Property Expo
×

 ျမန္မာႏုိင္ငံသို႔ ျပန္လာ ေနသူမ်ား ႏုိင္ငံေရးမလုပ္ပါဆုိ သည့္ ခံ၀န္လက္မွတ္ေရးထိုးရ ေသာ ယခင္စနစ္ကို ဖ်က္သိမ္း မည္ျဖစ္သကဲ့သို႔ ဗီဇာသတ္မွတ္ ခ်က္မ်ား ေျဖေလွ်ာ့မည္ျဖစ္၍ အမိေျမသို႔ျပန္လာကာ ႏုိင္ငံထူ ေထာင္ေရး ၀ိုင္း၀န္းကူညီၾကရန္ ေဒၚေအာင္ဆန္းစုၾကည္က အေမ ရိကန္ေရာက္ ျမန္မာမ်ားအား စက္တင္ဘာ ၁၇ ရက္တြင္ ဖိတ္ ေခၚလိုက္သည္။

စေနေန႔က နယူးေယာက္ၿမိဳ႕ ရွိ ျမန္မာသံ႐ံုး၌ အေမရိကန္ ေရာက္ ျမန္မာမ်ားႏွင့္ေတြ႕ဆံုစဥ္ ေဒၚေအာင္ဆန္းစုၾကည္က ျမန္မာ ႏုိင္ငံလိုအပ္ေနသည့္အခ်ိန္တြင္ ကူညီၾကရန္ အေမရိကန္ႏွင့္ကေန ဒါေရာက္ ျမန္မာပညာရွင္မ်ား ျပန္လာၾကေရး အသားေပး ေျပာ ၾကားခဲ့သည္။ အဆိုပါေတြ႕ဆံုမႈ ကို VOA သတင္းဌာနက ၎တို႔၏ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမွတစ္ဆင့္ တိုက္႐ိုက္ထုတ္လႊင့္ခဲ့ၿပီး ကမၻာ တစ္၀န္းရွိ ျမန္မာမ်ား ေထာင္ႏွင့္ ခ်ီ၍ ေစာင့္ၾကည့္ခဲ့ၾကသည္။

‘‘အခု ဒီမွာ အေမရိကန္ျပည္ ေထာင္စုမွာ ေရာက္ေနတဲ့ ကၽြန္မတို႔ ျမန္မာႏုိင္ငံအေပၚမွာေစတနာထားတဲ့ပုဂၢိဳလ္ေတြအားလံုး ျမန္မာႏုိင္ငံသားျဖစ္သည္ျဖစ္ေစ၊ မျဖစ္သည္ျဖစ္ေစ ကၽြန္မတို႔ႏုိင္ငံရဲ႕ အခု သိပ္ၿပီးေတာ့ လိုအပ္ေနတဲ့အခ်ိိန္မွာ ၀ိုင္း၀န္းၿပီးေတာ့ ကူညီေစခ်င္တယ္’’ဟု ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားသည္။

‘‘ကူညီႏုိင္တဲ့ နည္းေတြအမ်ိဳးမ်ိဳးရွိပါတယ္။ ကၽြန္မတို႔ အခု ဒီႏိုင္ငံမွာ ဆိုလို႔ရွိရင္ ပညာတတ္ေတြ အမ်ားႀကီးေရာက္ေနတယ္။ အဲဒီေတာ့ တက္ထားတဲ့ ပညာေတြကို ႏုိင္ငံအတြက္ ဘယ္လိုျပန္ၿပီးေတာ့ သံုးႏုိင္မလဲဆိုတာ စဥ္းစားေစခ်င္ပါတယ္။ ကၽြန္မတို႔ အေနနဲ႔လည္း တစ္ဖက္ကေန အစိုးရကေန ႏုိင္ငံ ျပင္ပေရာက္ သြားတဲ့ပုဂၢိဳလ္မ်ား ျပန္ၿပီးေတာ့ ကူညီႏုိင္ေအာင္လုိ႔ အေျခအေန ေတြလည္း ဖန္တီးေပးရမယ္’’ဟု ၎က ေျပာၾကားသည္။

ဗီဇာကန္႔သတ္ခ်က္မ်ားကို ျပန္လည္စိစစ္မည္ျဖစ္ၿပီး နာမည္ ပ်က္စာရင္း၌လည္း ႏိုင္ငံတကာ ရဲတပ္ဖဲြ႕ စာရင္း၀င္သူမ်ားကိုသာ ထားရွိေတာ့မည္ဟု ဆုိသည္။ ဗီဇာသက္တမ္းကိုလည္း လက္ရွိ သတ္မွတ္ခ်က္ ၂၈ ရက္ထက္ ရက္ၾကာၾကာပိုေပးျခင္း၊ Multi- entry ေပးျခင္းမ်ားလည္း ေဆာင္ ရြက္မည္ဟုဆုိသည္။ ႏုိင္ငံသား ျဖစ္မႈႏွင့္ ႏွစ္ႏုိင္ငံသားျဖစ္မႈ အ ေရးကိစၥကို ေလးေလးနက္နက္ စဥ္းစားေဆာင္ရြက္မည္ျဖစ္ၿပီး ျမန္မာႏုိင္ငံသားျဖစ္ေစ၊ အျခား ႏိုင္ငံသား ခံယူထားသူ ျဖစ္ေစ ျမန္မာႏုိင္ငံက ေပါက္ဖြားလာသူ မ်ားအျဖစ္ အားလံုးကို ဆက္ဆံ ရန္ သံ႐ံုးမ်ားအား မွာၾကားထား သည္ဟု ေျပာသည္။

‘‘ကၽြန္မကို တစ္ေယာက္ႏွစ္ ေယာက္က ေျပာတယ္။ လက္ မွတ္ထိုးခုိုင္းတယ္ဆုိ၊ ႏုိင္ငံေရးမ လုပ္ပါဘူးဆုိတာ၊ ဒီကိစၥေတာ့ ကၽြန္မတို႔ ရပ္ရလိမ့္မယ္။ ဘာျဖစ္ လို႔လဲဆုိေတာ့ ကၽြန္မတို႔ ကိုယ္ တုိင္က ႏုိင္ငံေရးလုပ္ေနၿပီးေတာ့ ကၽြန္မတို႔ဆီကုိ ႏုိင္ငံေရးလုပ္သူ မလာရဘူူးဆိုရင္ေတာ့ သိပ္ေတာ့ မဟုတ္ဘူး။ အဲဒါလည္း ကၽြန္မနား မလည္ဘူး။ အရင္တုန္းကလည္း အစိုးရအဖဲြ႕၀င္ေတြက ႏုိင္ငံေရး လုပ္လို႔ အစိုးရအဖဲြ႕၀င္ျဖစ္ေနတာ ေပါ့။ အဲဒီေတာ့ တျခားလူေတြက် ေတာ့ ႏုိင္ငံေရး မလုပ္ရဘူးဆို ေတာ့ ဒါက သိပ္ၿပီးေတာ့ ေရွ႕ ေနာက္မညီဘူးလို႔ ျမင္တယ္။ အဲ ဒါေတာ့ ကြၽန္မတို႔ အျမန္ဆံုး ေျပာင္းလဲလိုက္ရပါ လိမ့္မယ္’’ဟု ေဒၚေအာင္ဆန္းစုၾကည္က ေျပာ ၾကားသည္။

ကေနဒါေရာက္ ျမန္မာသိပၸံ ႏွင့္ ႐ူပေဗဒပညာရွင္မ်ားကလည္း ျမန္မာႏိုင္ငံ၏စြမ္းအင္ႏွင့္ လွ်ပ္စစ္လိုအပ္ခ်က္ကို ေျဖရွင္းရန္ ႏ်ဴကလီးယားလွ်ပ္စစ္ထုတ္ရန္၊ ၂ ႏွစ္လုပ္ခြင့္ေပးရန္ႏွင့္ ျပည္ပေရာက္သိပၸံပညာရွင္မ်ားအား ျပန္လည္ဖိတ္ေခၚတာဝန္ေပးခဲ့၍ ယေန႔ျမင္ရသည့္ အေနအထားအထိ တိုး တက္ခဲ့ေသာ ေတာင္ကိုရီးယား ဥပမာကို တင္ျပခဲ့ၾကသည္။ ယင္း အေပၚ ေဒၚေအာင္ဆန္းစုၾကည္ က ျပန္လည္ေဆြးေႏြးရာတြင္‘‘ကြၽန္မတို႔ Energy Policy ေအာက္မွာ Nuclear Energy ကို ဘယ္လိုက႑နဲ႔ သတ္မွတ္မလဲ၊ ဘယ္ေလာက္အထိ ကြၽန္မတို႔ဟာ နံပါတ္(၁) ႏိုင္ငံေရးအရ၊ နံပါတ္ (၂) ကြၽန္မတို႔ရဲ႕ကြၽမ္းက်င္မႈအရ၊ နံပါတ္(၃)ကေတာ့ ကြၽန္မတို႔ရဲ႕ ေငြေရးေၾကးေရးတတ္ႏုိင္မႈအင္ အားအရ ကြၽန္မတို႔ စြမ္းေဆာင္ႏိုင္ မလဲဆိုတာကိုေတာ့ သံုးသပ္ရမွာ ေပါ့။ ဒါေပမဲ့ဒီလိုေစတနာနဲ႔အႀကံ ျပဳတာကို ကြၽန္မတို႔ ေက်းဇူးတင္ ပါတယ္။ ကြၽန္မတို႔စြမ္းအင္ဝန္ ႀကီးဌာနကလည္း ဒါကို ေလးေလးနက္နက္ စဥ္းစားမွာပါ။ ကြၽန္မတို႔ က စြမ္းအင္နဲ႔ပတ္သက္ရင္ အမ်ိဳးမ်ိဳး စဥ္းစားရတယ္ေလ။ တစ္မ်ိဳး တည္းနဲ႔ပဲ အားကိုးေနလို႔ မျဖစ္ ဘူး။ အမ်ိဳးမ်ိဳး အားကိုးၿပီးေတာ့ ကြၽန္မတို႔လိုအပ္ေနတဲ့ စြမ္းအင္ ေတြကို အျမန္ဆံုး ျဖည့္ဆည္းေပး ဖို႔ ကြၽန္မတို႔က ႀကိဳးစားရမွာပဲ’’ဟု ေျဖၾကားခဲ့သည္။

အေမရိကန္ ျပည္ေထာင္စု တြင္ ျမန္မာႏိုင္ငံမွ ထြက္ခြာခဲ့ၾက ေသာ အဆင့္ျမင့္ပညာရွင္ ဆရာ ဝန္အမ်ားအျပားရွိေနေၾကာင္း၊ ထိုဆရာဝန္မ်ား၏ လုပ္အားကို ျမန္မာႏိုင္ငံအတြက္ လိုခ်င္ေၾကာင္းလည္း ေတာင္းဆိုခဲ့သည္။ ႏိုင္ငံ ျခားေရာက္ဆရာဝန္မ်ားက ျမန္ မာႏိုင္ငံတြင္ ျပန္လည္ေပးႏုိင္ သည့္ လုပ္အားႏွင့္ ျမန္မာႏိုင္ငံက လုိအပ္သည့္လုပ္အားကို ညႇိႏိႈင္း ယူမည့္ အစီအစဥ္တစ္ခုျပဳလုပ္ရန္လည္း ေဆြးေႏြးထားသည္ဟု ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ကဆိုသည္။ အဆင့္ျမင့္ ေဆးပညာ မ်ားတတ္ကြၽမ္းေသာ ဆရာဝန္ မ်ားအေနျဖင့္ တစ္လျဖစ္ေစ၊ သံုး လျဖစ္ေစ စသျဖင့္ လုပ္အားေပး ႏိုင္မည့္ အခ်ိန္ကာလအတြင္း ေတာနယ္မ်ား၌ လုပ္အားေပးျခင္း ျဖင့္ ေဒသကို ကူညီရာေရာက္သ ကဲ့သို႔ ထိုေဒသတြင္ တာဝန္ထမ္း ေဆာင္ေနေသာ ဆရာဝန္မ်ားအ တြက္ ပညာလက္ဆင့္ကမ္းရာ ေရာက္မည္ဟုလည္း  အႀကံျပဳ သည္။  ျမန္မာႏိုင္ငံ၏ ေဆးတကၠ သိုလ္အားလံုးကို ႏိုင္ငံတကာ စံ ခ်ိန္ႏွင့္ ကိုက္ညီ၍ ႏုိင္ငံတကာအ သိအမွတ္ျပဳေသာ တကၠသိုလ္မ်ား အျဖစ္ ျပဳျပင္ေျပာင္းလဲရန္၊ ေဆး ဝါးအတုမ်ား ဝင္ေရာက္ေနျခင္းကို ကာကြယ္ေရးအတြက္ ႏုိင္ငံ တကာ တရားဝင္အသိအမွတ္ျပဳ ေဆးကုမၸဏီမ်ားမွတစ္ဆင့္ တိုက္ ႐ိုက္တင္သြင္းရန္ စသည္တို႔အပါ အဝင္ အခ်က္မ်ားကိုလည္း ျမန္ မာ- အေမရိကန္ ေဆးပညာအသင္းက ေဒၚေအာင္ဆန္းစု ၾကည္အား အႀကံျပဳခဲ့သည္။

 အေမရိကန္ႏွင့္ ကေနဒါ ေရာက္ ျမန္မာမ်ားႏွင့္ေတြ႕ဆံုရာ တြင္ အစိုးရအေနျဖင့္ ပညာေရး က႑ ျမႇင့္တင္ေရး၊ လူထုက်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား က႑ျမႇင့္တင္ေရးတို႔ကို ဦးစား ေပးေဆာင္ရြက္ေနမႈ၊ ၿငိမ္းခ်မ္း ေရးႏွင့္ အမ်ိဳးသားရင္ၾကားေစ့ေရး အတြက္ ေဆာင္ရြက္ေနမႈမ်ားကို ေဒၚေအာင္ဆန္းစုၾကည္က ရွင္း လင္းေျပာၾကားၿပီး အမိႏိုင္ငံအ တြက္ ဝိုင္းဝန္းကူညီၾကရန္ ထပ္ တလဲလဲ ဖိတ္ေခၚခဲ့သည္။

ဒီခ်ဳပ္အစိုးရ တက္ခ်ိန္က စ၍ ႏိုင္ငံျခားေရး ဝန္ႀကီးဌာန သည္ ယခင္အစိုးရအဆက္ဆက္ ႏုိင္ငံေရး လႈပ္ရွားမႈမ်ားေၾကာင့္ ျပည္ပေရာက္သြားၿပီး ျပည္တြင္း သို႔ ျပန္လာခြင့္ ပိတ္ပင္ခံထားရ ေသာ ျမန္မာႏိုင္ငံသားေဟာင္း မ်ား ျပန္လာႏိုင္ရန္ ရက္ ၁၀၀ အတြင္း ေဆာင္ရြက္မည္ဟု ေၾက ညာခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 မြန်မာနိုင်ငံသို့ ပြန်လာ နေသူများ နိုင်ငံရေးမလုပ်ပါဆို သည့် ခံဝန်လက်မှတ်ရေးထိုးရ သော ယခင်စနစ်ကို ဖျက်သိမ်း မည်ဖြစ်သကဲ့သို့ ဗီဇာသတ်မှတ် ချက်များ ဖြေလျှော့မည်ဖြစ်၍ အမိမြေသို့ပြန်လာကာ နိုင်ငံထူ ထောင်ရေး ဝိုင်းဝန်းကူညီကြရန် ဒေါ်အောင်ဆန်းစုကြည်က အမေ ရိကန်ရောက် မြန်မာများအား စက်တင်ဘာ ၁၇ ရက်တွင် ဖိတ် ခေါ်လိုက်သည်။

စနေနေ့က နယူးယောက်မြို့ ရှိ မြန်မာသံရုံး၌ အမေရိကန် ရောက် မြန်မာများနှင့်တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ နိုင်ငံလိုအပ်နေသည့်အချိန်တွင် ကူညီကြရန် အမေရိကန်နှင့်ကနေ ဒါရောက် မြန်မာပညာရှင်များ ပြန်လာကြရေး အသားပေး ပြော ကြားခဲ့သည်။ အဆိုပါတွေ့ဆုံမှု ကို VOA သတင်းဌာနက ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး ကမ္ဘာ တစ်ဝန်းရှိ မြန်မာများ ထောင်နှင့် ချီ၍ စောင့်ကြည့်ခဲ့ကြသည်။

‘‘အခု ဒီမှာ အမေရိကန်ပြည် ထောင်စုမှာ ရောက်နေတဲ့ ကျွန်မတို့ မြန်မာနိုင်ငံအပေါ်မှာစေတနာထားတဲ့ပုဂ္ဂိုလ်တွေအားလုံး မြန်မာနိုင်ငံသားဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ကျွန်မတို့နိုင်ငံရဲ့ အခု သိပ်ပြီးတော့ လိုအပ်နေတဲ့အချိန်မှာ ဝိုင်းဝန်းပြီးတော့ ကူညီစေချင်တယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

‘‘ကူညီနိုင်တဲ့ နည်းတွေအမျိုးမျိုးရှိပါတယ်။ ကျွန်မတို့ အခု ဒီနိုင်ငံမှာ ဆိုလို့ရှိရင် ပညာတတ်တွေ အများကြီးရောက်နေတယ်။ အဲဒီတော့ တက်ထားတဲ့ ပညာတွေကို နိုင်ငံအတွက် ဘယ်လိုပြန်ပြီးတော့ သုံးနိုင်မလဲဆိုတာ စဉ်းစားစေချင်ပါတယ်။ ကျွန်မတို့ အနေနဲ့လည်း တစ်ဖက်ကနေ အစိုးရကနေ နိုင်ငံ ပြင်ပရောက် သွားတဲ့ပုဂ္ဂိုလ်များ ပြန်ပြီးတော့ ကူညီနိုင်အောင်လို့ အခြေအနေ တွေလည်း ဖန်တီးပေးရမယ်’’ဟု ၎င်းက ပြောကြားသည်။

ဗီဇာကန့်သတ်ချက်များကို ပြန်လည်စိစစ်မည်ဖြစ်ပြီး နာမည် ပျက်စာရင်း၌လည်း နိုင်ငံတကာ ရဲတပ်ဖွဲ့ စာရင်းဝင်သူများကိုသာ ထားရှိတော့မည်ဟု ဆိုသည်။ ဗီဇာသက်တမ်းကိုလည်း လက်ရှိ သတ်မှတ်ချက် ၂၈ ရက်ထက် ရက်ကြာကြာပိုပေးခြင်း၊ Multi- entry ပေးခြင်းများလည်း ဆောင် ရွက်မည်ဟုဆိုသည်။ နိုင်ငံသား ဖြစ်မှုနှင့် နှစ်နိုင်ငံသားဖြစ်မှု အ ရေးကိစ္စကို လေးလေးနက်နက် စဉ်းစားဆောင်ရွက်မည်ဖြစ်ပြီး မြန်မာနိုင်ငံသားဖြစ်စေ၊ အခြား နိုင်ငံသား ခံယူထားသူ ဖြစ်စေ မြန်မာနိုင်ငံက ပေါက်ဖွားလာသူ များအဖြစ် အားလုံးကို ဆက်ဆံ ရန် သံရုံးများအား မှာကြားထား သည်ဟု ပြောသည်။

‘‘ကျွန်မကို တစ်ယောက်နှစ် ယောက်က ပြောတယ်။ လက် မှတ်ထိုးခိုင်းတယ်ဆို၊ နိုင်ငံရေးမ လုပ်ပါဘူးဆိုတာ၊ ဒီကိစ္စတော့ ကျွန်မတို့ ရပ်ရလိမ့်မယ်။ ဘာဖြစ် လို့လဲဆိုတော့ ကျွန်မတို့ ကိုယ် တိုင်က နိုင်ငံရေးလုပ်နေပြီးတော့ ကျွန်မတို့ဆီကို နိုင်ငံရေးလုပ်သူ မလာရဘူူးဆိုရင်တော့ သိပ်တော့ မဟုတ်ဘူး။ အဲဒါလည်း ကျွန်မနား မလည်ဘူး။ အရင်တုန်းကလည်း အစိုးရအဖွဲ့ဝင်တွေက နိုင်ငံရေး လုပ်လို့ အစိုးရအဖွဲ့ဝင်ဖြစ်နေတာ ပေါ့။ အဲဒီတော့ တခြားလူတွေကျ တော့ နိုင်ငံရေး မလုပ်ရဘူးဆို တော့ ဒါက သိပ်ပြီးတော့ ရှေ့ နောက်မညီဘူးလို့ မြင်တယ်။ အဲ ဒါတော့ ကျွန်မတို့ အမြန်ဆုံး ပြောင်းလဲလိုက်ရပါ လိမ့်မယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။

ကနေဒါရောက် မြန်မာသိပ္ပံ နှင့် ရူပဗေဒပညာရှင်များကလည်း မြန်မာနိုင်ငံ၏စွမ်းအင်နှင့် လျှပ်စစ်လိုအပ်ချက်ကို ဖြေရှင်းရန် နျူကလီးယားလျှပ်စစ်ထုတ်ရန်၊ ၂ နှစ်လုပ်ခွင့်ပေးရန်နှင့် ပြည်ပရောက်သိပ္ပံပညာရှင်များအား ပြန်လည်ဖိတ်ခေါ်တာဝန်ပေးခဲ့၍ ယနေ့မြင်ရသည့် အနေအထားအထိ တိုး တက်ခဲ့သော တောင်ကိုရီးယား ဥပမာကို တင်ပြခဲ့ကြသည်။ ယင်း အပေါ် ဒေါ်အောင်ဆန်းစုကြည် က ပြန်လည်ဆွေးနွေးရာတွင်‘‘ကျွန်မတို့ Energy Policy အောက်မှာ Nuclear Energy ကို ဘယ်လိုကဏ္ဍနဲ့ သတ်မှတ်မလဲ၊ ဘယ်လောက်အထိ ကျွန်မတို့ဟာ နံပါတ်(၁) နိုင်ငံရေးအရ၊ နံပါတ် (၂) ကျွန်မတို့ရဲ့ကျွမ်းကျင်မှုအရ၊ နံပါတ်(၃)ကတော့ ကျွန်မတို့ရဲ့ ငွေရေးကြေးရေးတတ်နိုင်မှုအင် အားအရ ကျွန်မတို့ စွမ်းဆောင်နိုင် မလဲဆိုတာကိုတော့ သုံးသပ်ရမှာ ပေါ့။ ဒါပေမဲ့ဒီလိုစေတနာနဲ့အကြံ ပြုတာကို ကျွန်မတို့ ကျေးဇူးတင် ပါတယ်။ ကျွန်မတို့စွမ်းအင်ဝန် ကြီးဌာနကလည်း ဒါကို လေးလေးနက်နက် စဉ်းစားမှာပါ။ ကျွန်မတို့ က စွမ်းအင်နဲ့ပတ်သက်ရင် အမျိုးမျိုး စဉ်းစားရတယ်လေ။ တစ်မျိုး တည်းနဲ့ပဲ အားကိုးနေလို့ မဖြစ် ဘူး။ အမျိုးမျိုး အားကိုးပြီးတော့ ကျွန်မတို့လိုအပ်နေတဲ့ စွမ်းအင် တွေကို အမြန်ဆုံး ဖြည့်ဆည်းပေး ဖို့ ကျွန်မတို့က ကြိုးစားရမှာပဲ’’ဟု ဖြေကြားခဲ့သည်။

အမေရိကန် ပြည်ထောင်စု တွင် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ကြ သော အဆင့်မြင့်ပညာရှင် ဆရာ ဝန်အများအပြားရှိနေကြောင်း၊ ထိုဆရာဝန်များ၏ လုပ်အားကို မြန်မာနိုင်ငံအတွက် လိုချင်ကြောင်းလည်း တောင်းဆိုခဲ့သည်။ နိုင်ငံ ခြားရောက်ဆရာဝန်များက မြန် မာနိုင်ငံတွင် ပြန်လည်ပေးနိုင် သည့် လုပ်အားနှင့် မြန်မာနိုင်ငံက လိုအပ်သည့်လုပ်အားကို ညှိနှိုင်း ယူမည့် အစီအစဉ်တစ်ခုပြုလုပ်ရန်လည်း ဆွေးနွေးထားသည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကဆိုသည်။ အဆင့်မြင့် ဆေးပညာ များတတ်ကျွမ်းသော ဆရာဝန် များအနေဖြင့် တစ်လဖြစ်စေ၊ သုံး လဖြစ်စေ စသဖြင့် လုပ်အားပေး နိုင်မည့် အချိန်ကာလအတွင်း တောနယ်များ၌ လုပ်အားပေးခြင်း ဖြင့် ဒေသကို ကူညီရာရောက်သ ကဲ့သို့ ထိုဒေသတွင် တာဝန်ထမ်း ဆောင်နေသော ဆရာဝန်များအ တွက် ပညာလက်ဆင့်ကမ်းရာ ရောက်မည်ဟုလည်း  အကြံပြု သည်။  မြန်မာနိုင်ငံ၏ ဆေးတက္က သိုလ်အားလုံးကို နိုင်ငံတကာ စံ ချိန်နှင့် ကိုက်ညီ၍ နိုင်ငံတကာအ သိအမှတ်ပြုသော တက္ကသိုလ်များ အဖြစ် ပြုပြင်ပြောင်းလဲရန်၊ ဆေး ဝါးအတုများ ဝင်ရောက်နေခြင်းကို ကာကွယ်ရေးအတွက် နိုင်ငံ တကာ တရားဝင်အသိအမှတ်ပြု ဆေးကုမ္ပဏီများမှတစ်ဆင့် တိုက် ရိုက်တင်သွင်းရန် စသည်တို့အပါ အဝင် အချက်များကိုလည်း မြန် မာ- အမေရိကန် ဆေးပညာအသင်းက ဒေါ်အောင်ဆန်းစု ကြည်အား အကြံပြုခဲ့သည်။

 အမေရိကန်နှင့် ကနေဒါ ရောက် မြန်မာများနှင့်တွေ့ဆုံရာ တွင် အစိုးရအနေဖြင့် ပညာရေး ကဏ္ဍ မြှင့်တင်ရေး၊ လူထုကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ကဏ္ဍမြှင့်တင်ရေးတို့ကို ဦးစား ပေးဆောင်ရွက်နေမှု၊ ငြိမ်းချမ်း ရေးနှင့် အမျိုးသားရင်ကြားစေ့ရေး အတွက် ဆောင်ရွက်နေမှုများကို ဒေါ်အောင်ဆန်းစုကြည်က ရှင်း လင်းပြောကြားပြီး အမိနိုင်ငံအ တွက် ဝိုင်းဝန်းကူညီကြရန် ထပ် တလဲလဲ ဖိတ်ခေါ်ခဲ့သည်။

ဒီချုပ်အစိုးရ တက်ချိန်က စ၍ နိုင်ငံခြားရေး ဝန်ကြီးဌာန သည် ယခင်အစိုးရအဆက်ဆက် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ပြည်ပရောက်သွားပြီး ပြည်တွင်း သို့ ပြန်လာခွင့် ပိတ်ပင်ခံထားရ သော မြန်မာနိုင်ငံသားဟောင်း များ ပြန်လာနိုင်ရန် ရက် ၁၀၀ အတွင်း ဆောင်ရွက်မည်ဟု ကြေ ညာခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top