Property Expo
×

၁၉၉၇ က ကစၧပနဒီ ျမစ္ကူးတံတား တည္ေဆာက္ ရန္ ဖယ္ရွားခံခဲ့ရေသာ ေနအိမ္ မ်ားအတြက္ ေနရာသစ္မ်ား အစားထုိးခ်ေပးရန္ ႀကိဳးစားေဆာင္ရြက္ ေပးမည္ျဖစ္ေၾကာင္း ေဆာက္ လုပ္ေရးဝန္ႀကီးဌာန  ျပည္ေထာင္စု ဝန္ႀကီး ဦးဝင္းခိုင္က ေျပာသည္။

စက္တင္ဘာ  ၂၀  ရက္က က်င္းပသည့္ ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ ဒုတိယပံုမွန္ အစည္းအေဝးတြင္  ေက်ာက္ ေတာ္မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ ေတာ္ကိုယ္စားလွယ္ ဦးဦးထြန္း ဝင္းက ကစၧပနဒီျမစ္ကူးတံတား တည္ေဆာက္စဥ္ ေနရာ  ဖယ္ရွားေပးရသည့္ ေနအိမ္ ၆၉ လံုး အတြက္ အစားထုိးေနရာသစ္မ်ား ခ်ထားေပးရန္ အစီအစဥ္ရွိ၊ မရွိ ေမးျမန္းျခင္းကို ျပည္ေထာင္စုဝန္ ႀကီး ဦးဝင္းခိုင္က ေျဖၾကားျခင္း ျဖစ္သည္။

ကစၧပနဒီတံတား စီမံကိန္း စတင္ခ်ိန္တြင္ ေက်ာက္ေတာ္ၿမိဳ႕ ပိုက္သည္ရပ္ကြက္ေန အိမ္ေထာင္ စု ၆၉ ကို စီမံကိန္းနယ္ေျမ အတြင္း က်ေရာက္ေနသျဖင့္ ဖယ္ရွားေစခဲ့ၿပီး ယင္းအိမ္ေထာင္စုမ်ား ေျပာင္းေရႊ႕သယ္ယူစရိတ္အျဖစ္ အိမ္ ေထာင္စုတစ္စုလွ်င္ က်ပ္ ၂၀,၀၀၀ ေထာက္ပံ့ေၾကး ေပးခဲ့ သည္။

ရန္ကုန္ - စစ္ေတြ ကားလမ္း အေနာက္ဘက္ ကစၧပနဒီရပ္ ကြက္တြင္ ေပ ၆၀ × ၅၀ အစား ထိုးေျမကြက္မ်ား ခ်ထားေပးခဲ့ရာ အခ်ဳိ႕အိမ္ေထာင္စုမ်ားက ၿမိဳ႕ႏွင့္ ကပ္လ်က္ရွိေသာ ေရႊမင္းဂံကြက္ သစ္ ေျမေနရာ၌ ေနရာခ်ထားေပးရန္ ေတာင္းဆိုရာ ေဒသ အာဏာပိုင္မ်ားက တစ္ႏွစ္၊ ၂ ႏွစ္ ေစာင့္ဆိုင္းေပးရန္ ေျပာၾကားသျဖင့္ ေစာင့္ဆိုင္းေနခဲ့ရာ ႏွစ္ေပါင္းႏွစ္ဆယ္ေက်ာ္အထိ ၾကာျမင့္ေနၿပီ ျဖစ္ေၾကာင္း သိရသည္။

ေျမေနရာ သိမ္းဆည္းခံရသူ မ်ား ေတာင္းဆိုခဲ့သည့္ ေရႊမင္းဂံံ ကြက္သစ္ ေျမေနရာမွာ ယခုအခါ စိုက္ပ်ဳိးေရးသိပၸံေက်ာင္း ေျမ အတြင္း က်ေရာက္ေနသျဖင့္ အိမ္ရာေျမမ်ား အစားထုိး ခ်ေပး ႏုိင္ရန္ ႀကိဳးစားေဆာင္ရြက္ေပး မည္ဟု ျပည္ေထာင္စုဝန္ႀကီးက ျပန္လည္ေျဖၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
၁၉၉၇ က ကစ္ဆပနဒီ မြစ်ကူးတံတား တည်ဆောက် ရန် ဖယ်ရှားခံခဲ့ရသော နေအိမ် များအတွက် နေရာသစ်များ အစားထိုးချပေးရန် ကြိုးစားဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။

စက်တင်ဘာ  ၂၀  ရက်က ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွင်  ကျောက် တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဦးထွန်း ဝင်းက ကစ္ဆပနဒီမြစ်ကူးတံတား တည်ဆောက်စဉ် နေရာ  ဖယ်ရှားပေးရသည့် နေအိမ် ၆၉ လုံး အတွက် အစားထိုးနေရာသစ်များ ချထားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခြင်းကို ပြည်ထောင်စုဝန် ကြီး ဦးဝင်းခိုင်က ဖြေကြားခြင်း ဖြစ်သည်။

ကစ္ဆပနဒီတံတား စီမံကိန်း စတင်ချိန်တွင် ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်နေ အိမ်ထောင် စု ၆၉ ကို စီမံကိန်းနယ်မြေ အတွင်း ကျရောက်နေသဖြင့် ဖယ်ရှားစေခဲ့ပြီး ယင်းအိမ်ထောင်စုများ ပြောင်းရွှေ့သယ်ယူစရိတ်အဖြစ် အိမ် ထောင်စုတစ်စုလျှင် ကျပ် ၂၀,၀၀၀ ထောက်ပံ့ကြေး ပေးခဲ့ သည်။

ရန်ကုန် - စစ်တွေ ကားလမ်း အနောက်ဘက် ကစ္ဆပနဒီရပ် ကွက်တွင် ပေ ၆၀ × ၅၀ အစား ထိုးမြေကွက်များ ချထားပေးခဲ့ရာ အချို့အိမ်ထောင်စုများက မြို့နှင့် ကပ်လျက်ရှိသော ရွှေမင်းဂံကွက် သစ် မြေနေရာ၌ နေရာချထားပေးရန် တောင်းဆိုရာ ဒေသ အာဏာပိုင်များက တစ်နှစ်၊ ၂ နှစ် စောင့်ဆိုင်းပေးရန် ပြောကြားသဖြင့် စောင့်ဆိုင်းနေခဲ့ရာ နှစ်ပေါင်းနှစ်ဆယ်ကျော်အထိ ကြာမြင့်နေပြီ ဖြစ်ကြောင်း သိရသည်။

မြေနေရာ သိမ်းဆည်းခံရသူ များ တောင်းဆိုခဲ့သည့် ရွှေမင်းဂံံ ကွက်သစ် မြေနေရာမှာ ယခုအခါ စိုက်ပျိုးရေးသိပ္ပံကျောင်း မြေ အတွင်း ကျရောက်နေသဖြင့် အိမ်ရာမြေများ အစားထိုး ချပေး နိုင်ရန် ကြိုးစားဆောင်ရွက်ပေး မည်ဟု ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top