ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ေရစႀကိဳၿမိဳ႕နယ္၊ဇီးေတာေက်းရြာအနီး မွ အသတ္ခံရသည့္ အမ်ိဳးသမီးအေလာင္းတစ္ေလာင္း အား စက္တင္ဘာ ၂၅ ရက္ နံနက္ပိုင္းက ေတြ႔ရွိခဲ့ေၾကာင္း ေရစႀကိဳၿမိဳ႕မရဲစခန္းမွသိရသည္။

 ျဖစ္စဥ္မွာ စက္တင္ဘာ ၂၅ ရက္ေန႔ နံနက္ ၉ နာရီခြဲအခ်ိန္က ဇီးေတာေက်းရြာအုပ္စု၊ ကြင္းအမွတ္(၉၈)၊ ၀ယာဘုတာေဘာင္ႏွင္႔ ကိုက္ ၅၀၀ ခန္႔အကြာ ဖူလံုေက်းရြာ ႏွင္႔ ကၽြန္းဘိုေက်းရြသြား ေျမသားကားလမ္းေဘး ေျမာင္းထဲတြင္ အမ်ိဳးသမီးတစ္ဦးေမွာက္လွ်က္ အေနအထားျဖင္႔ ေသဆံုးေနေၾကာင္း ဇီးေတာေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးတင္ခိ္ုင္မွ ဖုန္းဆက္အေၾကာင္းၾကားခ်က္အရ မအူရဲကင္းမွဴး ရဲအုပ္ထြန္းထြန္းဦး ႏွင္႔အဖြဲ႔ သြားေရာက္စစ္ေဆးခဲ့ျခင္းျဖစ္သည္။

 ေျမသားကားလမ္းေဘး ေရေျမာင္းထဲတြင္ အသက္(၃၀)ႏွစ္ခန္႔ရွိ အမည္မသိအမ်ိဳးသမီးတစ္ဦးမွာ အေပၚအကၤ်္ ီ၊ေအာက္ထမီ၊ဖိနပ္မပါ အတြင္းခံအက်ၤ ီ၊အတြင္းခံ ေဘာင္းဘီ၀တ္ဆင္ထားၿပီး ၀ဲခ်ိဳင္းေအာက္တြင္ ထိုးသြင္းဒဏ္ရာ၊ ေက်ာကုန္းထိုးသြင္းဒဏ္ရာ၊ ၀ဲဒူးေအာက္ထိုးသြင္းဒဏ္ရာ၊ ေအာက္ႏႈတ္ခမ္းေပါက္ၿပဲဒဏ္ရာမ်ားျဖင္႔ ေသဆံုးေနသည္ကိုစစ္ေဆးေတြ႕ရွိရသျဖင္႔ ရဲမႈခင္းေဆးစာျဖင္႔ ေရစႀကိဳၿမိဳ႕နယ္ ျပည္သူ႕ေဆးရံုသို႔ ပို႔အပ္ထားရွိခဲ့ျခင္းျဖစ္ေၾကာင္းအမႈစစ္၏စစ္ေဆးခ်က္အရသိရသည္။ျဖစ္စဥ္ႏွင္႔ ပတ္သက္၍ အမည္မသိအမ်ိဳးသမီးအား သတ္သြားသူအား စံုစမ္းေဖာ္ထုတ္အေရးယူေပးပါရန္ ရဲအုပ္ထြန္းထြန္းဦးမွ တရားလိုျပဳတုိင္ၾကားခဲ့ေသာေၾကာင့္ ေရစႀကိဳၿမိဳ႕နယ္၊ ၿမိဳ႕မရဲစခန္းမွ (ပ) ၉၃၉/၂၀၁၆ ၊ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင္႔ အမႈဖြင္႔ထားေၾကာင္းသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ရတနာပံုသတင္းစာ

#Unicode Version
ရေစကြိုမြို့နယ်၊ဇီးတောကျေးရွာအနီး မှ အသတ်ခံရသည့် အမျိုးသမီးအလောင်းတစ်လောင်း အား စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း ရေစကြိုမြို့မရဲစခန်းမှသိရသည်။

 ဖြစ်စဉ်မှာ စက်တင်ဘာ ၂၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က ဇီးတောကျေးရွာအုပ်စု၊ ကွင်းအမှတ်(၉၈)၊ ဝယာဘုတာဘောင်နှင့် ကိုက် ၅၀၀ ခန့်အကွာ ဖူလုံကျေးရွာ နှင့် ကျွန်းဘိုကျေးရွသွား မြေသားကားလမ်းဘေး မြောင်းထဲတွင် အမျိုးသမီးတစ်ဦးမှောက်လျှက် အနေအထားဖြင့် သေဆုံးနေကြောင်း ဇီးတောကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ခိုင်မှ ဖုန်းဆက်အကြောင်းကြားချက်အရ မအူရဲကင်းမှူး ရဲအုပ်ထွန်းထွန်းဦး နှင့်အဖွဲ့ သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

 မြေသားကားလမ်းဘေး ရေမြောင်းထဲတွင် အသက်(၃၀)နှစ်ခန့်ရှိ အမည်မသိအမျိုးသမီးတစ်ဦးမှာ အပေါ်အင်္ကျ် ီ၊အောက်ထမီ၊ဖိနပ်မပါ အတွင်းခံအကျၤ ီ၊အတွင်းခံ ဘောင်းဘီဝတ်ဆင်ထားပြီး ဝဲချိုင်းအောက်တွင် ထိုးသွင်းဒဏ်ရာ၊ ကျောကုန်းထိုးသွင်းဒဏ်ရာ၊ ဝဲဒူးအောက်ထိုးသွင်းဒဏ်ရာ၊ အောက်နှုတ်ခမ်းပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုစစ်ဆေးတွေ့ရှိရသဖြင့် ရဲမှုခင်းဆေးစာဖြင့် ရေစကြိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့အပ်ထားရှိခဲ့ခြင်းဖြစ်ကြောင်းအမှုစစ်၏စစ်ဆေးချက်အရသိရသည်။ဖြစ်စဉ်နှင့် ပတ်သက်၍ အမည်မသိအမျိုးသမီးအား သတ်သွားသူအား စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် ရဲအုပ်ထွန်းထွန်းဦးမှ တရားလိုပြုတိုင်ကြားခဲ့သောကြောင့် ရေစကြိုမြို့နယ်၊ မြို့မရဲစခန်းမှ (ပ) ၉၃၉/၂၀၁၆ ၊ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:ရတနာပုံသတင်းစာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top