Kantharyar Centre
×

ထိုင္းႏိုင္ငံမွ အမ်ိဳးသားတဦးဟာ ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ ဇနီးျဖစ္သူဟာ တျခားေသာ အမ်ိဳးသားေတြနဲ႔ ပတ္သက္စကားေျပာဆုိေနတယ္ဆိုတဲ့ သံသယေၾကာင့္ ေသနတ္နဲ႔ပစ္သတ္ခဲ့ၿပီး သူ႔ကိုယ္သူ အဆံုးစီရင္သြားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။
အခင္းျဖစ္တဲ့ေနရာဆီ ရဲေတြေရာက္ရွိသြားခဲ့ခ်ိန္မွာ ဇနီးျဖစ္သူဟာ ေသဆံုးႏွင့္ခဲ့ၿပီး ျဖစ္ေပမယ့္ သူကေတာ့ ဦးေခါင္းကို ထိမွန္ထားတဲ့ ေသနတ္ဒဏ္ရာနဲ႔အတူ အသက္မေသေသးဘဲ ရွိေနခဲ့လို႔ ေဆး႐ုံကို ပို႔ေဆာင္ထားခဲ့ရတာပါ။

ဒီအျဖစ္အပ်က္ဟာ စက္တင္ဘာ ၂၇ ရက္ေန႔က နာခြန္ဆီရိ သမ္မရက္တ္ခ႐ုိင္ထဲမွာ ျဖစ္ခဲ့တာလို႔ ထိုင္းအေျခစိုက္ ေဒးလီးနယူးစ္သတင္းမွာ ေဖာ္ျပပါတယ္။

အသက္ ၃၅ ႏွစ္အရြယ္ ပြန္ခ်ိဳင္အမည္ရတဲ့ အဆိုပါအမ်ိဳးသားဟာ အသက္ ၃၃ ႏွစ္အရြယ္ ဇနီးျဖစ္သူ ပီရာပြန္ သန္မမ္မီကာခြန္နဲ႔ စကားမ်ားခဲ့ၾကတာျဖစ္ၿပီး 11mm အမ်ိဳးအစား ေသနတ္နဲ႔ ပစ္ခဲ့ကာ ဖုန္းကိုလည္း ပစ္ခဲ့တာပါ။

ရဲေတြေရာက္ရွိခ်ိန္မွာေတာ့ ဇနီးျဖစ္သူရဲ႕ ရင္ဘတ္မွာ ေသနတ္ဒဏ္ရာတခ်က္နဲ႔အတူ ဧည့္ခန္း တီဗြီထားတဲ့စင္အနီးမွာ ေသဆံုးေနခဲ့တာကို ေတြ႔ရတယ္လို႔ ဆိုပါတယ္။

တတိယေျမာက္က်ည္ဆန္ကို သူ႔ရဲ႕ဦးေခါင္းကိုခ်ိန္ၿပီး ပစ္ခဲ့ေပမယ့္ မေသခဲ့ဘဲ ဒဏ္ရာေတြ ရရွိခဲ့တဲ့အတြက္ ေဆး႐ုံပို႔ေဆာင္ထားခဲ့ရတာပါ။

ပြန္ခ်ိဳင္ဟာ ေဒသတြင္းမွာ ထင္ရွားတဲ့ ေဆာက္လုပ္ေရးကန္ထ႐ုိက္တာတဦးျဖစ္ၿပီး ဇနီးျဖစ္သူကေတာ့ ေဒသတြင္းေစ်းတခုမွာ အထည္ေရာင္းခ်သူျဖစ္တယ္လို႔ ဆိုပါတယ္။

နာခြန္ဆီရိ သမ္မရက္တ္ခ႐ုိင္ဟာ ထိုင္းႏိုင္ငံမွာ ေနထိုင္တဲ့ လူဦးေရအခ်ိဳးအစားအရ လူသတ္လူေသမႈ အျမင့္မားဆံုးႏႈန္းရွိတဲ့ ခ႐ုိင္တခုျဖစ္တယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
ထိုင်းနိုင်ငံမှ အမျိုးသားတဦးဟာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဇနီးဖြစ်သူဟာ တခြားသော အမျိုးသားတွေနဲ့ ပတ်သက်စကားပြောဆိုနေတယ်ဆိုတဲ့ သံသယကြောင့် သေနတ်နဲ့ပစ်သတ်ခဲ့ပြီး သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
အခင်းဖြစ်တဲ့နေရာဆီ ရဲတွေရောက်ရှိသွားခဲ့ချိန်မှာ ဇနီးဖြစ်သူဟာ သေဆုံးနှင့်ခဲ့ပြီး ဖြစ်ပေမယ့် သူကတော့ ဦးခေါင်းကို ထိမှန်ထားတဲ့ သေနတ်ဒဏ်ရာနဲ့အတူ အသက်မသေသေးဘဲ ရှိနေခဲ့လို့ ဆေးရုံကို ပို့ဆောင်ထားခဲ့ရတာပါ။

ဒီအဖြစ်အပျက်ဟာ စက်တင်ဘာ ၂၇ ရက်နေ့က နာခွန်ဆီရိ သမ်မရက်တ်ခရိုင်ထဲမှာ ဖြစ်ခဲ့တာလို့ ထိုင်းအခြေစိုက် ဒေးလီးနယူးစ်သတင်းမှာ ဖော်ပြပါတယ်။

အသက် ၃၅ နှစ်အရွယ် ပွန်ချိုင်အမည်ရတဲ့ အဆိုပါအမျိုးသားဟာ အသက် ၃၃ နှစ်အရွယ် ဇနီးဖြစ်သူ ပီရာပွန် သန်မမ်မီကာခွန်နဲ့ စကားများခဲ့ကြတာဖြစ်ပြီး 11mm အမျိုးအစား သေနတ်နဲ့ ပစ်ခဲ့ကာ ဖုန်းကိုလည်း ပစ်ခဲ့တာပါ။

ရဲတွေရောက်ရှိချိန်မှာတော့ ဇနီးဖြစ်သူရဲ့ ရင်ဘတ်မှာ သေနတ်ဒဏ်ရာတချက်နဲ့အတူ ဧည့်ခန်း တီဗွီထားတဲ့စင်အနီးမှာ သေဆုံးနေခဲ့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။

တတိယမြောက်ကျည်ဆန်ကို သူ့ရဲ့ဦးခေါင်းကိုချိန်ပြီး ပစ်ခဲ့ပေမယ့် မသေခဲ့ဘဲ ဒဏ်ရာတွေ ရရှိခဲ့တဲ့အတွက် ဆေးရုံပို့ဆောင်ထားခဲ့ရတာပါ။

ပွန်ချိုင်ဟာ ဒေသတွင်းမှာ ထင်ရှားတဲ့ ဆောက်လုပ်ရေးကန်ထရိုက်တာတဦးဖြစ်ပြီး ဇနီးဖြစ်သူကတော့ ဒေသတွင်းဈေးတခုမှာ အထည်ရောင်းချသူဖြစ်တယ်လို့ ဆိုပါတယ်။

နာခွန်ဆီရိ သမ်မရက်တ်ခရိုင်ဟာ ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ လူဦးရေအချိုးအစားအရ လူသတ်လူသေမှု အမြင့်မားဆုံးနှုန်းရှိတဲ့ ခရိုင်တခုဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top