Kantharyar Centre
×

တစ္ေန႔ေျခာက္ၾကိမ္ အစာစားျခင္းက ႏွလုံးေရာဂါျဖစ္ႏုိင္ေခ်ကုိ ေလ်ာ့နည္းေစႏုိင္ပါတယ္တဲ့။ ဆရာဝန္ေတြက လူနာမ်ားကုိ အစားကို မ်ားမ်ားစားတာ မေကာင္းဘူး၊ ေလွ်ာ့စားဖို႔ လိုအပ္တယ္လို႔ ေျပာၾကပါတယ္။ ဒါေပမဲ့ ေနာက္ဆုံးေလ့လာေတြ႔ရွိမႈအရ တစ္ေန႔ကို အနည္းဆုံးအစာေျခာက္ၾကိမ္ စားသုံးျခင္း က ႏွလုံးေရာဂါကို အႏုိင္ရေစတဲ့ လွ်ဳိ႕ဝွက္ခ်က္လို႔ ဆုိႏုိင္ပါျပီ။

Johns Hopkins တကၠသိုလ္နဲ႔ Baltimore တကၠသိုလ္တို႔ရဲ႕ အရြယ္ေရာက္သူေပါင္း ၇၀၀၀ နီးပါးကို ၁၄ ႏွစ္ေက်ာ္ ေစာင့္ၾကည့္ေလ့လာခဲ့တဲ့ သုေတသနမွတ္တမ္းေတြအရ တစ္ေန႔ကို အၾကိမ္ေပါင္း ဒါဇင္ဝက္ခန္႔စားသုံးေပးျခင္းက တစ္ေန႔ကို အစာ ၃၊၄ ၾကိမ္စားသူေတြထက္ ႏွလုံးေရာဂါျဖစ္ႏုိင္ေခ် ၃၀%ေလ်ာ့နည္းတာကို သက္ေသျပခဲ့ပါတယ္။ ဒီေတြ႔ရွိမႈက အစားအေသာက္ အေလ့အက်င့္ေတြကို ျပန္ျပီးသုံးသပ္ေစဖုိ႔ တြန္းအားေပးေနပါတယ္။ အဂၤလန္ႏုိင္ငံက က်န္းမာေရးပညာရွင္ေတြရဲ႕ လူနာေတြကုိ မနက္စာ၊ ေန႔လည္စာနဲ႔ ညစာဆုိတဲ့ ၁ ေန႔ ၃ ၾကိမ္အစာစားျပီး သၾကားနဲ႔ အဆီမ်ားတဲ့အစားအစာေတြကို ေရွာင္ၾကဥ္သင့္တယ္လို႔ တေလွ်ာက္လုံး အၾကံျပဳခဲ့တာေတြကို ျပန္ျပီးစဥ္းစားဖုိ႔ လုိေနျပီျဖစ္ပါတယ္။ဒါက က်န္းမာေရးကို ပိုျပီးဆုိးရြားသြားေစႏုိင္တယ္လို႔ ေတြ႔ရွိလာၾကပါတယ္။

လူ႔ခႏၶာကုိယ္က အခ်ိန္တစ္ခ်ိန္မွာ စြမ္းအင္ပမာဏနည္းနည္းစီကိုသုံးျပီး ဇီဝကမၼျဖစ္စဥ္ေတြကို ပုိမုိေကာင္းမြန္ေအာင္ လည္ပတ္ေစႏုိင္တာကို ေတြ႔ရွိရပါတယ္။ တစ္ၾကိမ္တည္းမွာ အစာအမ်ားၾကီးစားတာက ဆီးခ်ဳိေရာဂါႏွစ္မ်ဳိးနဲ႔ ႏွလုံးေရာဂါကို ပိုျပီးျဖစ္ေစႏုိင္တဲ့ အလားအလာရွိပါတယ္။ ဒါေပမဲ့ သုေတသီေတြက သတိေပးထားတာ ရွိပါတယ္။ တစ္ေန႔ အစာေျခာက္ၾကိမ္စားတယ္ဆုိရာမွာ အသီးအႏွံ၊ ဟင္းသီးဟင္းရြက္နဲ႔ အဆီနည္းတဲ့ အစာေတြကို စားမွသာေကာင္းက်ဳိးေပးႏုိင္တယ္လို႔ ဆုိထားပါတယ္။ နည္းနည္းနဲ႔ အၾကိမ္ေရမ်ားမ်ားစားတာက ကယ္လိုရီေတြကို ပိုေလာင္ကၽြမ္းေစတဲ့အတြက္ က်န္းမာေရးနဲ႔ ပိုျပီးညီညြတ္တဲ့အစာစားနည္းျဖစ္ေစပါတယ္။

အဓိကအခ်က္ကေတာ့ အစာကို ခဏခဏစားေပးတဲ့သူေတြက ခါးတုတ္ဖို႔ အခြင့္အလမ္းနည္းျပီး ခါးသိမ္ေစတာပဲ ျဖစ္ပါတယ္။ဒါေၾကာင့္ ႏွလုံးေသြးေၾကာထဲမွာ ေသြးခဲျခင္းလို ႏွလုံးေရာဂါမ်ဳိးေတြကို ေရွာင္ရွားခ်င္ၾကတယ္ဆုိပါလွ်င္ အသီးအႏွံ၊ အေစ့အဆန္၊ ငါးနဲ႔ အသီးအရြက္လို က်န္းမာေရးနဲ႔ ညီညြတ္တဲ့ အစားအေသာက္ေတြကို နည္းနည္းနဲ႔ အၾကိမ္ေရမ်ားမ်ားစားဖို႔ အဂၤလန္ႏုိင္ငံ ႏွလုံးေရာဂါ ေဖာင္ေဒးရွင္းမွ အစားအေသာက္ကၽြမ္းက်င္ပညာရွင္မ်ားက အၾကံျပဳတင္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

တစ်နေ့ခြောက်ကြိမ် အစာစားခြင်းက နှလုံးရောဂါဖြစ်နိုင်ချေကို လျော့နည်းစေနိုင်ပါတယ်တဲ့။ ဆရာဝန်တွေက လူနာများကို အစားကို များများစားတာ မကောင်းဘူး၊ လျှော့စားဖို့ လိုအပ်တယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ နောက်ဆုံးလေ့လာတွေ့ရှိမှုအရ တစ်နေ့ကို အနည်းဆုံးအစာခြောက်ကြိမ် စားသုံးခြင်း က နှလုံးရောဂါကို အနိုင်ရစေတဲ့ လျှို့ဝှက်ချက်လို့ ဆိုနိုင်ပါပြီ။

Johns Hopkins တက္ကသိုလ်နဲ့ Baltimore တက္ကသိုလ်တို့ရဲ့ အရွယ်ရောက်သူပေါင်း ၇၀၀၀ နီးပါးကို ၁၄ နှစ်ကျော် စောင့်ကြည့်လေ့လာခဲ့တဲ့ သုတေသနမှတ်တမ်းတွေအရ တစ်နေ့ကို အကြိမ်ပေါင်း ဒါဇင်ဝက်ခန့်စားသုံးပေးခြင်းက တစ်နေ့ကို အစာ ၃၊၄ ကြိမ်စားသူတွေထက် နှလုံးရောဂါဖြစ်နိုင်ချေ ၃၀%လျော့နည်းတာကို သက်သေပြခဲ့ပါတယ်။ ဒီတွေ့ရှိမှုက အစားအသောက် အလေ့အကျင့်တွေကို ပြန်ပြီးသုံးသပ်စေဖို့ တွန်းအားပေးနေပါတယ်။ အင်္ဂလန်နိုင်ငံက ကျန်းမာရေးပညာရှင်တွေရဲ့ လူနာတွေကို မနက်စာ၊ နေ့လည်စာနဲ့ ညစာဆိုတဲ့ ၁ နေ့ ၃ ကြိမ်အစာစားပြီး သကြားနဲ့ အဆီများတဲ့အစားအစာတွေကို ရှောင်ကြဉ်သင့်တယ်လို့ တလျှောက်လုံး အကြံပြုခဲ့တာတွေကို ပြန်ပြီးစဉ်းစားဖို့ လိုနေပြီဖြစ်ပါတယ်။ဒါက ကျန်းမာရေးကို ပိုပြီးဆိုးရွားသွားစေနိုင်တယ်လို့ တွေ့ရှိလာကြပါတယ်။

လူ့ခန္ဓာကိုယ်က အချိန်တစ်ချိန်မှာ စွမ်းအင်ပမာဏနည်းနည်းစီကိုသုံးပြီး ဇီဝကမ္မဖြစ်စဉ်တွေကို ပိုမိုကောင်းမွန်အောင် လည်ပတ်စေနိုင်တာကို တွေ့ရှိရပါတယ်။ တစ်ကြိမ်တည်းမှာ အစာအများကြီးစားတာက ဆီးချိုရောဂါနှစ်မျိုးနဲ့ နှလုံးရောဂါကို ပိုပြီးဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ ဒါပေမဲ့ သုတေသီတွေက သတိပေးထားတာ ရှိပါတယ်။ တစ်နေ့ အစာခြောက်ကြိမ်စားတယ်ဆိုရာမှာ အသီးအနှံ၊ ဟင်းသီးဟင်းရွက်နဲ့ အဆီနည်းတဲ့ အစာတွေကို စားမှသာကောင်းကျိုးပေးနိုင်တယ်လို့ ဆိုထားပါတယ်။ နည်းနည်းနဲ့ အကြိမ်ရေများများစားတာက ကယ်လိုရီတွေကို ပိုလောင်ကျွမ်းစေတဲ့အတွက် ကျန်းမာရေးနဲ့ ပိုပြီးညီညွတ်တဲ့အစာစားနည်းဖြစ်စေပါတယ်။

အဓိကအချက်ကတော့ အစာကို ခဏခဏစားပေးတဲ့သူတွေက ခါးတုတ်ဖို့ အခွင့်အလမ်းနည်းပြီး ခါးသိမ်စေတာပဲ ဖြစ်ပါတယ်။ဒါကြောင့် နှလုံးသွေးကြောထဲမှာ သွေးခဲခြင်းလို နှလုံးရောဂါမျိုးတွေကို ရှောင်ရှားချင်ကြတယ်ဆိုပါလျှင် အသီးအနှံ၊ အစေ့အဆန်၊ ငါးနဲ့ အသီးအရွက်လို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို နည်းနည်းနဲ့ အကြိမ်ရေများများစားဖို့ အင်္ဂလန်နိုင်ငံ နှလုံးရောဂါ ဖောင်ဒေးရှင်းမှ အစားအသောက်ကျွမ်းကျင်ပညာရှင်များက အကြံပြုတင်ပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top