Kantharyar Centre
×

               ေရႊတိဂုံေစတီေတာ္သို႔ လာေရာက္ဖူးေျမာ္သူမ်ား (ဓာတ္ပံု − စိုင္းေဇာ္)

 ျမန္မာႏုိင္ငံရွိ ဘုရားေစတီမ်ားတြင္ ေဂါပက စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ မကိုက္ညီသည့္ စီးပြားေရးလုပ္ငန္းမ်ားကုိ ျပဳျပင္ေျပာင္းလဲမည္ျဖစ္ၿပီး ထင္ရွားေက်ာ္ၾကားသည့္ တန္ခိုးႀကီး ဘုရားမ်ားကို ဦးစားေပးေဆာင္ရြက္မည္ဟု သာသနာေရးဦးစီး ဌာန ဒုတိယအၿမဲတမ္းအတြင္း၀န္ ဦးဇာနည္၀င္းက ေျပာၾကားသည္။

‘‘က်ဳိက္ထီး႐ုိ္းၿပီးရင္ ဗုိလ္ တေထာင္တို႔၊ ဆူးေလတို႔ လာမွာ ေပါ့။ ေနာက္ ျပည္နယ္နဲ႔ တုိင္းက တန္ခိုးႀကီးဘုရားေတြလည္း လာ မွာေပါ့။ သူ႔အစီအစဥ္အတုိင္းသြားမွာပါ’’ဟု ဦးဇာနည္၀င္းက ေျပာ သည္။

ေဂါပကစည္းမ်ဥ္းစည္းကမ္း မ်ားတြင္ ေဂါပကအဖဲြ႕၀င္မ်ားအ သက္အရြယ္ သတ္မွတ္မႈ၊ ဖဲြ႕စည္း မႈ၊ ယင္းဘုရားမ်ားေပၚတြင္ လုပ္ ကိုင္ေနသည့္ လုပ္ငန္းမ်ားသည္ ခ်မွတ္ထားသည့္ စည္းမ်ဥ္းမ်ားႏွင့္ အညီ ကိုက္ညီမႈရွိ၊ မရွိ စသည္တုိ႔ အပါအ၀င္ အျခားအခ်က္မ်ား လည္း ပါ၀င္ၿပီး စစ္ေဆးျပဳျပင္မႈ မ်ား ျပဳလုပ္မည္ျဖစ္ေၾကာင္း သာ သနာေရးဦးစီးဌာန ၫႊန္ၾကားေရး မွဴး ဦးေအာင္ဆန္း၀င္းက ေျပာ သည္။ ေဂါပကစည္းမ်ဥ္းမ်ားမွာ အခ်က္ ၇၀ ေက်ာ္ရွိၿပီး ဘုရားတစ္ ဆူႏွင့္တစ္ဆူ ခ်မွတ္ထားသည့္ စည္းမ်ဥ္းမ်ား မတူညီေၾကာင္း ၎က ဆုိသည္။

‘‘တျဖည္းျဖည္းခ်င္း ျပဳျပင္ ေျပာင္းလဲသြားမယ္။ အဓိကက ဦးစားေပးလုပ္ငန္းစဥ္ေပၚမူတည္ တာေပါ့။ တကယ္အေရးႀကီးတဲ့ ဘုရားေတြကို ဦးစားေပးလုပ္မယ္။ ၿပီးေတာ့ တစ္ႏုိင္ငံလုံးဘုရားေတြ ကို မလုပ္ဘူးမဟုတ္ဘူး၊ လုပ္မွာ’’ ဟု ဦးဇာနည္၀င္းက ေျပာသည္။

ဘုရားဖူး ျပည္သူမ်ား စိတ္ခ်မ္းသာမႈ ရရွိေစရန္မူတည္ ဦး စားေပး၍ သက္ဆုိင္ရာတုိင္းေဒ သႀကီး၊ ျပည္နယ္အစိုးရ၊ သက္ ဆုိင္ရာ သာသနာေရးမွဴးမ်ားႏွင့္ ညႇိႏႈိင္း၍ ဥပေဒမူေဘာင္အတြင္း မွ ေဆာင္ရြက္မည္ဟု ၎ကေျပာသည္။

ေရႊတိဂုံ၊ ဆူးေလ၊ ဗိုလ္တ ေထာင္ ေစတီေတာ္ျမတ္မ်ားတြင္ ေရာင္းခ်ေနသည့္ ဘုရားပန္းအပါ အ၀င္ လွဴဒါန္းရသည့္ ပစၥည္းမ်ား သည္ ျပင္ပထက္ ေစ်းပိုေပးရ ေၾကာင္း အဆုိပါ ဘုရားမ်ားသို႔ ဖူးေျမာ္ဖူးသူ အသက္(၄၀) ေက်ာ္ အရြယ္ အမ်ဳိးသားတစ္ဦးက ေျပာ ၾကားသည္။

လက္ရွိတြင္ ေရႊတိဂုံ၊ က်ဳိက္ ထီး႐ိုးေဂါပကအဖဲြ႕အစည္းမ်ားကို လည္း ယာယီေဂါပကအျဖစ္ ဖဲြ႕ စည္းထားၿပီး ေဂါပကစည္းမ်ဥ္း အသစ္မ်ားလည္း ေရးဆဲြထားကာ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ုံးသို႔ တင္ျပအႀကံဉာဏ္ေတာင္းခံထား ေၾကာင္း ၎ကေျပာသည္။

က်ဳိက္ထီး႐ိုးဆံေတာ္ရွင္ေစ တီေတာ္ ပရိ၀ုဏ္ႏွင့္ ဆက္စပ္ ဧရိ ယာအတြင္း ေဆာင္ရြက္ေနေသာ စီးပြားေရးလုပ္ငန္းမ်ားကို ဥပေဒ ႏွင့္အညီ ေဆာင္ရြက္ၾကရန္ႏွင့္ လုိက္နာရန္ ပ်က္ကြက္ပါက ဥပေဒႏွင့္အညီ အေရးယူေဆာင္ရြက္ မည္ဟု သာသနာေရးဦးစီးဌာနက သတင္းထုတ္ျပန္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်သူများ (ဓာတ်ပုံ − စိုင်းဇော်)

 မြန်မာနိုင်ငံရှိ ဘုရားစေတီများတွင် ဂေါပက စည်းမျဉ်းစည်းကမ်းများနှင့် မကိုက်ညီသည့် စီးပွားရေးလုပ်ငန်းများကို ပြုပြင်ပြောင်းလဲမည်ဖြစ်ပြီး ထင်ရှားကျော်ကြားသည့် တန်ခိုးကြီး ဘုရားများကို ဦးစားပေးဆောင်ရွက်မည်ဟု သာသနာရေးဦးစီး ဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းက ပြောကြားသည်။

‘‘ကျိုက်ထီးရိုးပြီးရင် ဗိုလ် တထောင်တို့၊ ဆူးလေတို့ လာမှာ ပေါ့။ နောက် ပြည်နယ်နဲ့ တိုင်းက တန်ခိုးကြီးဘုရားတွေလည်း လာ မှာပေါ့။ သူ့အစီအစဉ်အတိုင်းသွားမှာပါ’’ဟု ဦးဇာနည်ဝင်းက ပြော သည်။

ဂေါပကစည်းမျဉ်းစည်းကမ်း များတွင် ဂေါပကအဖွဲ့ဝင်များအ သက်အရွယ် သတ်မှတ်မှု၊ ဖွဲ့စည်း မှု၊ ယင်းဘုရားများပေါ်တွင် လုပ် ကိုင်နေသည့် လုပ်ငန်းများသည် ချမှတ်ထားသည့် စည်းမျဉ်းများနှင့် အညီ ကိုက်ညီမှုရှိ၊ မရှိ စသည်တို့ အပါအဝင် အခြားအချက်များ လည်း ပါဝင်ပြီး စစ်ဆေးပြုပြင်မှု များ ပြုလုပ်မည်ဖြစ်ကြောင်း သာ သနာရေးဦးစီးဌာန ညွှန်ကြားရေး မှူး ဦးအောင်ဆန်းဝင်းက ပြော သည်။ ဂေါပကစည်းမျဉ်းများမှာ အချက် ၇၀ ကျော်ရှိပြီး ဘုရားတစ် ဆူနှင့်တစ်ဆူ ချမှတ်ထားသည့် စည်းမျဉ်းများ မတူညီကြောင်း ၎င်းက ဆိုသည်။

‘‘တဖြည်းဖြည်းချင်း ပြုပြင် ပြောင်းလဲသွားမယ်။ အဓိကက ဦးစားပေးလုပ်ငန်းစဉ်ပေါ်မူတည် တာပေါ့။ တကယ်အရေးကြီးတဲ့ ဘုရားတွေကို ဦးစားပေးလုပ်မယ်။ ပြီးတော့ တစ်နိုင်ငံလုံးဘုရားတွေ ကို မလုပ်ဘူးမဟုတ်ဘူး၊ လုပ်မှာ’’ ဟု ဦးဇာနည်ဝင်းက ပြောသည်။

ဘုရားဖူး ပြည်သူများ စိတ်ချမ်းသာမှု ရရှိစေရန်မူတည် ဦး စားပေး၍ သက်ဆိုင်ရာတိုင်းဒေ သကြီး၊ ပြည်နယ်အစိုးရ၊ သက် ဆိုင်ရာ သာသနာရေးမှူးများနှင့် ညှိနှိုင်း၍ ဥပဒေမူဘောင်အတွင်း မှ ဆောင်ရွက်မည်ဟု ၎င်းကပြောသည်။

ရွှေတိဂုံ၊ ဆူးလေ၊ ဗိုလ်တ ထောင် စေတီတော်မြတ်များတွင် ရောင်းချနေသည့် ဘုရားပန်းအပါ အဝင် လှူဒါန်းရသည့် ပစ္စည်းများ သည် ပြင်ပထက် ဈေးပိုပေးရ ကြောင်း အဆိုပါ ဘုရားများသို့ ဖူးမြော်ဖူးသူ အသက်(၄၀) ကျော် အရွယ် အမျိုးသားတစ်ဦးက ပြော ကြားသည်။

လက်ရှိတွင် ရွှေတိဂုံ၊ ကျိုက် ထီးရိုးဂေါပကအဖွဲ့အစည်းများကို လည်း ယာယီဂေါပကအဖြစ် ဖွဲ့ စည်းထားပြီး ဂေါပကစည်းမျဉ်း အသစ်များလည်း ရေးဆွဲထားကာ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ တင်ပြအကြံဉာဏ်တောင်းခံထား ကြောင်း ၎င်းကပြောသည်။

ကျိုက်ထီးရိုးဆံတော်ရှင်စေ တီတော် ပရိဝုဏ်နှင့် ဆက်စပ် ဧရိ ယာအတွင်း ဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်းများကို ဥပဒေ နှင့်အညီ ဆောင်ရွက်ကြရန်နှင့် လိုက်နာရန် ပျက်ကွက်ပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် မည်ဟု သာသနာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top