Property Expo
×

အမ်ိဳးသမီးေတြဟာ မ်ားေသာအားျဖင့္ အိမ္ကမထြက္ခင္ မွန္ေရွ႔မွာ နာရီေပါင္းမ်ားစြာ ကုန္ဆံုးေလ့ရွိၾကတယ္လို႕ ဆိုတတ္ၾကပါတယ္၊ ဒါေပမယ့္ ေလ့လာေတြ႔ရွိခ်က္အသစ္အရ အမ်ိဳးသားေတြက အမ်ိဳးသမီးေတြထက္ ပိုလို႕ေတာင္ မွန္ၾကည့္တတ္ၾကပါတယ္တဲ့။

အရြယ္ေရာက္ျပီးသား အမ်ိဳးသားအေယာက္ ၁၀၀၀ကို ျဗိတိန္မွာ စစ္တမ္း ေကာက္ၾကည့္လိုက္ေတာ့ အမ်ိဳးသားေတြဟာ ပ်မ္းမ်ွအားျဖင့္ တစ္ေန႕ကို ၂၃ႀကိမ္ မွန္ၾကည့္တတ္ၾကျပီး အမ်ိဳးသမီးေတြကေတာ့ ၁၆ႀကိမ္ေလာက္ သူတို႕ကိုယ္သူတုိ႕ မွန္ေရွ႔မွာ သံုးသပ္ေလ့ ရွိပါတယ္။

အမ်ိဳးသမီးေတြဟာ မွန္ေရွ႔မွာ ဟိုၾကည့္ဒီၾကည့္နဲ႕ ဘာမွ အထူးတလည္ မဟုတ္ပဲ မ်က္ခံုးေလးပင့္လိုက္၊ ဆံပင္ေလးသပ္လိုက္ ဟိုေတြး ဒီေတြးလုပ္ေနၾကခ်ိန္ အမ်ိဳးသားေတြကေတာ့ သူတုိ႕ခႏၶာကိုယ္ကို သူတုိ႕ျပန္ၾကည့္ျပီး အေတြးနယ္ခ်ဲ႕ေလ့ရွိပါတယ္တဲ့။ ဒါ့အျပင္ သူတုိ႕ခႏၶာကိုယ္ေတြမွာ သူတုိ႕အႀကိဳက္ဆံုးအစိတ္အပိုင္းေတြက ဘာျဖစ္တယ္ဆုိတာ အျမဲစဥ္းစားေလ့ရွိၾကပါတယ္။ အဲ့ဒီအထဲကမွ ၇၆ရာခိုင္ႏႈန္းေသာ အမ်ိဳးသားေတြဟာ သူတုိ႕လက္ေမာင္းကို မွန္ေရွ႔ၾကည့္ေလ့ရွိျပီး၊ ေျခေထာက္ကို ၾကည့္ရႈသူ ၅၄ရာခုိင္ႏႈန္း၊ သူတုိ႕အျပံဳးကို သူတုိ႕ျပန္ၾကည့္သေဘာက်တ့ဲသူ ၄၉ရာခုိင္ႏႈန္းနဲ႕ မ်က္လံုးကို ၄၃ရာခုိင္ႏႈန္း၊ ဆံပင္ ၃၈ရာခုိင္ႏႈန္း ၾကည့္ရႈၾကတယ္လို႕ ေတြ႔ရွိခ်က္အရ သိရပါတယ္။

အမ်ိဳးသားေတြထဲက ၈၂ရာခုိင္ႏႈန္းေသာ အမ်ိဳးသားေတြဟာ သူတုိ႕ရဲ႕သြင္ျပင္ေတြကို ထိန္းသိမ္းျပင္ဆင္ေနျခင္းဟာ အေရးႀကီးတဲ့ အခ်က္ျဖစ္တယ္ဆုိတာ သေဘာတူထားၾကျပီး ၆၇ရာခုိင္ႏႈန္းကေတာ့ သူတုိ႕ရဲ႕ အသားအရည္ ထိန္းသိမ္းပစၥည္းေတြအေၾကာင္း ထုတ္ေဖာ္ေျပာဆုိထားၾကပါတယ္။ ဒါ့အျပင္ ၃၄ရာခိုင္ႏႈန္းေသာ အမ်ိဳးသားေတြက သူတုိ႕ဟာ အရင္တုန္းက မိန္းကေလး သူငယ္ခ်င္း၊ ေမာင္ႏွမေတြရဲ႕ အမ်ိဳးသမီးသံုး အလွကုန္ေတြကို သံုးဖူးခဲ့ၾကေၾကာင္းလည္း ၀န္ခံထားၾကပါတယ္။ ၉ရာခုိင္ႏႈန္းေသာ အမ်ိဳးသားေတြကေတာ့ အမ်ိဳးသမီးအလွကုန္ပစၥည္းေတြကိုသာ အၿမဲသံုးျဖစ္ေနတယ္လို႕ ဆုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

အမျိုးသမီးတွေဟာ များသောအားဖြင့် အိမ်ကမထွက်ခင် မှန်ရှေ့မှာ နာရီပေါင်းများစွာ ကုန်ဆုံးလေ့ရှိကြတယ်လို့ ဆိုတတ်ကြပါတယ်၊ ဒါပေမယ့် လေ့လာတွေ့ရှိချက်အသစ်အရ အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုလို့တောင် မှန်ကြည့်တတ်ကြပါတယ်တဲ့။

အရွယ်ရောက်ပြီးသား အမျိုးသားအယောက် ၁၀၀၀ကို ဗြိတိန်မှာ စစ်တမ်း ကောက်ကြည့်လိုက်တော့ အမျိုးသားတွေဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို ၂၃ကြိမ် မှန်ကြည့်တတ်ကြပြီး အမျိုးသမီးတွေကတော့ ၁၆ကြိမ်လောက် သူတို့ကိုယ်သူတို့ မှန်ရှေ့မှာ သုံးသပ်လေ့ ရှိပါတယ်။

အမျိုးသမီးတွေဟာ မှန်ရှေ့မှာ ဟိုကြည့်ဒီကြည့်နဲ့ ဘာမှ အထူးတလည် မဟုတ်ပဲ မျက်ခုံးလေးပင့်လိုက်၊ ဆံပင်လေးသပ်လိုက် ဟိုတွေး ဒီတွေးလုပ်နေကြချိန် အမျိုးသားတွေကတော့ သူတို့ခန္ဓာကိုယ်ကို သူတို့ပြန်ကြည့်ပြီး အတွေးနယ်ချဲ့လေ့ရှိပါတယ်တဲ့။ ဒါ့အပြင် သူတို့ခန္ဓာကိုယ်တွေမှာ သူတို့အကြိုက်ဆုံးအစိတ်အပိုင်းတွေက ဘာဖြစ်တယ်ဆိုတာ အမြဲစဉ်းစားလေ့ရှိကြပါတယ်။ အဲ့ဒီအထဲကမှ ၇၆ရာခိုင်နှုန်းသော အမျိုးသားတွေဟာ သူတို့လက်မောင်းကို မှန်ရှေ့ကြည့်လေ့ရှိပြီး၊ ခြေထောက်ကို ကြည့်ရှုသူ ၅၄ရာခိုင်နှုန်း၊ သူတို့အပြုံးကို သူတို့ပြန်ကြည့်သဘောကျတဲ့သူ ၄၉ရာခိုင်နှုန်းနဲ့ မျက်လုံးကို ၄၃ရာခိုင်နှုန်း၊ ဆံပင် ၃၈ရာခိုင်နှုန်း ကြည့်ရှုကြတယ်လို့ တွေ့ရှိချက်အရ သိရပါတယ်။

အမျိုးသားတွေထဲက ၈၂ရာခိုင်နှုန်းသော အမျိုးသားတွေဟာ သူတို့ရဲ့သွင်ပြင်တွေကို ထိန်းသိမ်းပြင်ဆင်နေခြင်းဟာ အရေးကြီးတဲ့ အချက်ဖြစ်တယ်ဆိုတာ သဘောတူထားကြပြီး ၆၇ရာခိုင်နှုန်းကတော့ သူတို့ရဲ့ အသားအရည် ထိန်းသိမ်းပစ္စည်းတွေအကြောင်း ထုတ်ဖော်ပြောဆိုထားကြပါတယ်။ ဒါ့အပြင် ၃၄ရာခိုင်နှုန်းသော အမျိုးသားတွေက သူတို့ဟာ အရင်တုန်းက မိန်းကလေး သူငယ်ချင်း၊ မောင်နှမတွေရဲ့ အမျိုးသမီးသုံး အလှကုန်တွေကို သုံးဖူးခဲ့ကြကြောင်းလည်း ဝန်ခံထားကြပါတယ်။ ၉ရာခိုင်နှုန်းသော အမျိုးသားတွေကတော့ အမျိုးသမီးအလှကုန်ပစ္စည်းတွေကိုသာ အမြဲသုံးဖြစ်နေတယ်လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top