီး အမည်ကတော့ Allison Kerr ဖြစ်ပါတယ်။ Karr ဟာ ဒီကိစ္စကို လုံး၀ လက်မခံဘဲ သူမရဲ့ အဖေဟာ သူမနဲ့ လုံးဝသက်ဆိုင်မှုမရှိတော့ကြောင်း ကြေငြာခဲ့ပါတယ်။

ဒါပေမယ့် အချစ်ဆိုတာကလည်း အခက်သားပေပဲ။ အရွယ်မရွေး ခံစားခွင့်ရှိတဲ့ အရာပဲလေ။ ဒါကို တစ်ချို့က နွားအို မြက်နုကြိုက်လို့ အမနာပ ကင်ပွန်းတပ်ကြပါတယ်။ အခုဟာက အဲဒီလိုမဟုတ်ပါ။ အောက်သွားမစုံတဲ့ နွားမဒန်းက မြက်ရင့်ကို စားချင်တာဖြစ်ပါတယ်။ ဒါကလည်း နည်းနည်းတော့ ရိုင်းရာကျပေမယ့် နွားအို မြက်နုကြိုက်-ဆိုတဲ့ စကားပုံကို ပြောင်းပြန်
ပြင်လိုက်ရုံ သက်သက်ပါ။

နောက်ထပ် သတင်းမီဒီယာ တစ်ခုကလည်း အဖိုးကြီး Jim ရဲ့ အကြောင်းကို ဆက်လက် ဖော်ထုတ်လိုက်ပြန်ပါတယ်။ အဖိုးကြီး Jim ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာက ဇနီးဟောင်း Miller နဲ့ တရားဝင်ကွာရှင်းခဲ့တယ်လို့ သိရပါတယ်။ အခုချိန်မှာတော့ Jim ဟာ ဆယ်ကျော်သက်မလေး Lisa နဲ့အတူ စကော့တလန်နိုင်ငံ East Renfrewshire ပြည်နယ်က Thornliebank မြို့မှာ အတူနေနေပြီလို့ Mail Online သတင်းစာက ဖော်ပြခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : lwin lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top