Property Expo
×

အပန္းေျဖခရီး ထြက္လိုက္ရင္ လူကလန္းဆန္း ၾကည္လင္လာတာ လူတိုင္းအသိ ျဖစ္သည္။ ေဆးပညာ သုေတသနကလည္း ထိုကိစၥကို ေထာက္ခံ အတည္ျပဳလိုက္သည္။

အပန္းေျဖ ခရီးထြက္လိုက္ျခင္းသည္ စိတ္ဖိစီးမႈကို က်ေစသလို၊ ခႏၶာဆဲလ္မ်ားကိုလည္း အသစ္တစ္ဖန္ အားသစ္ေလာင္းေပးရာ ေရာက္ၿပီး၊ အိုမင္းႏႈန္းကိုပါ ေလွ်ာ့ခ်ေပးႏုိင္ေၾကာင္း ေလ႔လာမႈ စစ္တမ္းသစ္ တစ္ရပ္က ဆိုလိုက္သည္။

အကယ္၍ အပန္းေျဖခရီး ထြက္ဖို႔ အခြင့္မသင့္ေသးလွ်င္ပင္ အိမ္မွာ တရားထိုင္ျခင္းကလည္း တူေသာ အက်ဳိးရွိသည္ဟု သုေတသနက ေထာက္ျပထားသည္။ တရားထိုင္ျခင္းသည္လည္း ခႏၶာဇီ၀ ျဖစ္စဥ္ကို အားေကာင္းေစသလို၊ ခုခံအားစနစ္ကိုလည္း ေကာင္းမြန္ေစၿပီး၊ စိတ္ဖိစီးစရာမ်ားကို ရင္ဆိုင္ႏိုင္စြမ္း ပိုေကာင္းလာရသည္ဟု သုေတသီတို႔က ဆိုသည္။

အီကန္း ေဆးတကၠသိုလ္၊ ကယ္လီဖိုးနီးယား တကၠသိုလ္ႏွင့္ ဟားဗတ္ ေဆးတကၠသိုလ္မွ သုေတသီမ်ား စုေပါင္းၿပီး အသက္ (၃၀) မွ (၆၀) ၾကား အမ်ဳိးသမီး (၉၄) ဦးကို အပန္းေျဖစခန္းသို႔ တစ္ပတ္ၾကာပို႔ကာ ေလ့လာခဲ့ျခင္း ျဖစ္သည္။

အမ်ဳိးသမီး တစ္၀က္သည္ အပန္းေျဖစခန္းတြင္ တရားထိုင္ျခင္း ကိစၥပါ တြဲလုပ္ၾကသည္။ ေနာက္တစ္၀က္ကား သာမန္ အပန္းေျဖျခင္းသာ ျပဳသည္။ သုေတသီတို႔သည္ တတိယအစု အျဖစ္ အပန္းေျဖစခန္းသို႔ မလာဘဲ အိမ္မွာသာေနေသာ လူ (၃၀) ကိုလည္း တစ္ၿပိဳင္နက္တည္း ေလ့လာေစာင့္ၾကည့္ထားသည္။

အုပ္စုသံုးစုလံုးတြင္ ပါ၀င္သူမ်ား၏ ေသြးနမူနာ၊ စိတ္ဖိစီးႏႈန္း၊ ခႏၶာဆဲလ္ အေျခအေနကို အပန္းေျဖခရီး မထြက္ခင္၊ ထြက္ေနစဥ္ႏွင့္ ထြက္ၿပီးခ်ိန္မ်ားတြင္ တစ္ပိုင္းစီ မွတ္တမ္းတင္သည္။ အပန္းေျဖခရီးအၿပီး တစ္လႏွင့္ ဆယ္လအၾကာတြင လည္း စာရင္းထပ္ေကာက္သည္။ အုပ္စုသံုးစုလံုးတြင္ ပါ၀င္သူမ်ား၏ ေသြးတြင္း မ်ဳိးဗီဇ ဂ်င္းန္ေပါင္း (၂၀၀၀) ေက်ာ္အနက္ အပန္းေျဖခရီးအၿပီး ေျပာင္းလဲသြားသည့္ ဂ်င္းန္မ်ားကို သုေတသီတို႔က ေဖာ္ထုတ္သည္။

ထိုအခါ သံုးစုလံုးတြင္ ဂ်င္းန္မ်ား သိသိသာသာ ေျပာင္းလဲမႈရွိေၾကာင္း ေတြ႕ခဲ႔ရသည္။ အထူးသျဖင့္ လူကိုစိတ္ဖိစီးမႈနည္းကာ၊ ၾကည္ေမြ႕ ေနထိုင္ေကာင္းေစေသာ ဂ်င္းန္မ်ား ပိုျဖစ္ထြန္းလာသည္ကို ေတြ႕ခဲ့ရသည္။ အပန္းေျဖခရီး သက္ေရာက္မႈဟု သုေတသီတို႔က ေျပာသည္။ အပန္းေျဖခရီး မထြက္ေသာ္လည္း အိမ္မွာေနရင္း တရားထိုင္ေသာ တတိယအစုသည္လည္း တူေသာ အက်ဳိးရွိ သည္ကို ေတြ႕ရရာ တရားထိုင္ျခင္းသည္ အပန္းေျဖခရီး ထြက္ျခင္းနည္းတူ အက်ဳိးရွိသည္မွာ ထင္ရွားေၾကာင္း သုေတသီတို႔က ဆိုသည္။

အပန္းေျဖခရီး သက္ေရာက္မႈသည္ ခႏၶာခုခံအား စနစ္ကိုလည္း ပိုေကာင္းေစေၾကာင္း ေတြ႕ရွိရသည္။ အပန္းေျဖခရီး အၿပီး တစ္လအၾကာတြင္ ကိုယ္စိတ္က်န္းမာႏႈန္းကို ေမးျမန္းၾကည့္ရာ အားလံုးလိုလိုက ခရီးမထြက္ခင္ကထက္ ပိုေကာင္းလာသည္ဟု ေျဖၾကသည္။

အပန္းေျဖခရီးထြက္ေသာ ႏွစ္စုအနက္ တရားပါ တြဲထိုင္ေသာ အစုသည္ တရားမထိုင္ေသာ အစုႏွင့္စာလွ်င္ ဆယ္လၾကာၿပီး ေနာက္မွာလည္း စိတ္ဖိစီးမႈ ပိုနည္းသလို၊ စိတ္က်ႏႈန္းလည္း ပိုနည္းပါးေၾကာင္း ေတြ႕ရွိရသည္။

သာမန္ အပန္းေျဖခရီးထြက္ျခင္းသည္ ေရတိုအားျဖင့္ လူကိုေက်နပ္ေပ်ာ္ရႊင္ စိတ္ခြန္အားသစ္ ရေစသည္ မွန္ေသာ္လည္း တရားထိုင္ျခင္းကဲ႔သို႔ စိတ္ေလ့က်င့္ခန္းပါ တြဲလုပ္မည္ဆိုလွ်င္ ေရရွည္အတြက္ပါ ပိုေကာင္းမြန္ေၾကာင္း သုေတသီတို႔က ဆိုသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Messenger

#Unicode Version

အပန်းဖြေခရီး ထွက်လိုက်ရင် လူကလန်းဆန်း ကြည်လင်လာတာ လူတိုင်းအသိ ဖြစ်သည်။ ဆေးပညာ သုတေသနကလည်း ထိုကိစ္စကို ထောက်ခံ အတည်ပြုလိုက်သည်။

အပန်းဖြေ ခရီးထွက်လိုက်ခြင်းသည် စိတ်ဖိစီးမှုကို ကျစေသလို၊ ခန္ဓာဆဲလ်များကိုလည်း အသစ်တစ်ဖန် အားသစ်လောင်းပေးရာ ရောက်ပြီး၊ အိုမင်းနှုန်းကိုပါ လျှော့ချပေးနိုင်ကြောင်း လေ့လာမှု စစ်တမ်းသစ် တစ်ရပ်က ဆိုလိုက်သည်။

အကယ်၍ အပန်းဖြေခရီး ထွက်ဖို့ အခွင့်မသင့်သေးလျှင်ပင် အိမ်မှာ တရားထိုင်ခြင်းကလည်း တူသော အကျိုးရှိသည်ဟု သုတေသနက ထောက်ပြထားသည်။ တရားထိုင်ခြင်းသည်လည်း ခန္ဓာဇီ၀ ဖြစ်စဉ်ကို အားကောင်းစေသလို၊ ခုခံအားစနစ်ကိုလည်း ကောင်းမွန်စေပြီး၊ စိတ်ဖိစီးစရာများကို ရင်ဆိုင်နိုင်စွမ်း ပိုကောင်းလာရသည်ဟု သုတေသီတို့က ဆိုသည်။

အီကန်း ဆေးတက္ကသိုလ်၊ ကယ်လီဖိုးနီးယား တက္ကသိုလ်နှင့် ဟားဗတ် ဆေးတက္ကသိုလ်မှ သုတေသီများ စုပေါင်းပြီး အသက် (၃၀) မှ (၆၀) ကြား အမျိုးသမီး (၉၄) ဦးကို အပန်းဖြေစခန်းသို့ တစ်ပတ်ကြာပို့ကာ လေ့လာခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီး တစ်ဝက်သည် အပန်းဖြေစခန်းတွင် တရားထိုင်ခြင်း ကိစ္စပါ တွဲလုပ်ကြသည်။ နောက်တစ်ဝက်ကား သာမန် အပန်းဖြေခြင်းသာ ပြုသည်။ သုတေသီတို့သည် တတိယအစု အဖြစ် အပန်းဖြေစခန်းသို့ မလာဘဲ အိမ်မှာသာနေသော လူ (၃၀) ကိုလည်း တစ်ပြိုင်နက်တည်း လေ့လာစောင့်ကြည့်ထားသည်။

အုပ်စုသုံးစုလုံးတွင် ပါဝင်သူများ၏ သွေးနမူနာ၊ စိတ်ဖိစီးနှုန်း၊ ခန္ဓာဆဲလ် အခြေအနေကို အပန်းဖြေခရီး မထွက်ခင်၊ ထွက်နေစဉ်နှင့် ထွက်ပြီးချိန်များတွင် တစ်ပိုင်းစီ မှတ်တမ်းတင်သည်။ အပန်းဖြေခရီးအပြီး တစ်လနှင့် ဆယ်လအကြာတွင လည်း စာရင်းထပ်ကောက်သည်။ အုပ်စုသုံးစုလုံးတွင် ပါဝင်သူများ၏ သွေးတွင်း မျိုးဗီဇ ဂျင်းန်ပေါင်း (၂၀၀၀) ကျော်အနက် အပန်းဖြေခရီးအပြီး ပြောင်းလဲသွားသည့် ဂျင်းန်များကို သုတေသီတို့က ဖော်ထုတ်သည်။

ထိုအခါ သုံးစုလုံးတွင် ဂျင်းန်များ သိသိသာသာ ပြောင်းလဲမှုရှိကြောင်း တွေ့ခဲ့ရသည်။ အထူးသဖြင့် လူကိုစိတ်ဖိစီးမှုနည်းကာ၊ ကြည်မွေ့ နေထိုင်ကောင်းစေသော ဂျင်းန်များ ပိုဖြစ်ထွန်းလာသည်ကို တွေ့ခဲ့ရသည်။ အပန်းဖြေခရီး သက်ရောက်မှုဟု သုတေသီတို့က ပြောသည်။ အပန်းဖြေခရီး မထွက်သော်လည်း အိမ်မှာနေရင်း တရားထိုင်သော တတိယအစုသည်လည်း တူသော အကျိုးရှိ သည်ကို တွေ့ရရာ တရားထိုင်ခြင်းသည် အပန်းဖြေခရီး ထွက်ခြင်းနည်းတူ အကျိုးရှိသည်မှာ ထင်ရှားကြောင်း သုတေသီတို့က ဆိုသည်။

အပန်းဖြေခရီး သက်ရောက်မှုသည် ခန္ဓာခုခံအား စနစ်ကိုလည်း ပိုကောင်းစေကြောင်း တွေ့ရှိရသည်။ အပန်းဖြေခရီး အပြီး တစ်လအကြာတွင် ကိုယ်စိတ်ကျန်းမာနှုန်းကို မေးမြန်းကြည့်ရာ အားလုံးလိုလိုက ခရီးမထွက်ခင်ကထက် ပိုကောင်းလာသည်ဟု ဖြေကြသည်။

အပန်းဖြေခရီးထွက်သော နှစ်စုအနက် တရားပါ တွဲထိုင်သော အစုသည် တရားမထိုင်သော အစုနှင့်စာလျှင် ဆယ်လကြာပြီး နောက်မှာလည်း စိတ်ဖိစီးမှု ပိုနည်းသလို၊ စိတ်ကျနှုန်းလည်း ပိုနည်းပါးကြောင်း တွေ့ရှိရသည်။

သာမန် အပန်းဖြေခရီးထွက်ခြင်းသည် ရေတိုအားဖြင့် လူကိုကျေနပ်ပျော်ရွှင် စိတ်ခွန်အားသစ် ရစေသည် မှန်သော်လည်း တရားထိုင်ခြင်းကဲ့သို့ စိတ်လေ့ကျင့်ခန်းပါ တွဲလုပ်မည်ဆိုလျှင် ရေရှည်အတွက်ပါ ပိုကောင်းမွန်ကြောင်း သုတေသီတို့က ဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: The Messenger
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top