Kantharyar Centre
×

ၾသစေၾတးလ်ႏိုင္ငံရွိ လူသတ္သမားမ်ားႏွင့္ မူးယစ္ေမွာင္ခိုသမားမ်ားကို ခ်ဳပ္ေႏွာင္ထားသည့္ လံုၿခံဳေရးအဆင့္ျမင့္ အက်ဥ္းေထာင္ရွိ အက်ဥ္းသားမ်ားက လုပ္ခလစာ တိုးျမႇင့္ေပးရန္ ဆႏၵျပေတာင္းဆိုေနၿပီ ျဖစ္သည္။

အက်ဥ္းသား ဒါဇင္ေပါင္းမ်ားသည္ ရရွိေနေသာလစာႏွင့္ အက်ဥ္းေထာင္တြင္း ကုန္က်စရိတ္တို႔ မကာမိေတာ့ေၾကာင္း ေျပာဆုိကာ အလုပ္မလုပ္ဘဲ ဆႏၵျပခဲ့သည္။ ဘာ၀ြန္ အက်ဥ္းေထာင္ရွိ အက်ဥ္းသားမ်ားသည္ ျပစ္ဒဏ္၏ တစ္စိတ္တစ္ပိုင္း အျဖစ္ အလုပ္လုပ္ၾကရၿပီး၊ ယခုေလာေလာဆယ္တြင္ တစ္ရက္လွ်င္ ၾသစေၾတးလ် ေဒၚလာ(၆ ဒသမ ၅၀) မွ (၈ ဒသမ ၉၅) ၾကား ရရွိေနသည္။

““အက်ဥ္းေထာင္မွာ ေပးေနတဲ့ ေန႔စားခက အျခားျပည္နယ္ေတြမွာ ေပးေနတဲ့ ေန႔စားခထက္ကို နည္းေနတယ္၊ ကုန္က်စရိတ္ေတြကို မကာမိေတာ့ဘူး”” ဟု အက်ဥ္းသားမ်ား အေရး ေဆာင္ရြက္ေနသည့္ တရားေရး လႈပ္ရွားမႈအဖဲြ႕၏ ေျပာခြင့္ရွိသူ ဘရတ္ ေကာလင္းစ္က ေျပာဆုိခဲ့သည္။

အက်ဥ္းဦးစီးဌာနမွ ခ်မွတ္ထားေသာ စည္းမ်ဥ္းမ်ားအရ အက်ဥ္းသားအားလံုးသည္ စိုက္ပ်ဳိးေရးႏွင့္ စက္ပစၥည္းျပဳျပင္ ထိန္းသိမ္းေရး အစရွိသည့္ အလုပ္မ်ားကို လုပ္ေဆာင္ရမည္ ျဖစ္ၿပီး၊ မလုပ္ေဆာင္သူမ်ားသည္ အခန္းတြင္း ပိတ္ခံထားရမည္ ျဖစ္သည္။

အက်ဥ္းသားမ်ား ျပန္လည္ လြတ္ေျမာက္ပါက အလုပ္ရ လြယ္ကူေစရန္ အက်ဥ္းက် ခံေနရစဥ္တြင္ အလုပ္မ်ားခိုင္းေနျခင္း ျဖစ္ေၾကာင္း ဌာနက ေျပာဆုိခဲ့သည္။

မယ္လ္ဘုန္းၿမိဳ႕ အေနာက္ေတာင္ဘက္(၇၅)ကီလိုမီတာ( ၄၆ မိုင္) အကြာရွိ ဘာ၀ြန္ အက်ဥ္းေထာင္တြင္ အက်ဥ္းသား(၄၅၀) ကို ခ်ဳပ္ေႏွာင္ထားသည္။ ယင္းအက်ဥ္းေထာင္တြင္ ဗစ္တုိးရီးယား ျပည္နယ္ရွိ အႏၲရာယ္အရွိဆံုး ရာဇ၀တ္မႈ က်ဴးလြန္သူမ်ားကုိ ခ်ဳပ္ေႏွာင္ထားသည္။

ယမန္ႏွစ္တြင္ ျပည္နယ္တြင္းရွိ အက်ဥ္းေထာင္ တစ္ခုတြင္ ေဆးလိပ္ ေသာက္မႈ ပိတ္ပင္ခဲ့ေသာေၾကာင့္ အက်ဥ္းသား (၃၀၀) ခန္႔ ဆူပူအံုႂကြခဲ့ေသာေၾကာင့္ လက္နက္အျပည့္အစုံ ပါ၀င္ေသာ ရဲတပ္ဖဲြ႕၀င္မ်ားျဖင့္ အံုႂကြမႈကို ႏွိမ္နင္းခဲ့ရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: the messenger

#Unicode Version

သြစတြေးလျနိုင်ငံရှိ လူသတ်သမားများနှင့် မူးယစ်မှောင်ခိုသမားများကို ချုပ်နှောင်ထားသည့် လုံခြုံရေးအဆင့်မြင့် အကျဉ်းထောင်ရှိ အကျဉ်းသားများက လုပ်ခလစာ တိုးမြှင့်ပေးရန် ဆန္ဒပြတောင်းဆိုနေပြီ ဖြစ်သည်။

အကျဉ်းသား ဒါဇင်ပေါင်းများသည် ရရှိနေသောလစာနှင့် အကျဉ်းထောင်တွင်း ကုန်ကျစရိတ်တို့ မကာမိတော့ကြောင်း ပြောဆိုကာ အလုပ်မလုပ်ဘဲ ဆန္ဒပြခဲ့သည်။ ဘာဝွန် အကျဉ်းထောင်ရှိ အကျဉ်းသားများသည် ပြစ်ဒဏ်၏ တစ်စိတ်တစ်ပိုင်း အဖြစ် အလုပ်လုပ်ကြရပြီး၊ ယခုလောလောဆယ်တွင် တစ်ရက်လျှင် သြစတြေးလျ ဒေါ်လာ(၆ ဒသမ ၅၀) မှ (၈ ဒသမ ၉၅) ကြား ရရှိနေသည်။

““အကျဉ်းထောင်မှာ ပေးနေတဲ့ နေ့စားခက အခြားပြည်နယ်တွေမှာ ပေးနေတဲ့ နေ့စားခထက်ကို နည်းနေတယ်၊ ကုန်ကျစရိတ်တွေကို မကာမိတော့ဘူး”” ဟု အကျဉ်းသားများ အရေး ဆောင်ရွက်နေသည့် တရားရေး လှုပ်ရှားမှုအဖွဲ့၏ ပြောခွင့်ရှိသူ ဘရတ် ကောလင်းစ်က ပြောဆိုခဲ့သည်။

အကျဉ်းဦးစီးဌာနမှ ချမှတ်ထားသော စည်းမျဉ်းများအရ အကျဉ်းသားအားလုံးသည် စိုက်ပျိုးရေးနှင့် စက်ပစ္စည်းပြုပြင် ထိန်းသိမ်းရေး အစရှိသည့် အလုပ်များကို လုပ်ဆောင်ရမည် ဖြစ်ပြီး၊ မလုပ်ဆောင်သူများသည် အခန်းတွင်း ပိတ်ခံထားရမည် ဖြစ်သည်။

အကျဉ်းသားများ ပြန်လည် လွတ်မြောက်ပါက အလုပ်ရ လွယ်ကူစေရန် အကျဉ်းကျ ခံနေရစဉ်တွင် အလုပ်များခိုင်းနေခြင်း ဖြစ်ကြောင်း ဌာနက ပြောဆိုခဲ့သည်။

မယ်လ်ဘုန်းမြို့ အနောက်တောင်ဘက်(၇၅)ကီလိုမီတာ( ၄၆ မိုင်) အကွာရှိ ဘာဝွန် အကျဉ်းထောင်တွင် အကျဉ်းသား(၄၅၀) ကို ချုပ်နှောင်ထားသည်။ ယင်းအကျဉ်းထောင်တွင် ဗစ်တိုးရီးယား ပြည်နယ်ရှိ အန္တရာယ်အရှိဆုံး ရာဇဝတ်မှု ကျူးလွန်သူများကို ချုပ်နှောင်ထားသည်။

ယမန်နှစ်တွင် ပြည်နယ်တွင်းရှိ အကျဉ်းထောင် တစ်ခုတွင် ဆေးလိပ် သောက်မှု ပိတ်ပင်ခဲ့သောကြောင့် အကျဉ်းသား (၃၀၀) ခန့် ဆူပူအုံကြွခဲ့သောကြောင့် လက်နက်အပြည့်အစုံ ပါဝင်သော ရဲတပ်ဖွဲ့ဝင်များဖြင့် အုံကြွမှုကို နှိမ်နင်းခဲ့ရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: the messenger
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top