Kantharyar Centre
×

 လာမည့္ႏွစ္တြင္ လွ်ပ္ စစ္ဓာတ္အားမျပတ္ေတာက္ေစ ေရးအတြက္ ရန္ကုန္တိုင္းေဒသ ႀကီးအတြင္း ဓာတ္အားျဖန္႔ျဖဴးေရး လုပ္ငန္းမ်ား ျပင္ဆင္ေဆာင္ရြက္ ရန္ က်ပ္သန္း တစ္ေသာင္းခုနစ္ ေထာင္ေက်ာ္ သံုးစြဲမည္ ျဖစ္ ေၾကာင္း ရန္ကုန္လွ်ပ္စစ္ဓာတ္ အားေပးေရး ေကာ္ပိုေရးရွင္းမွ သတင္းရရွိသည္။

အဆိုပါေငြပမာဏကို ဓာတ္ အားခြဲ႐ုံမ်ားတည္ေဆာက္ျခင္း၊ ထရန္စေဖာ္မာမ်ားႏွင့္ ေကာင္း ကင္ဓာတ္အားလိုင္းမ်ားတပ္ဆင္ ျခင္း၊ ေျမေအာက္ဓာတ္အားလိုင္း မ်ားတပ္ဆင္ျခင္းႏွင့္ ျပဳျပင္ထိန္း သိမ္းျခင္းလုပ္ငန္းမ်ားတြင္ အသံုး ျပဳမည္ဟု ရန္ကုန္ၿမိဳ႕ေတာ္ လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္းက သတင္းထုတ္ျပန္ထားသည္။

ယခုႏွစ္တြင္ ဓာတ္အားခြဲ႐ုံ ရွစ္႐ုံႏွင့္ ထရန္စေဖာ္မာ ၁၁၁ လံုး၊ အမ်ဳိးအစား မတူသည့္ ဓာတ္အားလိုင္းသံုးလိုင္းကို မိုင္ေပါင္းေျခာက္ဆယ္ေက်ာ္တိုးခ်ဲ႕ေဆာင္ရြက္မည္ဟု သိရသည္။

ၿပီးခဲ့သည့္ ဧၿပီကစတင္ကာ ဓာတ္အားျဖန္႔ျဖဴးေရးႏွင့္ ပတ္ သက္၍ ျပဳျပင္ေျပာင္းလဲေရးမ်ား ျပဳလုပ္ခဲ့ရာ ေလးလအတြင္း ထရန္စေဖာ္မာအလံုးေရ ၁၈၆ လံုး တည္ေဆာက္ခဲ့ၿပီး ေကာင္းကင္ဓာတ္ အားလိုင္း သံုးမ်ဳိး သြယ္တန္းခဲ့ သည္။

ျမန္မာ့ လွ်ပ္စစ္ဓာတ္အား ျဖန္႔ျဖဴးေရးက႑ဖြံ႕ၿဖိဳးတိုးတက္ ေရးအတြက္ ျမန္မာအစိုးရသည္ ကမၻာ့ဘဏ္၊ အာရွဖြံ႕ၿဖိဳးေရး ဘဏ္ႏွင့္ ဂ်ပန္ႏိုင္ငံတကာ ပူးေပါင္းေဆာင္ရြက္မႈ ေအဂ်င္စီ (JICA) တို႔မွ က်ပ္ဘီလီယံ ၁၄  ေခ်းယူထားသည္။

ရန္ကုန္တိုင္းေဒသႀကီးတြင္ လွ်ပ္စစ္ဓာတ္အားပံုမွန္ျဖန္႔ျဖဴး ေပးေရးအတြက္ လွ်ပ္စစ္ဓာတ္ အားမဂၢါ၀ပ္ ၄၀၀ ခန္႔ ထပ္မံလို အပ္ေနၿပီး အဆိုပါလိုအပ္ခ်က္ မ်ား ျဖည့္ဆည္းႏိုင္ေရး ရန္ကုန္လွ်ပ္စစ္ဓာတ္ေပးေရး  ေကာ္ပို ေရးရွင္းႏွင့္ ရန္ကုန္တိုင္းေဒသ ႀကီး အစိုးရအဖြဲ႕က ယခုႏွစ္အ တြင္း ျပင္ဆင္မည္ဟု ၿပီးခဲ့သည့္ ေမလကုန္က မီဒီယာမ်ားႏွင့္ေတြ႕ဆံုစဥ္ အစိုးရအဖြဲ႕၀င္မ်ားက ေျပာၾကားခဲ့သည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode  Version
လျှပ်စစ်မီးများ လင်းနေသော ရန်ကုန်ညဘက်မြင်ကွင်း (ဓာတ်ပုံ − စိုင်းဇော်)

 လာမည့်နှစ်တွင် လျှပ် စစ်ဓာတ်အားမပြတ်တောက်စေ ရေးအတွက် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းများ ပြင်ဆင်ဆောင်ရွက် ရန် ကျပ်သန်း တစ်သောင်းခုနစ် ထောင်ကျော် သုံးစွဲမည် ဖြစ် ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေး ကော်ပိုရေးရှင်းမှ သတင်းရရှိသည်။

အဆိုပါငွေပမာဏကို ဓာတ် အားခွဲရုံများတည်ဆောက်ခြင်း၊ ထရန်စဖော်မာများနှင့် ကောင်း ကင်ဓာတ်အားလိုင်းများတပ်ဆင် ခြင်း၊ မြေအောက်ဓာတ်အားလိုင်း များတပ်ဆင်ခြင်းနှင့် ပြုပြင်ထိန်း သိမ်းခြင်းလုပ်ငန်းများတွင် အသုံး ပြုမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက သတင်းထုတ်ပြန်ထားသည်။

ယခုနှစ်တွင် ဓာတ်အားခွဲရုံ ရှစ်ရုံနှင့် ထရန်စဖော်မာ ၁၁၁ လုံး၊ အမျိုးအစား မတူသည့် ဓာတ်အားလိုင်းသုံးလိုင်းကို မိုင်ပေါင်းခြောက်ဆယ်ကျော်တိုးချဲ့ဆောင်ရွက်မည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီကစတင်ကာ ဓာတ်အားဖြန့်ဖြူးရေးနှင့် ပတ် သက်၍ ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ခဲ့ရာ လေးလအတွင်း ထရန်စဖော်မာအလုံးရေ ၁၈၆ လုံး တည်ဆောက်ခဲ့ပြီး ကောင်းကင်ဓာတ် အားလိုင်း သုံးမျိုး သွယ်တန်းခဲ့ သည်။

မြန်မာ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် မြန်မာအစိုးရသည် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေး ဘဏ်နှင့် ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (JICA) တို့မှ ကျပ်ဘီလီယံ ၁၄  ချေးယူထားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် လျှပ်စစ်ဓာတ်အားပုံမှန်ဖြန့်ဖြူး ပေးရေးအတွက် လျှပ်စစ်ဓာတ် အားမဂ္ဂါဝပ် ၄၀၀ ခန့် ထပ်မံလို အပ်နေပြီး အဆိုပါလိုအပ်ချက် များ ဖြည့်ဆည်းနိုင်ရေး ရန်ကုန်လျှပ်စစ်ဓာတ်ပေးရေး  ကော်ပို ရေးရှင်းနှင့် ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့က ယခုနှစ်အ တွင်း ပြင်ဆင်မည်ဟု ပြီးခဲ့သည့် မေလကုန်က မီဒီယာများနှင့်တွေ့ဆုံစဉ် အစိုးရအဖွဲ့ဝင်များက ပြောကြားခဲ့သည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top