Property Expo
×

ပီေကဝါးျခင္းကုိ ယေန႔ေခတ္သစ္အခ်ိန္ေတြမွာ ဖန္တီး တီထြင္ ၿပီးေတာ့ စားသံုးၾကတယ္လုိ႔ ထင္ခဲ့ၾကမွာပါ။ တကယ့္ တကယ္မွာ ေတာ့ ပီေကဆုိတဲ့ အပ်င္းေျပဝါးစားရတဲ့ အစားအစာကေတာ့ ဟုိးယခင္လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၅၀၀၀ ေလာက္ကတည္းက ရွိခဲ့မယ္ လုိ႔ ေျပာလာခဲ့ရင္ ယံုၾကည္ႏုိင္စရာလံုးဝမရွိပါဘူး။

ဟုတ္ပါတယ္။ ပီေကစားစရာေတြက ယခင္ႏွစ္ေပါင္းမ်ားစြာက တည္းက စားသံုးၿပီး ရွိေနခဲ့ၾကတာပါ။ ဖင္လန္ႏုိင္ငံက ၿဗိတိန္ေရွး ေဟာင္းသုေတသန ေက်ာင္းသားတစ္ဦးက ႏွစ္ေပါင္း ၅၀၀၀ ေက်ာ္ သက္တမ္းရွိတဲ့ ပီေကစားစရာအပုိင္းအစတစ္ခုကုိ တူးေဖာ္ေတြ႔ရွိ ခဲ့တယ္လုိ႔ သိရပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ရွိတဲ့ ေက်ာင္းသားဆာရပစ္ကင္က ဒီ ေက်ာက္တုံးအစုိင္အခဲျဖစ္ေနတဲ့ ပီေကအစတစ္ခုကုိ ေတြ႔ရွိခဲ့ၿပီး ႏွစ္ ေပါင္း ဘယ္ေလာက္ၾကာရွည္သက္တမ္းရွိေနတယ္ဆုိတဲ့ သမုိင္း ေၾကာင္းစစ္ေဆးရွာေဖြမႈအရေတာ့ Neolithic times  ေက်ာက္ ေခတ္အခ်ိန္ ေက်ာက္ေခတ္လူသားေတြ စားသံုးခဲ့ၾကတဲ့ ပီေကျဖစ္ မယ္လုိ႔ ဆုိထားပါတယ္။

အဲ့ဒီ ေက်ာက္ေခတ္လူသားေတြက ပီေကစားသံုးျခင္းကုိ ခံတြင္းက အနာေတတြေပ်ာက္ကင္းသြားေစဖုိ႔ စားဆံုးၾကၿပီးေတာ့ အိုးျခမ္း၊ အ ပ်က္အစီးအသံုးအေဆာင္ အပုိင္းအစေတြကုိ ျပန္လည္ဖာေထးဖုိ႔ အတြက္ အသံုးျပဳခဲ့ၾကတာ ျဖစ္မယ္လုိ႔ ခန္႔မွန္းရပါတယ္။

Credit: ဖိုးသူေတာ္ (www.phothutaw.com)
ဖိုးသူေတာ္ Team မွ ဘာသာျပန္သည္။

#Unicode Version

ပီကေဝါးခြင်းကို ယနေ့ခေတ်သစ်အချိန်တွေမှာ ဖန်တီး တီထွင် ပြီးတော့ စားသုံးကြတယ်လို့ ထင်ခဲ့ကြမှာပါ။ တကယ့် တကယ်မှာ တော့ ပီကေဆိုတဲ့ အပျင်းပြေဝါးစားရတဲ့ အစားအစာကတော့ ဟိုးယခင်လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ လောက်ကတည်းက ရှိခဲ့မယ် လို့ ပြောလာခဲ့ရင် ယုံကြည်နိုင်စရာလုံးဝမရှိပါဘူး။

ဟုတ်ပါတယ်။ ပီကေစားစရာတွေက ယခင်နှစ်ပေါင်းများစွာက တည်းက စားသုံးပြီး ရှိနေခဲ့ကြတာပါ။ ဖင်လန်နိုင်ငံက ဗြိတိန်ရှေး ဟောင်းသုတေသန ကျောင်းသားတစ်ဦးက နှစ်ပေါင်း ၅၀၀၀ ကျော် သက်တမ်းရှိတဲ့ ပီကေစားစရာအပိုင်းအစတစ်ခုကို တူးဖော်တွေ့ရှိ ခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိတဲ့ ကျောင်းသားဆာရပစ်ကင်က ဒီ ကျောက်တုံးအစိုင်အခဲဖြစ်နေတဲ့ ပီကေအစတစ်ခုကို တွေ့ရှိခဲ့ပြီး နှစ် ပေါင်း ဘယ်လောက်ကြာရှည်သက်တမ်းရှိနေတယ်ဆိုတဲ့ သမိုင်း ကြောင်းစစ်ဆေးရှာဖွေမှုအရတော့ Neolithic times  ကျောက် ခေတ်အချိန် ကျောက်ခေတ်လူသားတွေ စားသုံးခဲ့ကြတဲ့ ပီကေဖြစ် မယ်လို့ ဆိုထားပါတယ်။

အဲ့ဒီ ကျောက်ခေတ်လူသားတွေက ပီကေစားသုံးခြင်းကို ခံတွင်းက အနာတေတွပျောက်ကင်းသွားစေဖို့ စားဆုံးကြပြီးတော့ အိုးခြမ်း၊ အ ပျက်အစီးအသုံးအဆောင် အပိုင်းအစတွေကို ပြန်လည်ဖာထေးဖို့ အတွက် အသုံးပြုခဲ့ကြတာ ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top