Property Expo
×

ကာ့ဒ္မ်ိဳးႏြယ္မ်ား၏ အန္ဂ်လီနာဂ်ိဳလီဟု လူသိမ်ားသည့္ ဆီးရီးယား အေျခစိုက္ ကာ့ဒ္စစ္သမီး အာရွာ ရာမာဇန္ အန္တာသည္ အုိင္အက္စ္ စစ္ေသြးႂကြမ်ားကို တုိက္ခိုက္ေနသည့္ စစ္ပြဲတြင္ က်ဆံုးသြားေၾကာင္း သတင္းမ်ား ထြက္ေပၚလာခဲ့သည္။


Daily Mirrorက အန္တာ ေသဆံုးမႈ သတင္းကို စက္တင္ဘာ ၇ ရက္က ေဖာ္ျပခဲ့သည္။ သူမသည္ အိုင္အက္စ္ကို တြန္းလွန္တိုက္ခုိက္ေနသည့္ ဝိုင္ပီဂ်ီ ကာ့ဒ္လက္နက္ကိုင္ တပ္ဖြဲ႕မ်ား၏ အမိ်ဳးသမီးသီးသန္႔ စုစည္းထားသည့္ ယူနစ္ (ဝိုင္ပီေဂ်)မွ အဖြဲ႕ဝင္ တစ္ဦးျဖစ္သည္။

အစြန္းေရာက္ အစၥလာမ္မစ္ ဝါဒီမ်ားျဖစ္သည့္ အိုင္အက္စ္တို႔သည္ အမ်ိဳးသမီးမ်ား၏ လက္ခ်က္ေၾကာင့္ ေသဆံုးရမည္ကို အလြန္စက္ဆုပ္ ေၾကာက္႐ြံ႕ေလ့ ရွိၾကသည္။ ကာ့ဒ္တို႔က အန္တာအပါအဝင္ အမ်ိဳးသမီးမ်ားကို
ျပည္သူ႔စစ္မ်ား အျဖစ္ ေလ့က်င့္ေပးၿပီး အမ်ိဳးသားမ်ားႏွင့္ ရင္ေဘာင္တန္း တိုက္ပြဲဝင္ေစခဲ့ျခင္း ျဖစ္သည္။ အိုင္အက္စ္ကို တိုက္ခုိက္ေနသည့္ အမ်ိဳးသမီး စစ္ဘက္အင္အားစုမ်ားအေၾကာင္း ဝါဒျဖန္႔ ေဖာ္ျပရာတြင္ အသက္ ၂၂ ႏွစ္အရြယ္ မိန္းမေခ်ာေလး အန္တာ၏ ပံုရိပ္ကို အသံုးျပဳေလ့ ရွိေသာေၾကာင့္ သူမသည္ အေ႐ွ႕အလယ္ပိုင္းႏွင့္ အာရပ္ႏုိင္ငံမ်ားတြင္ လူသိမ်ားသူတစ္ဦး ျဖစ္လာခဲ့သလို ေဟာလိဝုဒ္ နာမည္ေက်ာ္ မင္းသမီး ဂ်ိဳလီႏွင့္ပါ ခိုင္းႏႈိင္းညႊန္းဆို ခံခဲ့ရသည္။

သို႔ေသာ္ ယခုအခါတြင္မူ အန္တာသည္ ဆီးရီးယား-တူရကီ နယ္စပ္အနီး၌ ေဒ့ရွ္ (အိုင္အက္စ္တို႔ကို ေဒသတြင္း ေခၚေဝၚသည့္အမည္)တို႔ႏွင့္ တိုက္ပြဲျဖစ္ပြားခ်ိန္၌ က်ဆံုးသြားၿပီဟု ဝိုင္ပီဂ်ီက Facebookတြင္ ေရးသားထားခဲ့သည္။ Daily Mirrorက အဆိုပါ သတင္းကို ကိုးကား ေဖာ္ျပခဲ့ေသာ္လည္း အန္တာ ေသဆံုးေၾကာင္းႏွင့္ မည္သို႔မည္ပံု တိုက္ပြဲက်ခဲ့ေၾကာင္းကို တိက်စြာ အတည္မျပဳႏုိင္ေသးဟု ဆိုသည္။

အန္တာသည္ ၂၀၁၄ ခုႏွစ္တြင္ ဝိုင္ပီဂ်ီႏွင့္ ပူးေပါင္းကာ ထိုမွတဆင့္ ဝိုင္ပီေဂ် တပ္ဖြဲ႕သို႔ ေရာက္ရွိခဲ့သည္။ သူမသည္ အမ်ိဳးသမီး ရဲေဘာ္ရဲဘက္မ်ားႏွင့္ လက္တြဲကာ အိုင္အက္စ္တို႔ႏွင့္ တိုက္ပြဲ အမ်ားအျပား ဆင္ႏႊဲခဲ့ဖူးၿပီး
ျဖစ္ေၾကာင္း လည္း သိရသည္။ ဝိုင္ပီေဂ်သည္ တပ္ဖြဲ႕ဝင္ ၁၀၀၀၀ မွ်ပါရွိသည့္ အမ်ိဳးသမီး လက္နက္ကိုင္ အဖြဲ႕တစ္ခုျဖစ္ၿပီး တူရကီ-ဆီးရီးယား နယ္စပ္ရွိ အိုင္အက္စ္တို႔ကို တြန္းလွန္ရာတြင္ အေရးပါေသာ အင္အားစု တစ္ရပ္အျဖစ္ လႈပ္ရွားလ်က္ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Daily Mirror

#Unicode Version


ကာ့ဒ်မျိုးနွယ်များ၏ အန်ဂျလီနာဂျိုလီဟု လူသိများသည့် ဆီးရီးယား အခြေစိုက် ကာ့ဒ်စစ်သမီး အာရှာ ရာမာဇန် အန်တာသည် အိုင်အက်စ် စစ်သွေးကြွများကို တိုက်ခိုက်နေသည့် စစ်ပွဲတွင် ကျဆုံးသွားကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။


Daily Mirrorက အန်တာ သေဆုံးမှု သတင်းကို စက်တင်ဘာ ၇ ရက်က ဖော်ပြခဲ့သည်။ သူမသည် အိုင်အက်စ်ကို တွန်းလှန်တိုက်ခိုက်နေသည့် ဝိုင်ပီဂျီ ကာ့ဒ်လက်နက်ကိုင် တပ်ဖွဲ့များ၏ အမျိုးသမီးသီးသန့် စုစည်းထားသည့် ယူနစ် (ဝိုင်ပီဂျေ)မှ အဖွဲ့ဝင် တစ်ဦးဖြစ်သည်။

အစွန်းရောက် အစ္စလာမ်မစ် ဝါဒီများဖြစ်သည့် အိုင်အက်စ်တို့သည် အမျိုးသမီးများ၏ လက်ချက်ကြောင့် သေဆုံးရမည်ကို အလွန်စက်ဆုပ် ကြောက်ရွံ့လေ့ ရှိကြသည်။ ကာ့ဒ်တို့က အန်တာအပါအဝင် အမျိုးသမီးများကို
ပြည်သူ့စစ်များ အဖြစ် လေ့ကျင့်ပေးပြီး အမျိုးသားများနှင့် ရင်ဘောင်တန်း တိုက်ပွဲဝင်စေခဲ့ခြင်း ဖြစ်သည်။ အိုင်အက်စ်ကို တိုက်ခိုက်နေသည့် အမျိုးသမီး စစ်ဘက်အင်အားစုများအကြောင်း ဝါဒဖြန့် ဖော်ပြရာတွင် အသက် ၂၂ နှစ်အရွယ် မိန်းမချောလေး အန်တာ၏ ပုံရိပ်ကို အသုံးပြုလေ့ ရှိသောကြောင့် သူမသည် အရှေ့အလယ်ပိုင်းနှင့် အာရပ်နိုင်ငံများတွင် လူသိများသူတစ်ဦး ဖြစ်လာခဲ့သလို ဟောလိဝုဒ် နာမည်ကျော် မင်းသမီး ဂျိုလီနှင့်ပါ ခိုင်းနှိုင်းညွှန်းဆို ခံခဲ့ရသည်။

သို့သော် ယခုအခါတွင်မူ အန်တာသည် ဆီးရီးယား-တူရကီ နယ်စပ်အနီး၌ ဒေ့ရှ် (အိုင်အက်စ်တို့ကို ဒေသတွင်း ခေါ်ဝေါ်သည့်အမည်)တို့နှင့် တိုက်ပွဲဖြစ်ပွားချိန်၌ ကျဆုံးသွားပြီဟု ဝိုင်ပီဂျီက Facebookတွင် ရေးသားထားခဲ့သည်။ Daily Mirrorက အဆိုပါ သတင်းကို ကိုးကား ဖော်ပြခဲ့သော်လည်း အန်တာ သေဆုံးကြောင်းနှင့် မည်သို့မည်ပုံ တိုက်ပွဲကျခဲ့ကြောင်းကို တိကျစွာ အတည်မပြုနိုင်သေးဟု ဆိုသည်။

အန်တာသည် ၂၀၁၄ ခုနှစ်တွင် ဝိုင်ပီဂျီနှင့် ပူးပေါင်းကာ ထိုမှတဆင့် ဝိုင်ပီဂျေ တပ်ဖွဲ့သို့ ရောက်ရှိခဲ့သည်။ သူမသည် အမျိုးသမီး ရဲဘော်ရဲဘက်များနှင့် လက်တွဲကာ အိုင်အက်စ်တို့နှင့် တိုက်ပွဲ အများအပြား ဆင်နွှဲခဲ့ဖူးပြီး
ဖြစ်ကြောင်း လည်း သိရသည်။ ဝိုင်ပီဂျေသည် တပ်ဖွဲ့ဝင် ၁၀၀၀၀ မျှပါရှိသည့် အမျိုးသမီး လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်ပြီး တူရကီ-ဆီးရီးယား နယ်စပ်ရှိ အိုင်အက်စ်တို့ကို တွန်းလှန်ရာတွင် အရေးပါသော အင်အားစု တစ်ရပ်အဖြစ် လှုပ်ရှားလျက်ရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Daily Mirror
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top